Quran Apps in many lanuages:

Surah Al-Kahf Ayahs #47 Translated in Burmese

وَلَمْ تَكُنْ لَهُ فِئَةٌ يَنْصُرُونَهُ مِنْ دُونِ اللَّهِ وَمَا كَانَ مُنْتَصِرًا
င်းပြင် ထိုသူ၌ အလ္လာဟ်အရှင်မြတ်နှင့်ယှဉ်ပြိုင်(ရပ်စေ)လျက် (ရှေ့တော်သို့)သွင်းစေခြင်းကို ခံကြရမည်။ (ထိုအခါ ငါအရှင်မြတ်သည် ဤသို့မိန့်ကြား တော်မူပေမည်။)အသင်တို့သည် ငါအရှင်မြတ် အသင်တို့အား ရှေးဦးမဆွ ပထမအကြိမ်က ဖန်ဆင်းတော်မူဘိသကဲ့သို့ပင် ငါအရှင်မြတ်အထံတော်သို့လာခဲ့ကြချေပြီ။ သို့ရာတွင် အမှန်စင်စစ် အသင်တို့သည်မိမိတို့အတွက် ငါအရှင်မြတ်က (ရှင်ပြန်ထကြရန်) မည်သည့်အချိန် မည်သည့်နေရာကိုမျှ သတ်မှတ်တော်မူလိမ့်မည် မဟုတ်ဟူ၍ ထင်မှတ်နေခဲ့ကြကုန်သတည်း။
هُنَالِكَ الْوَلَايَةُ لِلَّهِ الْحَقِّ ۚ هُوَ خَيْرٌ ثَوَابًا وَخَيْرٌ عُقْبًا
ထိုကဲ့သို့သော အချိန်အခါမျိုးတွင် ကြည့်ရှု စောင်မနိုင်စွမ်းသည် အစစ်အမှန် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၌သာရှိပေသည်။ နောက်ဆုံးအကျိုး ချီးမြှင့်တော်မူရာ၌လည်း အမွန်မြတ်ဆုံးသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَاضْرِبْ لَهُمْ مَثَلَ الْحَيَاةِ الدُّنْيَا كَمَاءٍ أَنْزَلْنَاهُ مِنَ السَّمَاءِ فَاخْتَلَطَ بِهِ نَبَاتُ الْأَرْضِ فَأَصْبَحَ هَشِيمًا تَذْرُوهُ الرِّيَاحُ ۗ وَكَانَ اللَّهُ عَلَىٰ كُلِّ شَيْءٍ مُقْتَدِرًا
ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်၎င်းတို့အား လောကီဘဝ၏ ဥပမာကို ခိုင်းနှိုင်း၍ ပြပါလေ။(ဤလောကီသက်တမ်းမှာ)မိုးရေနှင့်တူ၏။(တစ်နည်း)လောကီဘဝ၏ဥပမာကိုမိုးရေနှင့်တူကြောင်း ခိုင်းနှိုင်း၍ပြပါလေ။ငါအရှင်မြတ်သည် ထိုရေကို မိုးကောင်းကင်မှ ရွာသွန်းစေတော်မူခဲ့၏။ တစ်ဖန် ထိုရေနှင့် မြေမှပေါက်ရောက်သော သစ်ပင်ငယ်များတို့သည်ရောယှက်ထူထပ်လျက် ရှိခဲ့ကြကုန်၏။ ထို့နောက် ယင်းသစ်ပင်ငယ်များသည် သွေ့ခြောက်ကျေမွသွားခဲ့ရာ လေများသည် ယင်းသစ်ပင်များကို လွင့်စေလျက်ရှိကြ၏။စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
الْمَالُ وَالْبَنُونَ زِينَةُ الْحَيَاةِ الدُّنْيَا ۖ وَالْبَاقِيَاتُ الصَّالِحَاتُ خَيْرٌ عِنْدَ رَبِّكَ ثَوَابًا وَخَيْرٌ أَمَلًا
ဥစ္စာပစ္စည်းများသည်လည်းကောင်း၊ သားသမီးများသည်လည်းကောင်း၊ လောကီဘဝ၏ တင့်တယ်မှုမျှပင်ဖြစ်ပေသည်။ သို့ရာတွင် ဆက်လက်၍ အမြဲတစေ တည်အံ့သောကောင်းမြတ်သော အကျင့်သီလတို့မှာမူကား၊ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် ကုသိုလ်အကျိုးအားဖြင့်လည်း အကောင်းဆုံးပင် ဖြစ်ကြပေသည်။မျှော်လင့်ချက်အားဖြင့်လည်း အကောင်းဆုံးပင်ဖြစ်ပေသတည်း။
وَيَوْمَ نُسَيِّرُ الْجِبَالَ وَتَرَى الْأَرْضَ بَارِزَةً وَحَشَرْنَاهُمْ فَلَمْ نُغَادِرْ مِنْهُمْ أَحَدًا
၎င်းပြင် အကြင်နေ့ကို(လည်းသတိရသင့်၏၊)ငါအရှင်မြတ်သည် (ထိုနေ့တွင်)တောင်များကို ရွေ့ရှား စေတော်မူမည်။ ထို့ပြင် အသင်သည် ကမ္ဘာမြေကို လွင်ပြင်ထီးထီးအဖြစ်တွေ့မြင်ပေမည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထို(လူသားအားလုံး)တို့ကို ၎င်းတို့အနက် တစ်ဦးတစ်ယောက်ကိုမျှ ချန်ထားခြင်းမရှိပဲ စုရုံးစေတော်မူပေမည်။

Choose other languages: