Quran Apps in many lanuages:

Surah Al-Insan Ayahs #17 Translated in Burmese

مُتَّكِئِينَ فِيهَا عَلَى الْأَرَائِكِ ۖ لَا يَرَوْنَ فِيهَا شَمْسًا وَلَا زَمْهَرِيرًا
(၎င်းတို့သည်) ယင်း "ဂျန္နတ်" သုခဘုံ၌ သလွန်များထက်ဝယ် (မှီအုံးများကို) မှီ၍ ထိုင်နေကြပေမည်။ ၎င်းတို့သည် ယင်း "ဂျန္နတ်" သုခဘုံ၌ နေ၏ အပူအရှိန်ကိုလည်းကောင်း၊ ခံရခက်သော အအေးကိုလည်းကောင်း၊ တွေ့ရှိကြမည်မဟုတ်ပေ။
وَدَانِيَةً عَلَيْهِمْ ظِلَالُهَا وَذُلِّلَتْ قُطُوفُهَا تَذْلِيلًا
၎င်း ပြင် ယင်း(ဂျန္နတ်သုခဘုံမှ) သစ်ပင်များ မှာ၎င်းတို့အပေါ်၌ ကိုင်းညွှတ်လျက်ရှိကြပေမည်။ ထို့ပြင် ယင်း’ဂျန္နတ်’တွင် အပြွတ်လိုက်သီးသော သစ်သီးဝလံတို့မှာ ညွှတ်ကျလျက် ရှိကြပေမည်။
وَيُطَافُ عَلَيْهِمْ بِآنِيَةٍ مِنْ فِضَّةٍ وَأَكْوَابٍ كَانَتْ قَوَارِيرَا
ထို့ပြင် ၎င်းတို့ထံ ငွေပန်းကန်များသည်လည်းကောင်း၊ ဖန်ခွက်များသည်လည်းကောင်း၊ လှည့်လည် ရောက်ရှိနေပေမည်။
قَوَارِيرَ مِنْ فِضَّةٍ قَدَّرُوهَا تَقْدِيرًا
ငွေဖြင့်ပြီးသော ဖန်များဖြစ်ကြပေမည်။ (ဖြည့်ထားသူတို့သည်) ယင်းဖန်ခွက်များကို သင့်လျော်စွာ ချိန်ဆ၍ ဖြည့်ထားကြပေမည်။
وَيُسْقَوْنَ فِيهَا كَأْسًا كَانَ مِزَاجُهَا زَنْجَبِيلًا
ထို့ပြင် ၎င်းတို့သည် ယင်း "ဂျန္နတ်"သုခဘုံ၌ ချင်းရောစပ်ထားသော အရက် အပြည့်အလျှံပါသော ခွက်များဖြင့် တိုက်ကျွေးခြင်းကို ခံကြရပေမည်။

Choose other languages: