Quran Apps in many lanuages:

Surah Al-Muzzammil Ayahs #14 Translated in Burmese

وَاصْبِرْ عَلَىٰ مَا يَقُولُونَ وَاهْجُرْهُمْ هَجْرًا جَمِيلًا
ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့၏ပြောဆိုချက်များ နှင့်စပ်လျဉ်း၍ သည်းခံ၍နေပါလေ။ထို့ပြင် အသင်သည် ၎င်းတို့ထံမှ ကောင်းမွန်လှပစွာ ကင်းလွတ်၍နေပါလေ။ ၎င်းတို့အား (ကောင်းမွန်စွာ) စွန့်ထားပါလေ။
وَذَرْنِي وَالْمُكَذِّبِينَ أُولِي النَّعْمَةِ وَمَهِّلْهُمْ قَلِيلًا
၎င်းပြင် အသင်သည် ငါအရှင်မြတ်အားလည်းကောင်း၊ မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သော စည်းစိမ်ရှင်တို့အားလည်းကောင်း၊ လွှတ်ထားပါလေ။ ထို့ပြင် အသင်သည် ၎င်းတို့အား အနည်းငယ် ရွှေ့ဆိုင်း၍ ထားပါလေ။
إِنَّ لَدَيْنَا أَنْكَالًا وَجَحِيمًا
ဧကန်မလွဲ ငါအရှင်မြတ်အထံတော်၌ သံခြေချင်းများသည်လည်းကောင်း၊ "ဂျဟန္နမ်"ငရဲသည်လည်းကောင်း၊
وَطَعَامًا ذَا غُصَّةٍ وَعَذَابًا أَلِيمًا
လည်မျို၌ တစ်ဆို့၍နေအံ့သော အစားအစာသည်လည်းကောင်း၊ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ် သည်လည်းကောင်း၊ ရှိ၏။
يَوْمَ تَرْجُفُ الْأَرْضُ وَالْجِبَالُ وَكَانَتِ الْجِبَالُ كَثِيبًا مَهِيلًا
အကြင်နေ့တွင်(ထိုနေ့တွင်)ကမ္ဘာမြေသည်လည်းကောင်း၊ တောင်များသည်လည်းကောင်း၊ တုန်လှုပ်သွားကြပေမည်။ ထိုမှတစ်ပါး တောင်များသည် ရွေ့လျားလွင့်ပါးလျက်ရှိသော သဲသောင်များပင် ဖြစ်သွားကြပေမည်။

Choose other languages: