Quran Apps in many lanuages:

Surah Al-Qalam Ayahs #30 Translated in Burmese

فَلَمَّا رَأَوْهَا قَالُوا إِنَّا لَضَالُّونَ
သို့ရာတွင် ၎င်းတို့သည် ယင်းဥယျာဉ်ကို မြင်တွေ့ကြလေသောအခါ (ဤသို့)ပြောဆိုကြလေ၏။ ဧကန်စင်စစ် ကျွန်ုပ်တို့သည် လမ်းမှားခဲ့ကြလေပြီ။
بَلْ نَحْنُ مَحْرُومُونَ
ထိုသို့ အလျင်းမဟုတ်၊ စင်စစ်မှာကား ကျွန်ုပ်တို့သည် အကြောင်းမလှသူများ၊ လက်မဲ့ဖြစ်စေခြင်း ခံကြရသူများ၊ ဖြစ်ကြရလေပြီ။
قَالَ أَوْسَطُهُمْ أَلَمْ أَقُلْ لَكُمْ لَوْلَا تُسَبِّحُونَ
၎င်းတို့အနက် အလယ်အလတ်၊ အကောင်းဆုံး၊ဖြစ်သူက "ကျွန်ုပ် အသင်တို့အား (စောစောကပင် သတိပေးစကား) ပြောကြားခဲ့သည်မဟုတ်လော။ (သို့ဖြစ်ပေရာ ယခု)အသင်တို့သည် မည်သည့်အတွက်ကြောင့် (အလ္လာဟ်အရှင်မြတ်) စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုခြင်းမပြုကြပါသနည်း" ဟု ပြောဆိုခဲ့လေ၏။
قَالُوا سُبْحَانَ رَبِّنَا إِنَّا كُنَّا ظَالِمِينَ
(ထိုအခါ) ၎င်းတို့က ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် စင်ကြယ် သန့်ရှင်းတော်မူပါ၏။ ဧကန်မလွဲ ကျွန်တော်မျိုးတို့သည်သာလျှင် မတရားသောသူများ ဖြစ်ကြပါသည်ဟု မြွက်ဆိုခဲ့ကြကုန်၏။
فَأَقْبَلَ بَعْضُهُمْ عَلَىٰ بَعْضٍ يَتَلَاوَمُونَ
ထို့နောက် ၎င်းတို့သည် မိမိတို့အချင်းချင်း တစ်ဦးကတစ်ဦးအား ပြစ်တင်ကဲ့ရဲ့ ရှုတ်ချလျက် တစ်ဦးဘက်သို့တစ်ဦး လှည့်ခဲ့လေ၏။

Choose other languages: