Quran Apps in many lanuages:

Surah Al-Maarij Ayahs #23 Translated in Burmese

إِنَّ الْإِنْسَانَ خُلِقَ هَلُوعًا
စင်စစ်ဧကန် "မနုဿ" လူသားမှာ လွန်စွာစိတ်စောသူ၊ သည်းမခံနိုင်သောသူအဖြစ် ဖန်ဆင်းခြင်းကို ခံခဲ့ရလေ၏။
إِذَا مَسَّهُ الشَّرُّ جَزُوعًا
၎င်း၌ ဘေးဒုက္ခသက်ရောက်သောအခါ လွန်စွာ ညည်းညူတတ်သူ ဖြစ်၏။
وَإِذَا مَسَّهُ الْخَيْرُ مَنُوعًا
သို့ရာတွင် ၎င်း၌ ချောင်လည်မှု ကောင်းစားမှု သက်ရောက်သောအခါ လွန်စွာ တွန့်တိုစေးနှဲတတ်သူ ဖြစ်၏။
إِلَّا الْمُصَلِّينَ
သို့ရာတွင် "ဆွလာတ်" ဝတ်ပြုသူတို့မှာမူ ကား(ထိုကဲ့သို့ မဟုတ်ကြချေ။)
الَّذِينَ هُمْ عَلَىٰ صَلَاتِهِمْ دَائِمُونَ
အကြင်("ဆွလာတ်" ဝတ်ပြုသူ)တို့သည် မိမိတို့၏"ဆွလာတ်"ဝတ်ပြုမှုပေါ်၌ စွဲမြဲလျက် ရှိကြကုန်၏။

Choose other languages: