Quran Apps in many lanuages:

Surah Al-Hajj Ayahs #22 Translated in Burmese

أَلَمْ تَرَ أَنَّ اللَّهَ يَسْجُدُ لَهُ مَنْ فِي السَّمَاوَاتِ وَمَنْ فِي الْأَرْضِ وَالشَّمْسُ وَالْقَمَرُ وَالنُّجُومُ وَالْجِبَالُ وَالشَّجَرُ وَالدَّوَابُّ وَكَثِيرٌ مِنَ النَّاسِ ۖ وَكَثِيرٌ حَقَّ عَلَيْهِ الْعَذَابُ ۗ وَمَنْ يُهِنِ اللَّهُ فَمَا لَهُ مِنْ مُكْرِمٍ ۚ إِنَّ اللَّهَ يَفْعَلُ مَا يَشَاءُ ۩
ဧကန်မလွဲ မိုးကောင်းကင်များ၌ ရှိသူတို့သည်လည်းကောင်း၊ ပထဝီမြေ၌ရှိသူတို့သည်လည်းကောင်း၊ နေသည်လည်းကောင်း၊ လသည်လည်းကောင်း၊ ကြယ် နက္ခတ်များသည်လည်းကောင်း၊ တောင်များသည် လည်းကောင်း၊ သစ်ပင်များသည်လည်းကောင်း၊ တိရစ္ဆာန်များသည်လည်းကောင်း၊ မြောက်များစွာသော လူတို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အားသာလျှင် ဦးချကြသည်ကို အသင်သည် မသိပါသလော။သို့ရာတွင် (လူတို့အနက်) မြောက်များစွာ သောသူတို့အပေါ်၌ပြစ်ဒဏ်သည် အတည်ဖြစ်လေပြီ။ စင်စစ်သော်ကား မည်သူအားမဆို အလ္လာဟ်အရှင်မြတ်သည် ဂုဏ်အသရေ ယုတ်ညံ့စေတော်မူပါလျှင်၊ ထိုသူအား (ဂုဏ်အသရေ) ချီးမြှင့်မည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှပင် မရှိတော့ပြီ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသည်ကို ပြုလုပ်တော် မူပေသတည်း။
هَٰذَانِ خَصْمَانِ اخْتَصَمُوا فِي رَبِّهِمْ ۖ فَالَّذِينَ كَفَرُوا قُطِّعَتْ لَهُمْ ثِيَابٌ مِنْ نَارٍ يُصَبُّ مِنْ فَوْقِ رُءُوسِهِمُ الْحَمِيمُ
ဤအုပ်စုနှစ်စုကား မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့်ပတ်သက်၍ အငြင်းပွားခဲ့ ကြသောအုပ်စုနှစ်စုပင်။ သို့ဖြစ်ပေရာ မယုံမကြည် သွေဖည်ငြင်းပယ်ခဲ့ကြသောသူတို့အဖို့ မီးဖြင့်ပြီးသော အဝတ်အထည်များသည် ကိုက်ညှပ်(ချုပ်စပ်)ပြီးဖြစ်ပေမည်။ (ထို့ပြင်) ၎င်းတို့၏ဦးခေါင်းများထက်မှ ကျိုက်ကျိုက်ဆူသောရေ သွန်းလောင်းခြင်းခံရမည်။
يُصْهَرُ بِهِ مَا فِي بُطُونِهِمْ وَالْجُلُودُ
ထိုရေကြောင့် ထိုသူတို့၏ဝမ်းဗိုက်များ၌ရှိသောအရာ (အူသိမ်အူမ၊ အသည်း၊ နှလုံး) စသည်တို့သည်လည်းကောင်း၊ အသားအရည်တို့သည် လည်းကောင်း၊ အရည်ပျော်၍သွားကြပေမည်။
وَلَهُمْ مَقَامِعُ مِنْ حَدِيدٍ
ထိုမှတစ်ပါး ၎င်းတို့အဖို့ သံတုတ်များလည်းရှိကြပေမည်။
كُلَّمَا أَرَادُوا أَنْ يَخْرُجُوا مِنْهَا مِنْ غَمٍّ أُعِيدُوا فِيهَا وَذُوقُوا عَذَابَ الْحَرِيقِ
၎င်းတို့သည် ဒုက္ခဆင်းရဲမှုကြောင့် ယင်း(ဂျဟန္နမ်ငရဲဘုံ)မှ ထွက်ရန်ကြံရွယ်ကြသည့်အခါတိုင်း၊ ယင်း(ဂျဟန္နမ်ငရဲဘုံ)ထဲသို့ပင် ပြန်လည်ပို့ ခြင်းကို ခံကြရပေမည်။ ထို့ပြင်(ကောင်းကင်တမန်များက ၎င်းတို့အား ယခုသော်) အသင်တို့သည် မီး၏ပြစ်ဒဏ်ကိုပင် မြည်းစမ်းလျက်ရှိကြလေကုန် (ဟုပြောဆိုကြအံ့သတည်း။)

Choose other languages: