Quran Apps in many lanuages:

Surah Al-Isra Ayahs #49 Translated in Burmese

وَإِذَا قَرَأْتَ الْقُرْآنَ جَعَلْنَا بَيْنَكَ وَبَيْنَ الَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ حِجَابًا مَسْتُورًا
၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ်ဖတ်သရဇ္ဈာယ်သောအခါငါအရှင်မြတ်သည် အသင်နှင့်နောင်တမလွန်ဘဝကို မယုံကြည်သောသူတို့၏အကြားဝယ် လျှို့ဝှက်လျက်ရှိသော အကာအဆီးကို ချထားတော်မူပေသတည်း။
وَجَعَلْنَا عَلَىٰ قُلُوبِهِمْ أَكِنَّةً أَنْ يَفْقَهُوهُ وَفِي آذَانِهِمْ وَقْرًا ۚ وَإِذَا ذَكَرْتَ رَبَّكَ فِي الْقُرْآنِ وَحْدَهُ وَلَّوْا عَلَىٰ أَدْبَارِهِمْ نُفُورًا
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့၏စိတ်နှလုံးများပေါ်၌ ၎င်းတို့သည် ယင်းကုရ်အာန်ကျမ်း တော်မြတ်ကို နားလည်ကြမည်ကိုစိုး၍ အဖုံးအအုပ် ဖုံးပေးတော်မူသည်။၎င်းပြင် ထိုသူတို့၏နားများကိုလည်း ပင်းစေတော်မူသည်။သို့ရာတွင် အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် တဆူတည်းကိုသာ ကုရ်အာန်ကျမ်းတော်မြတ်တွင်သတိရသောအခါ၌မူကား ၎င်းတို့သည် စက်ဆုပ်၍ မိမိတို့နောက်ကျောဘက်သို့ ပြန်လှည့်၍ ထွက်ခွာသွားကြသည်။
نَحْنُ أَعْلَمُ بِمَا يَسْتَمِعُونَ بِهِ إِذْ يَسْتَمِعُونَ إِلَيْكَ وَإِذْ هُمْ نَجْوَىٰ إِذْ يَقُولُ الظَّالِمُونَ إِنْ تَتَّبِعُونَ إِلَّا رَجُلًا مَسْحُورًا
ထိုသူတို့သည် အသင်ဘက်သို့ နားစွင့်ကြ၍မည်သည့်အကြောင်းကြောင့် (ယင်းကုရ်အာန်ကျမ်းတော် ကို)နားထောင်ကြသည်ကိုလည်းကောင်း၊ ထိုမှတစ်ပါး ထိုသူတို့သည်(အချင်းချင်း)လျှို့ဝှက်စွာ ပြောဆိုတိုင်ပင်ကြသောအခါ အသင်တို့သည် စုန်းပြုစားခြင်းခံရသောသူ၏ နောက်သို့လိုက်နေကြသည် ဟု ပြော ဆိုကြသည်ကိုလည်းကောင်း၊ ငါအရှင်မြတ်သည်ကောင်းစွာ သိရှိတော်မူသည်။
انْظُرْ كَيْفَ ضَرَبُوا لَكَ الْأَمْثَالَ فَضَلُّوا فَلَا يَسْتَطِيعُونَ سَبِيلًا
(အို-နဗီတမန်တော်) ၎င်းတို့သည် အသင်နှင့်ပတ်သက်၍ မည်သို့သောပုံဆောင်ချက်များကို ခိုင်းနှိုင်း ခဲ့ကြသည်ကို အသင်ရှုပါလေ။ ထို့ကြောင့်ပင် ၎င်းတို့သည် လမ်းလွဲခဲ့ကြချေပြီ။ သို့ဖြစ်ပေရာ ၎င်းတို့သည် မည်သည့်(ထွက်)လမ်းကိုမျှပင် တွေ့ရှိနိုင်ကြတော့မည်မဟုတ်ပေ။
وَقَالُوا أَإِذَا كُنَّا عِظَامًا وَرُفَاتًا أَإِنَّا لَمَبْعُوثُونَ خَلْقًا جَدِيدًا
ထို့ပြင် ၎င်းတို့က အသို့ပါနည်း၊ ကျွန်ုပ်တို့သည်အရိုးများသာကျန်ရှိ၍ စိစိကြေညက်လျက်ရှိကြသော အခါအသစ်ဖန်ဆင်း၍ ရှင်ပြန်ထစေခြင်းကို ခံကြရဦး မည်လောဟုပြောဆိုမေးမြန်းကြကုန်၏။

Choose other languages: