Quran Apps in many lanuages:

Surah Al-Hajj Ayahs #27 Translated in Burmese

إِنَّ اللَّهَ يُدْخِلُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ يُحَلَّوْنَ فِيهَا مِنْ أَسَاوِرَ مِنْ ذَهَبٍ وَلُؤْلُؤًا ۖ وَلِبَاسُهُمْ فِيهَا حَرِيرٌ
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်ခဲ့ကြသည့်ပြင် ကောင်းမြတ်သော အကျင့်သီလများကိုလည်း ကျင့်မူဆောက်တည်ခဲ့ကြကုန်သော သူတို့အား အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော် မူပေမည်။ ထိုဥယျာဉ်များအောက်မှ ချောင်းများ စီးတွေလျက် ရှိကြပေမည်။ ထိုသူသည် ယင်းဥယျာဉ်များတွင် ရွှေလက်ကောက်(လက်မောင်းပတ်)များဖြင့်လည်း ကောင်း၊ ပုလဲများဖြင့်လည်းကောင်း တန်ဆာဆင်ယင်ပေးခြင်းကို ခံကြရပေမည်။ ထိုမှတစ်ပါး ယင်းဥယျာဉ်များတွင် ၎င်းတို့၏ဝတ်စားတန်ဆာများသည် ပိုးအဝတ်များပင်ဖြစ်ချေမည်။
وَهُدُوا إِلَى الطَّيِّبِ مِنَ الْقَوْلِ وَهُدُوا إِلَىٰ صِرَاطِ الْحَمِيدِ
စင်စစ် ၎င်းတို့သည်(ဤပစ္စက္ခဘဝတွင်) စင်ကြယ်သန့်ရှင်းသောစကား (ကလိမတ် တွိုက်ယိဗဟ်)ကိုလည်း ညွှန်ကြားပြသခြင်းခံခဲ့ကြရလေသည်။ ထိုမှတစ်ပါး ချီးမွမ်းထောမနာပြုခြင်းကို ခံယူထိုက်တော်မူသော အရှင်မြတ်၏လမ်းတော်ကိုလည်း ညွှန်ကြားပြသခြင်း ခံခဲ့ကြရကုန်သတည်း။
إِنَّ الَّذِينَ كَفَرُوا وَيَصُدُّونَ عَنْ سَبِيلِ اللَّهِ وَالْمَسْجِدِ الْحَرَامِ الَّذِي جَعَلْنَاهُ لِلنَّاسِ سَوَاءً الْعَاكِفُ فِيهِ وَالْبَادِ ۚ وَمَنْ يُرِدْ فِيهِ بِإِلْحَادٍ بِظُلْمٍ نُذِقْهُ مِنْ عَذَابٍ أَلِيمٍ
ဧကန်စင်စစ် အကြင်သူတို့သည် သွေဖည် ငြင်းပယ်ခဲ့ကြသည့်ပြင်(သူတစ်ပါးတို့အားလည်း) အလ္လာဟ်အရှင်မြတ်၏ လမ်းတော်မှလည်းကောင်း၊ အကြင်ရိုသေအပ်သော မတ်စ်ဂျိဒ်ဗလီဝတ်ကျောင်းတော်မှလည်းကောင်း၊ ပိတ်ပင်တားဆီးကြကုန်၏။ ငါအရှင်မြတ်သည် ယင်းဗလီဝတ်ကျောင်းတော်ကို ယင်း၌ အမြဲနေထိုင်သောသူ၊ ပြင်ပမှ (ခေတ္တခဏ)လာရောက်သောသူဟူ၍(ခွဲခြားခြင်းမရှိဘဲ)လူသားတို့အဖို့ ညီတူညီမျှ(အခွင့်အရေးခံစားရာဗဟိုဌာန)အဖြစ် ပြဋ္ဌာန်းထားတော်မူခဲ့၏။ သို့ရာတွင်မူကား မည်သူမဆို ယင်းဗလီဝတ်ကျောင်းတော်၌ တစ်စုံတစ်ရာ အယူဝါဒဖောက်ပြန်မှု၊ တစ်စုံတစ်ရာမတရားမှုကို(တစ်နည်း) တစ်စုံတစ်ရာ အယူဝါဒဖောက်ပြန်မှုကို မတရားသဖြင့် ကြံရွယ်သည်ရှိသော် ငါအရှင်မြတ်သည် ထိုသူအား နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို မြည်းစမ်းစေတော် မူအံ့သတည်း။
وَإِذْ بَوَّأْنَا لِإِبْرَاهِيمَ مَكَانَ الْبَيْتِ أَنْ لَا تُشْرِكْ بِي شَيْئًا وَطَهِّرْ بَيْتِيَ لِلطَّائِفِينَ وَالْقَائِمِينَ وَالرُّكَّعِ السُّجُودِ
ထိုမှတစ်ပါး(အို-နဗီတမန်တော်၊ ပြန်လည် သတိရပါလေ၊) တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် (နဗီတမန်တော်) အိဗ်ရာဟီမ်အား (ထူးမြတ်သော)အိမ်တော်၏နေရာကိုညွှန်ပြ၍ ပေးတော်မူခဲ့၏။ အမိန့်တော်ထုတ်ပြန်တော်မူခဲ့၏။အို-အိဗ်ရာဟီမ်) အသင်သည် မည်သည့်တစ်စုံတစ်ရာကိုပင်ငါအရှင်မြတ်နှင့်တွဲဖက် (နှိုင်းယှဉ်ကိုးကွယ်) ခြင်းကို မပြုပါလေနှင့်။ ထို့ပြင် အသင်သည် ငါအရှင်မြတ်၏ (ထူးမြတ်လှသော)အိမ်တော်ကို တွဝါဖ်လှည့်သူတို့အဖို့လည်းကောင်း၊ ‘ကိယာမ်’ရပ်သူတို့အဖို့လည်းကောင်း၊ ‘ရုကူအ်’ ဦးညွတ်သူတို့နှင့်’စဂျီဒဟ်’ ပျပ်ဝပ် ဦးချသူတို့အဖို့လည်းကောင်း၊ သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်၍ထားရှိပါလေ။
وَأَذِّنْ فِي النَّاسِ بِالْحَجِّ يَأْتُوكَ رِجَالًا وَعَلَىٰ كُلِّ ضَامِرٍ يَأْتِينَ مِنْ كُلِّ فَجٍّ عَمِيقٍ
၎င်းပြင် အသင်သည် လူခပ်သိမ်းတို့အား (ထူးမြတ်လှစွာသော ယင်းအိမ်တော်သို့ လာရောက်ဖူးမြော်)ဟဂျ်ပြုကြရန် ကြေညာ(ဖိတ်ခေါ်)ပါလေ။ (ထိုအခါ)လူတို့သည် အလွန်ဝေးလံသော လမ်းခရီးတိုင်းမှ ခြေကျင်လည်းကောင်း၊ ကျုံလှီပိန်ချုံးသော ကုလားအုတ်အသီးသီးပေါ်၌ စီးနင်း၍လည်းကောင်း၊အသင့်ထံသို့ လာရောက်ကြပေမည်။

Choose other languages: