Quran Apps in many lanuages:

Surah Al-Isra Ayahs #90 Translated in Burmese

وَلَئِنْ شِئْنَا لَنَذْهَبَنَّ بِالَّذِي أَوْحَيْنَا إِلَيْكَ ثُمَّ لَا تَجِدُ لَكَ بِهِ عَلَيْنَا وَكِيلًا
စင်စစ် အကယ်၍ ငါအရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် အသင်၏အထံသို့ ငါအရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူခဲ့သည့် (ကုရ်အာန်ကျမ်းတော် မြတ်)ကို အမှန်ပင်ပြန်လည်ရုပ်သိမ်းတော်မူပေမည်။ ထို့နောက် ယင်းကုရ်အာန်ကျမ်းတော်မြတ်နှင့်စပ်လျဉ်း၍ ငါအရှင်မြတ်နှင့် ဆန့်ကျင်သောအားကိုးအားထား တစ်ဦးတစ်ယောက်ကိုမျှပင် အသင်တွေ့ရှိလိမ့်မည် မဟုတ်ပေ။
إِلَّا رَحْمَةً مِنْ رَبِّكَ ۚ إِنَّ فَضْلَهُ كَانَ عَلَيْكَ كَبِيرًا
သို့ရာတွင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ကရုဏာတော်အားဖြင့်သာ (ထိုသို့ရုပ်သိမ်းခြင်းကိုပြုတော်မမူခဲ့ချေ)။ ဧကန်စင်စစ် ထိုအရှင်မြတ်၏ကျေးဇူးတော်ကား အသင်၏အပေါ်၌ ကြီးမားလှပေသတည်း။
قُلْ لَئِنِ اجْتَمَعَتِ الْإِنْسُ وَالْجِنُّ عَلَىٰ أَنْ يَأْتُوا بِمِثْلِ هَٰذَا الْقُرْآنِ لَا يَأْتُونَ بِمِثْلِهِ وَلَوْ كَانَ بَعْضُهُمْ لِبَعْضٍ ظَهِيرًا
(အို-နဗီတမန်တော်)အသင်သည် (ဤသို့) ပြောကြားပါလေ။ (အချင်းတို့)စင်စစ်အကယ်၍ လူသားအပေါင်းတို့သည်လည်းကောင်း၊ ဂျင်(န်)အပေါင်း တို့သည်လည်းကောင်း၊ဤကုရ်အာန်ကျမ်းတော်မြတ်နှင့်တူသော ကျမ်းကို (စီကုံးရေးသား၍)ယူလာရန် စုရုံးကြပြီးလျှင် တစ်ဦးကိုတစ်ဦး ကူညီရိုင်းပင်းခဲ့ငြားလည်း၊ ၎င်းတို့သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်နှင့် တူသောကျမ်းကို (စီကုံးရေးသား) ယူဆောင်လာ နိုင်ကြမည်အလျှင်း မဟုတ်ပေ။
وَلَقَدْ صَرَّفْنَا لِلنَّاسِ فِي هَٰذَا الْقُرْآنِ مِنْ كُلِّ مَثَلٍ فَأَبَىٰ أَكْثَرُ النَّاسِ إِلَّا كُفُورًا
၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် လူတို့ (သိနားလည်ကြစေအံ့သော)ငှာ ဤကုရ်အာန်ကျမ်းတော် မြတ်တွင်ဥပမာပုံဆောင်ချက်အလုံးစုံကို နည်းအမျိုးမျိုးဖြင့် မိန့်ကြားထားတော်မူသည်။ သို့တစေလည်း(မက္ကာသားတို့အနက်)အများဆုံးသောသူတို့သည် ငြင်းပယ်မှုမှတစ်ပါး အခြားမည်သည်ကိုမျှ နှစ်သက်ခဲ့ ကြသည် မဟုတ်ပေ။
وَقَالُوا لَنْ نُؤْمِنَ لَكَ حَتَّىٰ تَفْجُرَ لَنَا مِنَ الْأَرْضِ يَنْبُوعًا
ထိုမှတစ်ပါး၊ ၎င်းတို့က(အို-မုဟမ္မဒ်)အသင်သည်ကျွန်ုပ်တို့အဖို့ ပထဝီမြေမှစမ်းရေချောင်းတစ်ခုကို သွင်သွင်စီးထွက်လာအောင် မပြုလုပ်သမျှကာလပတ်လုံး ကျွန်ုပ်တို့သည်အသင်၏စကားကို အလျှင်းယုံကြည်လက်ခံကြမည် မဟုတ်ပါဟုပြောဆိုခဲ့ကြကုန်၏။

Choose other languages: