Quran Apps in many lanuages:

Surah Al-Kahf Ayahs #98 Translated in Burmese

قَالُوا يَا ذَا الْقَرْنَيْنِ إِنَّ يَأْجُوجَ وَمَأْجُوجَ مُفْسِدُونَ فِي الْأَرْضِ فَهَلْ نَجْعَلُ لَكَ خَرْجًا عَلَىٰ أَنْ تَجْعَلَ بَيْنَنَا وَبَيْنَهُمْ سَدًّا
ယင်းလူမျိုးတို့က အို-ဇုလ်ကရ်နိုင်န်၊ ဧကန်မလွဲယအ်ဂျူဂျ်နှင့်မအ်ဂျူဂျ်တု့ိသည် ဤအရပ်ဒေသတွင် ဆူပူသောင်းကျန်းလုယက်တိုက်ခိုက် ဖျက်ဆီးသူများပင် ဖြစ်ကြပါသည်။ သို့ပါ၍ အသင်သည် ကျွန်ုပ်တို့နှင့်၎င်းတို့၏အကြားတွင်အကာအကွယ်တစ်ခုကို ပြုလုပ်ပေးပါ။ ကျွန်ုပ်တို့သည် အသင့်အား အခွန်အကောက်(လက်အောက်ခံကြေး)တစ်စုံတစ်ရာကို ပေးဆောင်ကြရပါမည်လောဟု ပြောဆိုကြ၏။
قَالَ مَا مَكَّنِّي فِيهِ رَبِّي خَيْرٌ فَأَعِينُونِي بِقُوَّةٍ أَجْعَلْ بَيْنَكُمْ وَبَيْنَهُمْ رَدْمًا
ယင်းဇုလ်ကရ်နိုင်န်က (၎င်းတို့အား ဤသို့ ပြောဆိုဖြေကြားခဲ့လေ၏။ (အချင်းတို့၊)ဤသည်နှင့်စပ်လျဉ်း၍ ကျွန်ုပ်၏အရှင်မြတ်က ကျွန်ုပ်အား ချီးမြှင့်တော်မူခဲ့သော စွမ်းအင်သည် ပင် အလွန်များပြားလှ၏။ သို့ဖြစ်ပေရာ အသင်တို့သည်ကျွန်ုပ် အား (မိမိတို့၏လုပ်အားဖြင့်သာ ကူညီကြလေကုန်။ကျွန်ုပ်သည် အသင်တို့နှင့် ၎င်းတို့၏အကြားဝယ် အလွန်ခိုင်ခံ့မြင့်မားသော တံတိုင်းကို ပြုလုပ်၍ပေးမည်။)
آتُونِي زُبَرَ الْحَدِيدِ ۖ حَتَّىٰ إِذَا سَاوَىٰ بَيْنَ الصَّدَفَيْنِ قَالَ انْفُخُوا ۖ حَتَّىٰ إِذَا جَعَلَهُ نَارًا قَالَ آتُونِي أُفْرِغْ عَلَيْهِ قِطْرًا
အသင်တို့သည် သံပြား များကိုသာ ကျွန်ုပ်ထံယူဆောင်ခဲ့ကြလေကုန်။ နောက်ဆုံးတွင် တောင်နှစ်လုံးထိပ်ဖျားနှစ်ခုအကြားတွင် (ယင်းသံပြားများကို)တညီတညွတ်တည်း ဖြစ်အောင် ပြုလုပ်ခဲ့သောအခါ ယင်းဇုလ်ကရ်နိုင်န်က (အချင်းတို့၊ယခု)အသင်တို့သည် ယပ်ခတ်လေမှုတ်ကြလေကုန်ဟု ပြောဆိုညွှန်ကြားခဲ့၏။ နောက်ဆုံးတွင် ယင်းသံပြားများကို(ရဲရဲတောက်) မီး(ခဲများ)ဖြစ်စေခဲ့သောအခါ(တစ်ဖန်)ယင်းဇုလ်ကရ်နိုင်န်က(အချင်းတို့)အသင်တို့သည်အရည်ကျိုထားသောကြေးနီကို ကျွန်ုပ်တို့ထံယူခဲ့ကြလေကုန်။ (ယင်းအရည်ကျိုထားသောကြေးနီကို) ဤ(ရဲရဲတောက်လျက်ရှိသော) သံပြားပေါ်၌ ကျွန်ုပ်သွန်းလောင်းအံ့ဟု ပြောဆိုခဲ့လေ၏။
فَمَا اسْطَاعُوا أَنْ يَظْهَرُوهُ وَمَا اسْتَطَاعُوا لَهُ نَقْبًا
ထို(တံတိုင်းကြီးကို ပြုလုပ်၍ ပြီးစီးသော) အခါထို(ယအ်ဂျူဂျ်နှင့်မအ်ဂျူဂျ်)တို့မှာ ယင်းတံတိုင်းကြီးကို ကျော်တက်ခြင်းကိုလည်းကောင်း၊ ဖောက်ထွင်း ခြင်းကိုလည်းကောင်း၊မပြုစွမ်းနိုင်ခဲ့ကြချေ။
قَالَ هَٰذَا رَحْمَةٌ مِنْ رَبِّي ۖ فَإِذَا جَاءَ وَعْدُ رَبِّي جَعَلَهُ دَكَّاءَ ۖ وَكَانَ وَعْدُ رَبِّي حَقًّا
ထိုအခါ ယင်းဇုလ်ကရ်နိုင်န်က ဤသည်ကားကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ကရုဏာတော်ပင်တည်း။ တစ်ဖန် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် ချိန်းချက်ထားတော်မူသော အချိန်ကာလဆိုက်ရောက်လာသောအခါ ထိုအရှင်မြတ်သည် ဤတံတိုင်းကို ဖြိုဖျက်တော်မူအံ့။ စင်စစ် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ချိန်းချက်မှုသည် မှန်ကန်သောချိန်းချက်မှုပင်ဖြစ်သည်ဟု ပြောကြားခဲ့လေသတည်း။

Choose other languages: