Quran Apps in many lanuages:

Surah Al-Mumenoon Ayahs #47 Translated in Burmese

مَا تَسْبِقُ مِنْ أُمَّةٍ أَجَلَهَا وَمَا يَسْتَأْخِرُونَ
မည်သည့်အုပ်စုမျှပင် မိမိတို့နှင့်ပတ်သက်၍ သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလထက် စောနိုင်သည်လည်းမဟုတ်ပေ။ နောက်ကျနိုင်သည်လည်းမဟုတ်ချေ။
ثُمَّ أَرْسَلْنَا رُسُلَنَا تَتْرَىٰ ۖ كُلَّ مَا جَاءَ أُمَّةً رَسُولُهَا كَذَّبُوهُ ۚ فَأَتْبَعْنَا بَعْضَهُمْ بَعْضًا وَجَعَلْنَاهُمْ أَحَادِيثَ ۚ فَبُعْدًا لِقَوْمٍ لَا يُؤْمِنُونَ
ထို့နောက် ငါအရှင်မြတ်သည် မိမိရစူလ်တမန်တော်များအား တစ်ပါးပြီးတစ်ပါး စေလွှတ်တော်မူခဲ့၏။ မည်သည့်အခါမျိုးမဆို အုပ်စုတစ်စု၏ထံသို့ ၎င်း၏ ရစူလ်တမန်တော်သည်(ပွင့်)ရောက်ခဲ့ပါလျှင် ယင်းအုပ်စုသည် ထိုရစူလ်တမန်တော်အား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသည်သာ။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့အား တစ်ဦး၏နောက်သို့ တစ်ဦးကို လိုက်စေတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား(တရားရဖွယ်ရာအကြောင်းများ) ပြုလုပ်တော်မူခဲ့ ၏။ သို့ဖြစ်ပေရာ သက်ဝင် ယုံကြည်ခြင်းမရှိသောသူတို့သည် (ကရုဏာတော်မှ) ကင်းဝေးခဲ့ကြရလေသတည်း။
ثُمَّ أَرْسَلْنَا مُوسَىٰ وَأَخَاهُ هَارُونَ بِآيَاتِنَا وَسُلْطَانٍ مُبِينٍ
ထို့နောက် ငါအရှင်မြတ်သည် (နဗီတမန်တော်) မူစာအားလည်းကောင်း၊ ထို(နဗီတမန်တော်)မူစာ၏နောင်တော် (နဗီတမန်တော်)ဟာရုန်အားလည်းကောင်း၊ မိမိ အမိန့်ပညတ်တော်များနှင့် ထင်ရှားလှစွာသော သက်သေသာဓကနှင့်တကွ စေလွှတ်တော်မူခဲ့၏။
إِلَىٰ فِرْعَوْنَ وَمَلَئِهِ فَاسْتَكْبَرُوا وَكَانُوا قَوْمًا عَالِينَ
ဖစ်ရ်အောင်န်၏ထံသို့လည်းကောင်း၊ ထိုဖစ်ရ်အောင်န်၏ မှူးမတ်တို့ထံသို့လည်းကောင်း၊ သို့ရာတွင် ၎င်းတို့သည် မောက်မာခဲ့ကြကုန်၏။ စင်စစ် ၎င်းတို့သည် (ရှေးဦးမဆွကပင်) မောက်မာသူများ ဖြစ်ခဲ့ကြကုန်၏။
فَقَالُوا أَنُؤْمِنُ لِبَشَرَيْنِ مِثْلِنَا وَقَوْمُهُمَا لَنَا عَابِدُونَ
သို့အတွက်ကြောင့်ပင် ၎င်းတို့သည်(ဤသို့) ပြောဆိုခဲ့ကြကုန်၏။ ကျွန်ုပ်တို့သည် မိမိတို့ကဲ့သို့သော လူသားနှစ်ဦးကိုပင် ယုံကြည်ကြရမည်လော။ စင်စစ်သော်ကား ၎င်းတို့နှစ်ဦး၏အမျိုးသားတို့မှာ ကျွန်ုပ်တို့၏လက်အောက်ခံ ကျေးကျွန်များပင် ဖြစ်ကြကုန်၏။

Choose other languages: