Quran Apps in many lanuages:

Surah Al-Ghashiya Ayahs #5 Translated in Burmese

هَلْ أَتَاكَ حَدِيثُ الْغَاشِيَةِ
(အို-နဗီတမန်တော် ထိုကမ္ဘာအဝန်းကို) ထိုဖုံးလွှမ်းမည့် အဖြစ်အပျက်၏အကြောင်း သတင်းသည် အသင့်ထံ ရောက်ရှိခဲ့ပြီ မဟုတ်လော။
وُجُوهٌ يَوْمَئِذٍ خَاشِعَةٌ
ထိုနေ့တွင် များစွာသော(သူတို့၏) မျက်နှာများမှာ ညှိုးငယ်လျက် ရှိကြပေမည်။
عَامِلَةٌ نَاصِبَةٌ
ပင်ပန်းကြီးစွာ လုပ်ကိုင်(မှုကြောင့်) မောပန်းလျက် ရှိကြပေမည်။
تَصْلَىٰ نَارًا حَامِيَةً
၎င်းတို့သည် အလျှံပြောင်ပြောင် တောက်လောင်လျက်ရှိသော မီးထဲသို့ ဝင်ရောက်ကြရပေမည်။
تُسْقَىٰ مِنْ عَيْنٍ آنِيَةٍ
၎င်းတို့သည် ကျိုက်ကျိုက်ဆူလျက်ရှိသော စမ်းချောင်းတစ်ခုမှ (ရေကို) တိုက်ကျွေးခြင်း ခံကြရပေမည်။

Choose other languages: