Quran Apps in many lanuages:

Surah Al-Infitar Ayahs #7 Translated in Burmese

وَإِذَا الْبِحَارُ فُجِّرَتْ
ထို့ပြင် ပင်လယ်သမုဒ္ဒရာများသည် ဆူပွက်စီးထွက်(စေခြင်းကို ခံကြရ)သောအခါ။
وَإِذَا الْقُبُورُ بُعْثِرَتْ
ထိုမှတစ်ပါး သင်္ချိုင်းများသည် အထက်အောက်မှောက်လှန် ဖရိုဖရဲဖြစ်စေခြင်းကို ခံကြရသောအခါ။
عَلِمَتْ نَفْسٌ مَا قَدَّمَتْ وَأَخَّرَتْ
ဇီဝိန် အသီးသီးတို့သည် မိမိတို့ ကြိုတင်ပို့နှင့်ခဲ့ကြသည် များကိုလည်းကောင်း၊ မိမိတို့သည် နောက်တွင် ချန်ခဲ့ကြသည်များကိုလည်းကောင်း၊ သိသွားခဲ့ ကြပေမည်။
يَا أَيُّهَا الْإِنْسَانُ مَا غَرَّكَ بِرَبِّكَ الْكَرِيمِ
အို-လူသား၊ မိမိအား ဖန်ဆင်းမွေးမြူတော်မူသော ကျေးဇူးတော်ရှင်နှင့် ပတ်သက်၍ မည်သည့်အရာသည် အသင့်အား လှည့်ဖြားခဲ့သနည်း။
الَّذِي خَلَقَكَ فَسَوَّاكَ فَعَدَلَكَ
အကြင်အရှင်မြတ်သည် အသင်(လူသား)အား ဖန်ဆင်းတော်မူခဲ့၏။ တစ်ဖန် အသင်၏(ဤအဆစ်အပိုင်းများ)ကို နေထားတကျဖြစ်အောင်လည်း ပြုပြင်တော်မူခဲ့၏။တဖန် အသင့်အား အချိုးအစား ကျအောင်လည်း စီမံတော်မူခဲ့၏။

Choose other languages: