Quran Apps in many lanuages:

Surah Al-Isra Ayahs #107 Translated in Burmese

فَأَرَادَ أَنْ يَسْتَفِزَّهُمْ مِنَ الْأَرْضِ فَأَغْرَقْنَاهُ وَمَنْ مَعَهُ جَمِيعًا
ထိုအခါ ယင်းဖစ်ရ်အောင်န်သည် ထိုအစ္စရာအီလီမျိုးနွယ်တို့အား ထို(အီဂျစ်)နိုင်ငံမှ ချွတ်ချော်တိမ်းပါးစေရန်ကြံရွယ်ခဲ့လေသည်။ သို့ရာတွင် ငါအရှင်မြတ်သည် ယင်းဖိရ်အောင်(န်)အားလည်းကောင်း၊ ယင်းဖိရ်အောင်(န်)နှင့်အတူရှိကြသူအားလုံးတို့ကိုလည်းကောင်း၊ (ပင်လယ်နီ)တွင် နှစ်မြှုပ်တော်မူခဲ့လေသတည်း။
وَقُلْنَا مِنْ بَعْدِهِ لِبَنِي إِسْرَائِيلَ اسْكُنُوا الْأَرْضَ فَإِذَا جَاءَ وَعْدُ الْآخِرَةِ جِئْنَا بِكُمْ لَفِيفًا
၎င်းပြင် ငါအရှင်မြတ်သည် ယင်း(ကဲ့သို့ နှစ်မြှုပ်တော်မူပြီး)နောက်တွင် အစ္စရာအီလီမျိုးနွယ်တို့အား အသင်တို့သည် ဤကမ္ဘာမြေဝယ်(မိမိ ကြိုက်နှစ်သက်ရာနေရာ ၌)နေထိုင်မှီတင်းကြလေကုန်။ တစ်ဖန် နောက်ဆုံးနေ့နှင့်စပ်လျဉ်း၍ ချိန်းချက်ထားသော အချိန်ကာလရောက်ရှိလာသောအခါ၊ ငါအရှင်မြတ်သည် အသင်တို့ (အားလုံး)ကိုစုပေါင်းကာခေါ် ယူတော်မူအံ့ဟု မိန့်ကြားတော်မူခဲ့လေသတည်း။
وَبِالْحَقِّ أَنْزَلْنَاهُ وَبِالْحَقِّ نَزَلَ ۗ وَمَا أَرْسَلْنَاكَ إِلَّا مُبَشِّرًا وَنَذِيرًا
စင်စစ် ငါအရှင်မြတ်သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို မှန်ကန်မှုနှင့်တကွ ချပေးတော်မူခဲ့ရာ၊ ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် မှန်ကန်မှုနှင့်တကွပင် ကျရောက်လာခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည် အသင်အား သတင်းကောင်းပြောကြားသူအဖြစ်သာ လည်းကောင်း၊ သတိပေးနှိုးဆော်သူအဖြစ်သာ လည်းကောင်း၊ စေလွှတ်တော်မူခဲ့လေသည်။
وَقُرْآنًا فَرَقْنَاهُ لِتَقْرَأَهُ عَلَى النَّاسِ عَلَىٰ مُكْثٍ وَنَزَّلْنَاهُ تَنْزِيلًا
ထို့ပြင် ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းမြတ်ကို ခြားနား၍ချပေးသနားတော်မူခဲ့၏။ အသင်သည် လူတို့ရှေ့ဝယ် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို ဆိုင်းကာ (တစ်နည်း)ဆိုင်းငံ့ထားသော ကြားကာလ၌ ဖတ်ကြားနိုင်အံ့သောငှာ (ယင်းကဲ့သို့ ခြားနား၍ချပေးတော်မူခြင်း)ဖြစ်ပေသည်။ ၎င်းပြင် ငါအရှင်မြတ်သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို အသင်တို့ထံ တဖြည်းဖြည်းအားဖြင့် ချပေးသနားတော် မူခဲ့ပေသတည်း။
قُلْ آمِنُوا بِهِ أَوْ لَا تُؤْمِنُوا ۚ إِنَّ الَّذِينَ أُوتُوا الْعِلْمَ مِنْ قَبْلِهِ إِذَا يُتْلَىٰ عَلَيْهِمْ يَخِرُّونَ لِلْأَذْقَانِ سُجَّدًا
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ (အချင်းတို့)အသင်တို့သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို ယုံကြည်ကြသည်ဖြစ်စေ၊ မယုံကြည်ကြသည်ဖြစ်စေ၊(အကြောင်းမထူးပေ) အသင်တို့ ယုံကြည်ကြသဖြင့်ယင်းကုရ်အာန်ကျမ်း တော်မြတ်သည် ပိုမို၍ ပြည့်စုံသွားမည်လည်းမဟုတ်။ အသင်တို့ မယုံကြည်သဖြင့် ချို့တဲ့နေမည်လည်းမဟုတ်ပေ။ ဧကန်စင်စစ် ယင်းကုရ်အာန်မကျရောက်မီ အလျင်က အသိပညာကိုချီးမြှင့်ပေးသနားတော်မူခြင်း ခံကြရသောသူတို့မူကား ၎င်းတို့ရှေ့ဝယ် ယင်း(ကုရ်အာန် ကျမ်းတော်မြတ်)ကိုဖတ်ကြားလေသောအခါ ၎င်းတို့ သည် မျက်နှာအောက်ချလျက်ပျပ်ဝပ်ဦးချကြကုန်သည်။

Choose other languages: