Quran Apps in many lanuages:

Surah Al-Maeda Ayahs #29 Translated in Burmese

قَالَ رَبِّ إِنِّي لَا أَمْلِكُ إِلَّا نَفْسِي وَأَخِي ۖ فَافْرُقْ بَيْنَنَا وَبَيْنَ الْقَوْمِ الْفَاسِقِينَ
ထိုရောအခါဝယ် (နဗီတမန်တော်) မူစာက “အို- ကျွန်တော်မျိုး၏အရှင်မြတ်၊ ကျွန်တော်မျိုးသည် မိမိကိုယ်နှင့် မိမိ၏နောင်တော် (နဗီတမန်ဟာရွန်) မှတစ်ပါး အခြား မည်သူ့အပေါ်၌မျှ အခွင့်အာဏာ ပိုင်ဆိုင်သည်မရှိပါ။ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်တော်မျိုးနှင့် (ဤ) စည်းကမ်းဖောက်ဖျက် သွေဖည်ငြင်းဆန်သော လူမျိုးတို့၏စပ်ကြားတွင် အဆုံးအဖြတ်ပေးတော်မူပါ”ဟု လျှောက်ထားပန်ကြားခဲ့လေသည်။
قَالَ فَإِنَّهَا مُحَرَّمَةٌ عَلَيْهِمْ ۛ أَرْبَعِينَ سَنَةً ۛ يَتِيهُونَ فِي الْأَرْضِ ۚ فَلَا تَأْسَ عَلَى الْقَوْمِ الْفَاسِقِينَ
ထိုအခါဝယ် (အလ္လာဟ်အရှင်မြတ်ကမူ) “သို့ဖြစ်လျှင် ဧကန်စင်စစ် ထို (နယ်) မြေသည် ၎င်းတို့အဖို့ နှစ်ပေါင်းလေးဆယ်တိုင်တိုင် ‘ဟရာမ်’ မြစ်တားထားပြီးဖြစ်ချေပြီ။ ၎င်းတို့သည် (ဤ သိနကျွန်းစွယ်၏ နယ်) မြေ၌ပင် တဝဲလည်လည် ဖြစ်ကြလတ္တံ့။ သို့ဖြစ်ပေရာ အသင် (နဗီတမန်တော်မူစာ) သည် (ဤ) စည်းကမ်းဖောက်ဖျက် အမိန့်တော်ကိုသွေဖည်ငြင်းဆန်သော လူမျိုးနှင့်ပတ်သက်၍ (လုံးဝ) ပူဆွေးဝမ်းနည်းခြင်း မရှိပါလေနှင့်” ဟု မိန့်ကြားတော်မူခဲ့လေသတည်း။
وَاتْلُ عَلَيْهِمْ نَبَأَ ابْنَيْ آدَمَ بِالْحَقِّ إِذْ قَرَّبَا قُرْبَانًا فَتُقُبِّلَ مِنْ أَحَدِهِمَا وَلَمْ يُتَقَبَّلْ مِنَ الْآخَرِ قَالَ لَأَقْتُلَنَّكَ ۖ قَالَ إِنَّمَا يَتَقَبَّلُ اللَّهُ مِنَ الْمُتَّقِينَ
၎င်းပြင် (အို -နဗီတမန်တော်) အသင်သည် ထိုသူတို့အား အာဒမ်၏ သားတော်နှစ်ဦး၏အကြောင်း မှန်ကန်စွာပြောပြပါလေ။ တစ်ရံရော အခါ ထိုသားတော်နှစ်ဦးသည် (အလ္လာဟ်အရှင်မြတ်အားရည်စူး၍) တစ်စုံတစ်ရာအလှူဝတ္ထုကို ပူဇော်သက္ကာရပြုကြလေရာ ၎င်းတို့နှစ်ဦးအနက် တစ်ဦး (ဖြစ်သော ညီတော်ဟာဗီလ်) ၏ ပူဇော်သက္ကာရ ဝတ္ထုပစ္စည်းသည် (အလ္လာဟ်အရှင်မြတ်) ၏ သဘောတူတော်မူခြင်းခံရပြီး အခြားတစ်ဦး (ဖြစ်သောနောင်တော် ကာဗီလ်) ၏ ပူဇော်သက္ကာရ ဝတ္ထုပစ္စည်းမှာမူ (အလ္လာဟ်အရှင်မြတ်၏) သဘောတူတော်မူခြင်းကို ခံခဲ့ရသည်မရှိချေ။ (သို့ဖြစ်ပေရာ ကာဗီလ်က ဟာဗီလ်အား) ‘ငါသည် အသင့်ကို မုချသတ်မည်” ဟုပြောဆိုခဲ့၏။ (ဟာဗီလ်က) “အလ္လာဟ်အရှင်မြတ်သည် သူတော်စင်များ၏ထံမှသာလျှင် (ပူဇော်သက္ကာရများကို) သဘောတူလက်ခံတော်မူပေသည်” ဟု ပြောကြားလေသည်။
لَئِنْ بَسَطْتَ إِلَيَّ يَدَكَ لِتَقْتُلَنِي مَا أَنَا بِبَاسِطٍ يَدِيَ إِلَيْكَ لِأَقْتُلَكَ ۖ إِنِّي أَخَافُ اللَّهَ رَبَّ الْعَالَمِينَ
အသင်သည် အကယ်၍ ကျွန်ုပ်အားသတ်ဖြတ်ရန် မိမိလက်ကိုလှမ်းခဲ့အံ့ငြားလည်း ကျွန်ုပ်သည် အသင့်အားသတ်ဖြတ်ရန် အသင့်ဘက်သို့ ကျွန်ုပ်၏လက်ကို လှမ်းမည်မဟုတ်ပေ။ ဧကန်စင်စစ် ကျွန်ုပ်သည် စကြာဝဠာခပ်သိမ်းတို့ကို မွေးမြူဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သောကြောင့်ပင်တည်း။”
إِنِّي أُرِيدُ أَنْ تَبُوءَ بِإِثْمِي وَإِثْمِكَ فَتَكُونَ مِنْ أَصْحَابِ النَّارِ ۚ وَذَٰلِكَ جَزَاءُ الظَّالِمِينَ
“ဧကန်စင်စစ် ကျွန်ုပ် (အားသတ်ဖြတ်ခြင်း) ၏အပြစ်ကိုလည်းကောင်း၊ အသင်၏ (ယခင်) အပြစ်ကိုလည်းကောင်း အသင်သာလျှင် (မိမိပခုံးဖြင့်) ထမ်းဆောင်၍ ပြန်သွားရန် ကျွန်ုပ်ရည်စူး၏။ ထို့နောက် အသင်သည် ငရဲသားတို့တွင် အပါအဝင်ဖြစ်ချေမည်။ အမှန်စင်စစ် ဤသည်သာလျှင် မတော်မတရားပြုမူသောသူတို့၏ အကျိုးတည်း။”

Choose other languages: