Quran Apps in many lanuages:

Surah Al-Mursalat Ayahs #17 Translated in Burmese

لِيَوْمِ الْفَصْلِ
စီရင်ဆုံးဖြတ်မည့် နေ့သို့ (ရွှေ့ဆိုင်းခြင်းခံခဲ့ရလေ၏။)
وَمَا أَدْرَاكَ مَا يَوْمُ الْفَصْلِ
စင်စစ်သော်ကား (အို-နဗီတမန်တော်)၊ စီရင်ဆုံးဖြတ်မည့်နေ့သည် အဘယ်နည်းဟူ၍ အသင်သိပါသလော။
وَيْلٌ يَوْمَئِذٍ لِلْمُكَذِّبِينَ
ထိုနေ့တွင်မူကား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (အကြီးအကျယ်) ပျက်စီးမှုသည် ရှိချေအံ့သတည်း။
أَلَمْ نُهْلِكِ الْأَوَّلِينَ
ငါအရှင်မြတ်သည် ရှေးသူဟောင်းတို့အား ပျက်စီးစေတော်မူခဲ့သည် မဟုတ်လော။
ثُمَّ نُتْبِعُهُمُ الْآخِرِينَ
ထို့နောက်တစ်ဖန် ငါအရှင်မြတ်သည် နောင်လာနောက်သားတို့အားလည်း ထိုရှေးသူဟောင်းတို့၏ နောက်သို့ပင် လိုက်စေတော်မူမည်ဖြစ်၏။

Choose other languages: