Quran Apps in many lanuages:

Surah Al-Kahf Ayahs #44 Translated in Burmese

فَعَسَىٰ رَبِّي أَنْ يُؤْتِيَنِ خَيْرًا مِنْ جَنَّتِكَ وَيُرْسِلَ عَلَيْهَا حُسْبَانًا مِنَ السَّمَاءِ فَتُصْبِحَ صَعِيدًا زَلَقًا
ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အသင်၏ဥယျာဉ်ထက် ပိုမိုကောင်းမြတ်သော(ဥယျာဉ်ကို) ကျွန်ုပ်အား ချီးမြှင့်ပေးသနားတော်မူ၍ (အသင်၏)ထိုဥယျာဉ်ပေါ်၌ မိုးကောင်ကင်မှ မိုးကြိုးလောင်မီးဘေးအန္တရာယ်တစ်စုံတစ်ရာကို ချတော်မူလတ္တံ့။ သို့ဖြစ်လျှင်(အသင်၏) ထိုဥယျာဉ်မှာချောမွတ်သော မြေပြင်တစ်ခုသာဖြစ်သွားအံ့တည်း။
أَوْ يُصْبِحَ مَاؤُهَا غَوْرًا فَلَنْ تَسْتَطِيعَ لَهُ طَلَبًا
သို့တည်းမဟုတ် (အသင်ဥယျာဉ်အနီး၌ရှိ သော)ချောင်းရေသည် (မြေကြီးအောက်သို့) နက်ဝင်သွားတန်ရာ၏။သို့ဖြစ်လျှင် အသင်သည် ထိုရေကို အလျှင်း ရှာဖွေ(ထုတ်ယူ)နိုင်မည် မဟုတ်ပေတကား။
وَأُحِيطَ بِثَمَرِهِ فَأَصْبَحَ يُقَلِّبُ كَفَّيْهِ عَلَىٰ مَا أَنْفَقَ فِيهَا وَهِيَ خَاوِيَةٌ عَلَىٰ عُرُوشِهَا وَيَقُولُ يَا لَيْتَنِي لَمْ أُشْرِكْ بِرَبِّي أَحَدًا
ထို့နောက်ထိုသူ၏ဥစ္စာပစ္စည်း(ခြံဥယျာဉ်စသည်)များသည် (ဘေးအန္တရာယ်များ၏)ဝန်းဝိုင်းခြင်းကို ခံခဲ့ရလေသည်။၎င်းပြင် ယင်းဥယျာဉ်မှာမူကား မိမိစင်များပေါ်၌ ပြိုကျသွားခဲ့၏။ သို့ဖြစ်ရာ ထိုသူသည် ယင်းဥယျာဉ်၌(မိမိ) သုံးစွဲခဲ့သော(စရိတ်ကြေးငွေအားလုံးဆုံးရှုံးပျက်ပြုန်းခဲ့)ရသည့်အတွက်(ဝမ်းနည်းသောအားဖြင့်) မိမိလက်ဝါး နှစ်ဖက်ကို ပွတ်သက်၍ ၎င်းအား ယိုင်းပင်းကူညီနိုင်သော အုပ်စုဟူ၍လည်း အလျှင်းမရှိခဲ့ပေ။ ထို့ပြင် ၎င်း(ကိုယ်တိုင်) လည်း (ယင်းပြစ်ဒဏ်မှလွတ်ကင်းအောင်)ကူညီကယ်ဆယ်နိုင်ခြင်း မရှိချေ။
وَلَمْ تَكُنْ لَهُ فِئَةٌ يَنْصُرُونَهُ مِنْ دُونِ اللَّهِ وَمَا كَانَ مُنْتَصِرًا
င်းပြင် ထိုသူ၌ အလ္လာဟ်အရှင်မြတ်နှင့်ယှဉ်ပြိုင်(ရပ်စေ)လျက် (ရှေ့တော်သို့)သွင်းစေခြင်းကို ခံကြရမည်။ (ထိုအခါ ငါအရှင်မြတ်သည် ဤသို့မိန့်ကြား တော်မူပေမည်။)အသင်တို့သည် ငါအရှင်မြတ် အသင်တို့အား ရှေးဦးမဆွ ပထမအကြိမ်က ဖန်ဆင်းတော်မူဘိသကဲ့သို့ပင် ငါအရှင်မြတ်အထံတော်သို့လာခဲ့ကြချေပြီ။ သို့ရာတွင် အမှန်စင်စစ် အသင်တို့သည်မိမိတို့အတွက် ငါအရှင်မြတ်က (ရှင်ပြန်ထကြရန်) မည်သည့်အချိန် မည်သည့်နေရာကိုမျှ သတ်မှတ်တော်မူလိမ့်မည် မဟုတ်ဟူ၍ ထင်မှတ်နေခဲ့ကြကုန်သတည်း။
هُنَالِكَ الْوَلَايَةُ لِلَّهِ الْحَقِّ ۚ هُوَ خَيْرٌ ثَوَابًا وَخَيْرٌ عُقْبًا
ထိုကဲ့သို့သော အချိန်အခါမျိုးတွင် ကြည့်ရှု စောင်မနိုင်စွမ်းသည် အစစ်အမှန် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၌သာရှိပေသည်။ နောက်ဆုံးအကျိုး ချီးမြှင့်တော်မူရာ၌လည်း အမွန်မြတ်ဆုံးသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

Choose other languages: