Quran Apps in many lanuages:

Surah Al-Mumenoon Ayahs #43 Translated in Burmese

قَالَ رَبِّ انْصُرْنِي بِمَا كَذَّبُونِ
(ထိုအခါ) ထိုရစူလ်တမန်တော်က အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူသောအရှင်မြတ်၊ ၎င်းတို့သည် ကျွန်တော်မျိုးအား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြပေရာ၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ကူညီစောင်မတော်မူပါဟု လျှောက် ထားပန်ကြားခဲ့လေသည်။
قَالَ عَمَّا قَلِيلٍ لَيُصْبِحُنَّ نَادِمِينَ
(ထိုအခါ) ထိုအရှင်မြတ်က (အို-နဗီတမန်တော်) ၎င်းတို့သည် အမှန်ပင် မကြာမြင့်မီကာလအတွင်း နောင်တရ မည့်သူများဖြစ်ကြသည်ဟု မိန့်ကြားတော်မူခဲ့လေ၏။
فَأَخَذَتْهُمُ الصَّيْحَةُ بِالْحَقِّ فَجَعَلْنَاهُمْ غُثَاءً ۚ فَبُعْدًا لِلْقَوْمِ الظَّالِمِينَ
ထို့နောက် အလွန်ပြင်းထန် ကျယ်လောင်စွာသောအသံသည် မှန်ကန်သောချိန်းဆိုချက်နှင့်အညီ ၎င်းတို့အား ဖမ်းဆီးကွပ်မျက်ခဲ့လေသည်။ ထိုအခါ ငါအရှင်မြတ်သည် ၎င်းတို့ အား အမှိုက်သရိုက်များ(ကဲ့သို့)ချေမှုန်းတော်မူခဲ့၏။ သို့ဖြစ်ပေရာ မတရားကျူးလွန်သော(ထို)အမျိုးသားတို့မှာ(ကရုဏာတော် မှ) ကင်းဝေးခဲ့ကြရကုန်သတည်း။
ثُمَّ أَنْشَأْنَا مِنْ بَعْدِهِمْ قُرُونًا آخَرِينَ
ထို့နောက် ငါအရှင်မြတ်သည် ၎င်းတို့၏ နောက်တွင် အခြားသော မျိုးနွယ်တို့ကို ဖန်ဆင်းတော်မူခဲ့၏။
مَا تَسْبِقُ مِنْ أُمَّةٍ أَجَلَهَا وَمَا يَسْتَأْخِرُونَ
မည်သည့်အုပ်စုမျှပင် မိမိတို့နှင့်ပတ်သက်၍ သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလထက် စောနိုင်သည်လည်းမဟုတ်ပေ။ နောက်ကျနိုင်သည်လည်းမဟုတ်ချေ။

Choose other languages: