Quran Apps in many lanuages:

Surah Al-Jinn Ayahs #23 Translated in Burmese

وَأَنَّهُ لَمَّا قَامَ عَبْدُ اللَّهِ يَدْعُوهُ كَادُوا يَكُونُونَ عَلَيْهِ لِبَدًا
ထို့ပြင် ဧကန်အမှန် အလ္လာဟ်အရှင်မြတ်၏ ကျွန်တော်(မုဟမ္မဒ်)သည် ထိုအရှင်မြတ်အား ဝတ်ပြုရန် (ထ၍)ရပ်သောအခါ ၎င်းတို့သည် ထိုကျွန်တော် (မုဟမ္မဒ်)အပေါ်ဝယ် ဝိုင်းအုံကြအံ့ဆဲဆဲ ဖြစ်ခဲ့ကြကုန်၏။
قُلْ إِنَّمَا أَدْعُو رَبِّي وَلَا أُشْرِكُ بِهِ أَحَدًا
(အို-နဗီတမန်တော်) အသင်ပြောကြားပါလေ။(အချင်းတို့) ငါသည် မိမိအရှင်မြတ်အားသာလျှင် ဆည်းကပ်ကိုးကွယ်၏။ စင်စစ် ငါသည် မည်သူ တစ်ဦးတစ်ယောက်ကိုမျှပင် ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် (ကိုးကွယ်)ခြင်းမပြုပေ။
قُلْ إِنِّي لَا أَمْلِكُ لَكُمْ ضَرًّا وَلَا رَشَدًا
(အို-နဗီတမန်တော်) အသင်ပြောကြားပါလေ။ ငါသည် အသင်တို့၏ ဆုံးရှုံးမှု၊ လမ်းလွဲမှုကိုလည်း ပိုင်ဆိုင်သည်မဟုတ်ပေ၊ (အသင်တို့၏) တရားလမ်းမှန် ရရှိရေးကိုလည်း ပိုင်ဆိုင်သည် မဟုတ်ပေ။
قُلْ إِنِّي لَنْ يُجِيرَنِي مِنَ اللَّهِ أَحَدٌ وَلَنْ أَجِدَ مِنْ دُونِهِ مُلْتَحَدًا
အသင်သည် ပြောကြားပါဦးလေ။ (အချင်းတို့၊ အကယ်၍သာ ငါသည် အလ္လာဟ်အရှင်မြတ်အား ဖီဆန်ခဲ့မူ)မည်သူတစ်ဦးတစ်ယောက်မျှပင် ငါ့အား အလ္လာဟ်အရှင်မြတ်(၏ပြစ်ဒဏ်)မှ အလျှင်းကာကွယ် စောင့်ရှောက်နိုင်မည် မဟုတ်ပေ။ ထို့ပြင် ငါသည် ထိုအရှင်မြတ်(အထံတော်)မှတစ်ပါး မည်သည့်ခိုလှုံရာ နေရာကိုမျှ အလျှင်းတွေ့နိုင်မည် မဟုတ်ပေ။
إِلَّا بَلَاغًا مِنَ اللَّهِ وَرِسَالَاتِهِ ۚ وَمَنْ يَعْصِ اللَّهَ وَرَسُولَهُ فَإِنَّ لَهُ نَارَ جَهَنَّمَ خَالِدِينَ فِيهَا أَبَدًا
(စင်စစ်သော်ကား) အလ္လာဟ်အရှင်မြတ်၏ကိုယ်စား (ထိုအရှင်မြတ်၏အမိန့်တော်များကို အသင်တို့ထံ) ပို့ဆောင်၍သာလျှင်လည်းကောင်း၊ ထိုအရှင်မြတ်၏ အကြောင်းကြားချက်များကို (ပို့ဆောင်ခြင်း) သာလျှင် ကာကွယ်နိုင်ပေမည်။ (စွမ်းဆောင်နိုင်၏)။ စင်စစ်တမူကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ဖီဆန်သည်ရှိသော် ဧကန်အမှန် ထိုသူအဖို့ "ဂျဟန္နမ်" ငရဲမီးသည် ရှိပေသည်။ (၎င်းတို့မှာ) ယင်းမီး၌ အမြဲထာ၀စဉ် နေထိုင်သူများအဖြစ် (၀င်ရောက်ကြရလတ္တံ့)။

Choose other languages: