Quran Apps in many lanuages:

Surah Al-Isra Ayahs #72 Translated in Burmese

أَفَأَمِنْتُمْ أَنْ يَخْسِفَ بِكُمْ جَانِبَ الْبَرِّ أَوْ يُرْسِلَ عَلَيْكُمْ حَاصِبًا ثُمَّ لَا تَجِدُوا لَكُمْ وَكِيلًا
ထိုအရှင်မြတ်သည် ကုန်းပေါ်၌ အသင်တို့အားမြေမျိုစေတော်မူမည်ကိုလည်းကောင်း၊ အသင်တို့ အပေါ်၌သဲမုန်တိုင်း စေလွှတ်တော်မူမည်ကိုလည်းကောင်း၊ အသင်တို့သည် စိုးရိမ်ခြင်းမရှိဘဲ စိတ်ချ၍နေကြလေသလော။ ထို(သို့ပြုတော်မူခဲ့သည့်)နောက်တွင်မူ အသင်တို့သည် မိမိတို့အဖို့ ကာကွယ် စောင့်ရှောက် မည့်သူ တစ်ဦးတစ်ယောက်ကိုမျှပင်(ရှာဖွေ) တွေ့ရှိကြမည်မဟုတ်ပေ။ (တစ်နည်း)ထိုအရှင်မြတ်သည် အသင်တို့အား ကုန်းပေါ်၌ပင် မြေမျိုစေတော်မူခြင်းကိုလည်းကောင်း၊ အသင်တို့အပေါ်၌ သဲမုန်တိုင်း စေလွှတ်တော်မူခြင်းကိုသော်လည်းကောင်း၊ ပြုနိုင်တော်မူ၏။ ထိုအခါတွင်အသင်တို့သည် မိမိတို့အဖို့ ကာကွယ် စောင့်ရှောက်မည့်သူတစ်ဦးတစ်ယောက်ကိုမျှပင် (ရှာဖွေ) တွေ့ရှိကြမည် မဟုတ်ပေ။အသင်တို့သည် (ဤသည့်ပြစ်ဒဏ်များမှ) စိုးရိမ်ခြင်းကင်း၍ နေကြလေသလော။
أَمْ أَمِنْتُمْ أَنْ يُعِيدَكُمْ فِيهِ تَارَةً أُخْرَىٰ فَيُرْسِلَ عَلَيْكُمْ قَاصِفًا مِنَ الرِّيحِ فَيُغْرِقَكُمْ بِمَا كَفَرْتُمْ ۙ ثُمَّ لَا تَجِدُوا لَكُمْ عَلَيْنَا بِهِ تَبِيعًا
သို့တည်းမဟုတ် အရှင်မြတ်သည် အသင်တို့ အားယင်းသမုဒ္ဒရာပင်လယ်ထဲသို့ နောက်တစ်ကြိမ်ထပ်မံ၍ ရောက်စေတော်မူပြီးလျှင် အသင်တို့အပေါ်၌ အသင်တို့၏သွေဖည်ငြင်းပယ်မှုကြောင့် လေမုန်တိုင်းကိုစေလွှတ်ခြင်းအားဖြင့် အသင်တို့အား နစ်မြုပ်စေတော်မူမည်ကို စိုးရိမ်ခြင်းမရှိဘဲ စိတ်ချ၍နေကြလေသလော။ ထိုအခါ အသင်တို့သည် မိမိတို့အဖို့ ငါ အရှင်မြတ်နှင့်ဆန့်ကျင်၍ ကူညီစောင်မမည့်သူ တစ်ဦးတစ်ယောက်ကိုမျှပင် (ရှာဖွေ)တွေ့ကြလိမ့်မည် မဟုတ်ပေတကား။(တစ်နည်း)သို့တည်းမဟုတ် ထိုအရှင်မြတ်သည် အသင်တို့အားယင်း သမုဒ္ဒရာပင်လယ်ထဲသို့ နောက်တစ်ကြိမ် ထပ်မံ၍ရောက်စေတော်မူမည်။ ထို့နောက် ထိုအရှင်မြတ်သည် အသင်တို့အပေါ်၌ လေမုန်တိုင်းကို စေလွှတ်တော်မူမည်။ တစ်ဖန် ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့၏သွေဖည်ငြင်းပယ်မှုကြောင့် နစ်မြုပ်စေတော်မူမည်။ ထိုအခါ အသင်တို့သည် ယင်းကိစ္စနှင့်စပ်လျဉ်း၍ ငါအရှင်မြတ်နှင့်ဆန့်ကျင်ပြီး မိမိတို့အဖို့ကူညီစောင်မမည့်သူ တစ်ဦးတစ်ယောက်ကိုမျှပင်(ရှာဖွေ)တွေ့ရှိကြလိမ့်မည်မဟုတ်ပေ။ (တစ်နည်း) အသင်တို့သည် မိမိအဖို့ယင်းကိစ္စနှင့်စပ်လျဉ်း၍ ငါ့အားအရေးယူမည့်သူ တစ်ဦးတစ်ယောက်ကိုမျှ တွေ့ရှိကြမည်မဟုတ်ပေ။ အသင်တို့သည် (ဤသည့် ပြစ်ဒဏ်များမှ) စိုးရိမ်ခြင်းကင်း၍ နေကြလေသလော။
وَلَقَدْ كَرَّمْنَا بَنِي آدَمَ وَحَمَلْنَاهُمْ فِي الْبَرِّ وَالْبَحْرِ وَرَزَقْنَاهُمْ مِنَ الطَّيِّبَاتِ وَفَضَّلْنَاهُمْ عَلَىٰ كَثِيرٍ مِمَّنْ خَلَقْنَا تَفْضِيلًا
ဧကန်မလွဲ ငါအရှင်မြတ်သည် အာဒမ်၏သားသမီးများကို ဂုဏ်သိန်ထူးကဲ မြင့်မြတ်စေတော်မူခဲ့လေသည်။ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ကုန်းပေါ်၌ (ကုလားအုတ်၊ မြင်း၊ ကုန်းယာဉ်၊ လေယာဉ် ပျံ၊ စသောအစီးအနင်းတို့ကို)လည်းကောင်း၊ သမုဒ္ဒရာ ပင်လယ်၌(သင်္ဘော၊ လှေ၊ သမ္ဗန်စသောယာဉ်များကို)လည်းကောင်း၊ စီးနင်းစေတော်မူခဲ့သည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အား (စားသုံးရန်) စင်ကြယ်ကောင်းမွန်သောအရာများကို ချီးမြှင့်ပေးသနားတော် မူခဲ့သည်။တစ်ဖန် ငါအရှင်မြတ်သည် ၎င်းတို့အား ငါအရှင်မြတ် ဖန်ဆင်းထားတော်မူသော အရာများအနက် များစွာ(သောသက်ရှိသက်မဲ့)တို့ထက် ထူးကဲမြင့်မြတ်စေတော်မူခဲ့လေသတည်း။
يَوْمَ نَدْعُو كُلَّ أُنَاسٍ بِإِمَامِهِمْ ۖ فَمَنْ أُوتِيَ كِتَابَهُ بِيَمِينِهِ فَأُولَٰئِكَ يَقْرَءُونَ كِتَابَهُمْ وَلَا يُظْلَمُونَ فَتِيلًا
အကြင်နေ့တွင် ငါအရှင်မြတ်သည် လူသားအားလုံးတို့ကို ၎င်းတို့၏ရှေ့ဆောင်တို့နှင့်တကွ (မှတ်တမ်းများနှင့်တကွ) ခေါ်ယူတော်မူအံ့။ ထိုအခါ မိမိတို့၏မှတ်တမ်းများကိုမိမိတို့ လက်ယာလက်သို့ ပေးခြင်းခံကြရသော သူတို့မှာမူကားမိမိတို့၏မှတ်တမ်းများကို(ဝမ်းမြောက်ဝမ်းသာ) ဖတ်ကြကုန်အံ့။၎င်းပြင် ထိုသူတို့သည် စိုးစဉ်းမျှပင် မတရားပြုလုပ်ခြင်းကိုခံကြရမည် မဟုတ်ပေ။
وَمَنْ كَانَ فِي هَٰذِهِ أَعْمَىٰ فَهُوَ فِي الْآخِرَةِ أَعْمَىٰ وَأَضَلُّ سَبِيلًا
စင်စစ် မည်သူမဆို ဤပစ္စုပ္ပန်လောကီဘဝတွင်မျက်စိကန်းသူဖြစ်ခဲ့လျှင်၊ ထိုသူသည် နောင်တမလွန် ဘဝတွင်လည်း ကန်းသူသည်လည်းကောင်း၊ (မှန်ကန်သောလမ်းမှ) ပို၍ဝေးသူသည်လည်းကောင်း၊ ဖြစ်အံ့သတည်း။

Choose other languages: