Quran Apps in many lanuages:

Surah Al-Insan Ayahs #19 Translated in Burmese

وَيُطَافُ عَلَيْهِمْ بِآنِيَةٍ مِنْ فِضَّةٍ وَأَكْوَابٍ كَانَتْ قَوَارِيرَا
ထို့ပြင် ၎င်းတို့ထံ ငွေပန်းကန်များသည်လည်းကောင်း၊ ဖန်ခွက်များသည်လည်းကောင်း၊ လှည့်လည် ရောက်ရှိနေပေမည်။
قَوَارِيرَ مِنْ فِضَّةٍ قَدَّرُوهَا تَقْدِيرًا
ငွေဖြင့်ပြီးသော ဖန်များဖြစ်ကြပေမည်။ (ဖြည့်ထားသူတို့သည်) ယင်းဖန်ခွက်များကို သင့်လျော်စွာ ချိန်ဆ၍ ဖြည့်ထားကြပေမည်။
وَيُسْقَوْنَ فِيهَا كَأْسًا كَانَ مِزَاجُهَا زَنْجَبِيلًا
ထို့ပြင် ၎င်းတို့သည် ယင်း "ဂျန္နတ်"သုခဘုံ၌ ချင်းရောစပ်ထားသော အရက် အပြည့်အလျှံပါသော ခွက်များဖြင့် တိုက်ကျွေးခြင်းကို ခံကြရပေမည်။
عَيْنًا فِيهَا تُسَمَّىٰ سَلْسَبِيلًا
ယင်း "ဂျန္နတ်"သုခဘုံ၌ရှိသော ‘စလ်စဗီလ်’ ဟူ၍ အမည်သညာ မှည့်ခေါ်ခြင်းခံရသောစမ်းမှ၊
وَيَطُوفُ عَلَيْهِمْ وِلْدَانٌ مُخَلَّدُونَ إِذَا رَأَيْتَهُمْ حَسِبْتَهُمْ لُؤْلُؤًا مَنْثُورًا
ထိုမှတစ်ပါး ၎င်းတို့ထံတွင် အသက်သေဆုံးခြင်းမရှိဘဲ အမြဲထာဝစဉ် နုငယ်လျက် ရှိကြရမည်ဖြစ်သော သူငယ်တို့သည် လှည့်ပတ်သွားလာ (ပြုစု) လျက်ရှိကြပေမည်။ အသင်သည် ၎င်းတို့အား တွေ့မြင်သောအခါ ၎င်းတို့မှာ ကြဲဖြန့်ထားသော ပုလဲများ ဖြစ်သည်ဟူ၍ပင် ထင်မှတ်ပေမည်။

Choose other languages: