Quran Apps in many lanuages:

Surah Al-Muzzammil Ayahs #17 Translated in Burmese

وَطَعَامًا ذَا غُصَّةٍ وَعَذَابًا أَلِيمًا
လည်မျို၌ တစ်ဆို့၍နေအံ့သော အစားအစာသည်လည်းကောင်း၊ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ် သည်လည်းကောင်း၊ ရှိ၏။
يَوْمَ تَرْجُفُ الْأَرْضُ وَالْجِبَالُ وَكَانَتِ الْجِبَالُ كَثِيبًا مَهِيلًا
အကြင်နေ့တွင်(ထိုနေ့တွင်)ကမ္ဘာမြေသည်လည်းကောင်း၊ တောင်များသည်လည်းကောင်း၊ တုန်လှုပ်သွားကြပေမည်။ ထိုမှတစ်ပါး တောင်များသည် ရွေ့လျားလွင့်ပါးလျက်ရှိသော သဲသောင်များပင် ဖြစ်သွားကြပေမည်။
إِنَّا أَرْسَلْنَا إِلَيْكُمْ رَسُولًا شَاهِدًا عَلَيْكُمْ كَمَا أَرْسَلْنَا إِلَىٰ فِرْعَوْنَ رَسُولًا
ဧကန်စင်စစ် ငါအရှင်မြတ်သည် ဖစ်ရ်အောင်န်၏ထံသို့ ရစူလ်တမန်တော်တစ်ပါး စေလွှတ်တော်မူဘိသကဲ့သို့ပင် အသင်တို့ထံသို့လည်း ရစူလ်တမန်တော်တစ်ပါးအား အသင်တို့အပေါ်၌ သက်သေအဖြစ် စေလွှတ်တော်မူ၏။
فَعَصَىٰ فِرْعَوْنُ الرَّسُولَ فَأَخَذْنَاهُ أَخْذًا وَبِيلًا
ထိုအခါ ဖစ်ရ်အောင်န်သည် ထိုရစူလ်တမန်တော်မြတ်အား ဖီဆန်ခဲ့ရာ ငါအရှင်မြတ်သည် ၎င်းအား ပြင်းထန်စွာ ဖမ်းဆီးအရေးယူတော်မူခဲ့၏။
فَكَيْفَ تَتَّقُونَ إِنْ كَفَرْتُمْ يَوْمًا يَجْعَلُ الْوِلْدَانَ شِيبًا
သို့ဖြစ်ပေရာ အသင်တို့သည် အကြင်နေ့(၏ဘေးဒုက္ခ)မှ မည်ကဲ့သို့ ကင်းလွတ်ကြမည်နည်း။ ထိုနေ့သည် ကလေးသူငယ်တို့အား ဇရာအိုများအဖြစ်သို့ပင် ရောက်စေမည်။

Choose other languages: