Quran Apps in many lanuages:

Surah Al-Hajj Ayahs #52 Translated in Burmese

وَكَأَيِّنْ مِنْ قَرْيَةٍ أَمْلَيْتُ لَهَا وَهِيَ ظَالِمَةٌ ثُمَّ أَخَذْتُهَا وَإِلَيَّ الْمَصِيرُ
စင်စစ် မြောက်မြားစွာသော မြို့ရွာများရှိ၏။ငါအရှင်မြတ်သည် ထိုမြို့ရွာ(သား)တို့ကို ပြစ်မှု ကျူးလွန်သူများဖြစ်နေကြစဉ် (ပြစ်ဒဏ်ခတ်ခြင်းမှ) ရွှေ့ဆိုင်းတော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ယင်းမြို့(သား)တို့အား ဖမ်းဆီးကွပ်မျက်တော်မူခဲ့၏။ ၎င်းပြင်(ထိုသူတို့အားလုံးသည်) ငါအရှင်မြတ်အထံတော်သို့သာလျှင် ပြန်လည်ရောက်ရှိကြမည် ဖြစ်ချေသတည်း။
قُلْ يَا أَيُّهَا النَّاسُ إِنَّمَا أَنَا لَكُمْ نَذِيرٌ مُبِينٌ
(အို-နဗီတမန်တော်) အသင်သည် (ဤသို့)ပြောကြားပါလေ။ အို-လူသားအပေါင်းတို့ ငါသည် အသင်တို့ အဖို့ထင်ရှားစွာသော သတိပေးနှိုးဆော်သူ တစ်ဦးမျှဖြစ်ပေသည်။
فَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَهُمْ مَغْفِرَةٌ وَرِزْقٌ كَرِيمٌ
သို့ဖြစ်ပေရာ သက်ဝင်ယုံကြည်ခဲ့ကြသော ကောင်းမြတ်သောအကျင့်သီလများကိုလည်း ကျင့်မူ ဆောက်တည်ကြကုန်သော သူတို့အဖို့ (အပြစ်မှ) လွတ်ငြိမ်းချမ်းသာခွင့်သည်လည်းကောင်း၊ မြင့်မြတ်သော စားနပ်ရိက္ခာသည်လည်းကောင်း၊ရှိချိမ့်မည်။
وَالَّذِينَ سَعَوْا فِي آيَاتِنَا مُعَاجِزِينَ أُولَٰئِكَ أَصْحَابُ الْجَحِيمِ
သို့ရာတွင် ငါအရှင်မြတ်၏ သက်သေ လက္ခဏာတော်များနှင့်စပ်လျဉ်း၍ (နဗီတမန်တော်မြတ် အားလည်းကောင်း၊ မွတ်စ်လင်မ်တို့ အားလည်းကောင်း၊ နှိမ်နင်းရန်(ရှုံးနိမ့်စေရန်) ကြိုးပမ်း(ဆောင်ရွက်) သူတို့ကား၊ ထိုသူတို့သည်ပင်လျှင် ငရဲများဖြစ်ကြကုန်သတည်း။
وَمَا أَرْسَلْنَا مِنْ قَبْلِكَ مِنْ رَسُولٍ وَلَا نَبِيٍّ إِلَّا إِذَا تَمَنَّىٰ أَلْقَى الشَّيْطَانُ فِي أُمْنِيَّتِهِ فَيَنْسَخُ اللَّهُ مَا يُلْقِي الشَّيْطَانُ ثُمَّ يُحْكِمُ اللَّهُ آيَاتِهِ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
စင်စစ် ငါအရှင်မြတ်သည် အသင့်အလျင် ရစူလ်တမန်တော်ကိုလည်းကောင်း၊ နဗီတမန်တော်များကိုလည်းကောင်း၊ စေလွှတ်တော်မူခဲ့၏။ ထို(ရစူလ် သို့မဟုတ် နဗီ)တမန်တော်သည် (တစ်စုံတစ်ရာကို) ရွတ်ဖတ်သရဇ္ဈာယ်သောအခါ ရှိုင်တွာန်မိစ္ဆာကောင်သည် ထို(ရစူလ် သို့မဟုတ် နဗီ) ၏ ရွတ်ဖတ်သရဇ္ဈာယ်မှု (ကျမ်းချက်)နှင့်စပ်လျဉ်း၍ (မယုံကြည်သောသူ၊ မတည်မငြိမ်ဖြစ်နေသောသူတို့၏ စိတ်တွင်းဝယ် ဒွိဟသံသယကို) ထည့်သွင်းလေ့ရှိခဲ့၏။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ရှိုင်တွာန်မိစ္ဆာကောင် ထည့်သွင်းသမျှ(သောဒွိဟသံသယမှုများ)ကို ပပျောက် စေတော်မူလေ၏။ ထို့နောက်အလ္လာဟ်အရှင်မြတ်သည် မိမိအာယတ်တော်များကို (ပိုမို၍ပင်)တည်တံခိုင်မြဲတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်၊ဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသောအရှင်ဖြစ်တော် မူပေသတည်း။

Choose other languages: