Quran Apps in many lanuages:

Surah Al-Mumenoon Ayahs #117 Translated in Burmese

قَالُوا لَبِثْنَا يَوْمًا أَوْ بَعْضَ يَوْمٍ فَاسْأَلِ الْعَادِّينَ
(ထိုအခါ) ၎င်းတို့က ကျွန်တော်မျိုးတို့သည် တစ်နေ့တိတိသော်လည်းကောင်း၊ တစ်နေ့လျော့လျော့သော်လည်းကောင်း၊ နေခဲ့ကြပါသည်။ သို့ပါ၍ အရှင်မြတ်သည် ရေတွက်သူ(များဖြစ်ကြသော "မလာအိကဟ်" ကောင်းကင်တမန်) တို့ အား မေးမြန်း၍ ကြည့်တော်မူပါဟု လျှောက်ထားကြပေမည်။
قَالَ إِنْ لَبِثْتُمْ إِلَّا قَلِيلًا ۖ لَوْ أَنَّكُمْ كُنْتُمْ تَعْلَمُونَ
(ထိုအခါ)ထိုအရှင်မြတ်က(ဤသို့)မိန့်ကြားတော်မူမည်။ အသင်တို့သည် (ကမ္ဘာမြေဝယ်) အနည်းငယ်မျှသာ ကြာမြင့်ခဲ့ကြပေသည်။ အကယ်၍သာ (ဤသည်ကို) အသင်တို့သည် (ယခင်ကပင်) သိရှိခဲ့ကြလျှင် ကောင်းလေစွတကား။
أَفَحَسِبْتُمْ أَنَّمَا خَلَقْنَاكُمْ عَبَثًا وَأَنَّكُمْ إِلَيْنَا لَا تُرْجَعُونَ
အသင်တို့သည် မိမိတို့အား ငါအရှင်မြတ်က အချည်းနှီး အကျိုးမဲ့သာ ဖန်ဆင်းတော်မူခဲ့သည် ဟူ၍လည်းကောင်း၊ အသင်တို့သည် ငါအရှင်မြတ်အထံတော်သို့ ပြန်လည်ရောက်ရှိကြရမည် မဟုတ်ဟူ၍လည်းကောင်း၊ ထင်မှတ်ခဲ့ကြလေသလော။
فَتَعَالَى اللَّهُ الْمَلِكُ الْحَقُّ ۖ لَا إِلَٰهَ إِلَّا هُوَ رَبُّ الْعَرْشِ الْكَرِيمِ
စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ယင်းကဲ့သို့ အချည်းနှီး ပြုလုပ်တော်မူခြင်းမှ) လုံးဝကင်းစင် မြင့်မြတ်လှတော်မူသော၊ ဘုရင်မင်းမြတ် အစစ်အမှန် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာ အရှင်ဟူ၍ အလျှင်းမရှိပြီ။ (ထိုအရှင်မြတ်သည်) မြင့်မြတ်လှစွာသော "အရ်ရှ်" ပလ္လင်တော်ကို စိုးပိုင်တော် မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَمَنْ يَدْعُ مَعَ اللَّهِ إِلَٰهًا آخَرَ لَا بُرْهَانَ لَهُ بِهِ فَإِنَّمَا حِسَابُهُ عِنْدَ رَبِّهِ ۚ إِنَّهُ لَا يُفْلِحُ الْكَافِرُونَ
စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်၍ အကြောင်းမဲ့၊ အထောက်အထားမဲ့၊ အခြားကိုးကွယ်ရာ တစ်စုံတစ်ရာကို ဟစ်ခေါ် ဆည်းကပ်ကိုးကွယ်သည်ရှိသော်၊ ထိုသူအား စစ်ဆေးရန်မှာ ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် အထံတော်၌သာလျှင် ရှိပေသည်။ မလွဲဧကန် ကာဖိရ် သွေဖည် ငြင်းပယ်သော သူတို့ကား အောင်မြင်မှု ရရှိကြမည် မဟုတ်ပေ။

Choose other languages: