Quran Apps in many lanuages:

Surah Al-Lail Ayahs #20 Translated in Burmese

الَّذِي كَذَّبَ وَتَوَلَّىٰ
အကြင်(အကြောင်းမလှသော)သူသည် (နဗီတမန်တော်မြတ်အား) မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကာ(အီမာန်သက်ဝင် ယုံကြည်ခြင်းမှလည်း) မျက်နှာလွှဲခဲ့၏။
وَسَيُجَنَّبُهَا الْأَتْقَى
သို့ရာတွင် (အလ္လာဟ်အရှင်မြတ်အား) အလွန်ကြောက်ရွံ့ရိုသေ ခန့်ညားသောသူမှာမူကား ထို(ငရဲ) မီးမှကင်းဝေးစေခြင်း ကိုခံရပေမည်။
الَّذِي يُؤْتِي مَالَهُ يَتَزَكَّىٰ
အကြင် (ကြောက်ရွံ့ရိုသေခန့်ညားသော)သူသည် မိမိ သန့်ရှင်းစင်ကြယ်အံ့သောငှာ မိမိ ဥစ္စာပစ္စည်းကိုပေးကမ်းလှူဒါန်း၏။
وَمَا لِأَحَدٍ عِنْدَهُ مِنْ نِعْمَةٍ تُجْزَىٰ
၎င်း၏အပေါ်၌ ပြန်လည်ပေးဆပ်ရန် တစ်ဦးတစ်ယောက်၏ ကျေးဇူးတစ်စုံတစ်ရာမျှပင် မရှိပေ။
إِلَّا ابْتِغَاءَ وَجْهِ رَبِّهِ الْأَعْلَىٰ
မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ နှစ်သက်ကျေနပ်မှုကို ရယူရန် (ပေးကမ်း လှူဒါန်းခြင်း)သာဖြစ်၏။

Choose other languages: