Quran Apps in many lanuages:

Surah Al-Fath Ayahs #10 Translated in Burmese

وَيُعَذِّبَ الْمُنَافِقِينَ وَالْمُنَافِقَاتِ وَالْمُشْرِكِينَ وَالْمُشْرِكَاتِ الظَّانِّينَ بِاللَّهِ ظَنَّ السَّوْءِ ۚ عَلَيْهِمْ دَائِرَةُ السَّوْءِ ۖ وَغَضِبَ اللَّهُ عَلَيْهِمْ وَلَعَنَهُمْ وَأَعَدَّ لَهُمْ جَهَنَّمَ ۖ وَسَاءَتْ مَصِيرًا
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ မကောင်းသော ထင်မြင်ယူဆချက်ကို ထင်မြင်ယူဆကြကုန်သော ‘မုနာဖစ်က်’ မုစ်လင်မ်အယောင်ဆောင် ယောက်ျား၊ မိန်းမတို့အားလည်းကောင်း၊ ‘မုရှ်ရစ်က်’ တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက် နှိုင်းယှဉ်ကိုးကွယ်ကြသော ယောက်ျား၊ မိန်းမတို့အားလည်းကောင်း၊ ပြစ်ဒဏ်ပေးတော်မူအံ့သောငှာဖြစ်၏။ ၎င်းတို့၌ ဘေးဆိုးသည် ဆိုက်ရောက်တော့မည်ဖြစ်၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏အပေါ်၌ အမျက်ထွက်တော်မူမည်။ ထို့ပြင် ၎င်းတို့အား ကရုဏာတော်မှ ကင်းဝေးစေတော်မူမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ၎င်းတို့အဖို့ ‘ဂျဟန္နမ်’ ငရဲဘုံကို အဆင်သင့်ပြုလုပ်၍ ထားတော်မူ၏။ စင်စစ်မှာမူကား ယင်းငရဲဘုံသည် လွန်စွာ ဆိုးရွားလှသော နေရာထိုင်ခင်းပင် ဖြစ်ပေသည်။
وَلِلَّهِ جُنُودُ السَّمَاوَاتِ وَالْأَرْضِ ۚ وَكَانَ اللَّهُ عَزِيزًا حَكِيمًا
အမှန်စင်စစ်သော်ကား မိုးကောင်းကင်များ၌ရှိကုန်သော စစ်တပ်များသည်လည်းကောင်း၊ ပထဝီမြေ၌ရှိကုန်သော စစ်တပ်များသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသော စစ်တပ်ပင်ဖြစ်ကုန်၏။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်မှာမူကား ဘုန်းတန်ခိုးနှင့် ပြည့်စုံတော်မူသော အရှင်ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
إِنَّا أَرْسَلْنَاكَ شَاهِدًا وَمُبَشِّرًا وَنَذِيرًا
(အို-နဗီတမန်တော်၊) ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အား သက်သေအဖြစ်လည်းကောင်း၊ သတင်းကောင်း ပြောကြားသူ အဖြစ်လည်းကောင်း၊ သတိပေးနှိုးဆော်သူ အဖြစ်လည်းကောင်း၊ စေလွှတ်တော်မူခဲ့၏။
لِتُؤْمِنُوا بِاللَّهِ وَرَسُولِهِ وَتُعَزِّرُوهُ وَتُوَقِّرُوهُ وَتُسَبِّحُوهُ بُكْرَةً وَأَصِيلًا
(ယင်းသို့ စေလွှတ်တော်မူခြင်းမှာ) အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်အား သက်ဝင် ယုံကြည်ကြအံ့သောငှာလည်းကောင်း၊ ထိုအရှင်မြတ်(၏သာသနာတော် ရစူလ်တမန်တော်)ကို ကူညီကြအံ့သောငှာလည်းကောင်း၊ ထိုအရှင်မြတ်(၏ရစူလ်တမန်တော်အား ရိုသေကိုင်းရှိုင်းကြအံ့သောငှာလည်းကောင်း၊ ထိုအရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူကြောင်း၊ နံနက်ယံနှင့် ညနေချမ်းတို့၌ မြွက်ဆိုကြအံ့သောငှာလည်းကောင်း၊ ဖြစ်ပေသည်။)
إِنَّ الَّذِينَ يُبَايِعُونَكَ إِنَّمَا يُبَايِعُونَ اللَّهَ يَدُ اللَّهِ فَوْقَ أَيْدِيهِمْ ۚ فَمَنْ نَكَثَ فَإِنَّمَا يَنْكُثُ عَلَىٰ نَفْسِهِ ۖ وَمَنْ أَوْفَىٰ بِمَا عَاهَدَ عَلَيْهُ اللَّهَ فَسَيُؤْتِيهِ أَجْرًا عَظِيمًا
(အို-နဗီတမန်တော်၊) စင်စစ်ဧကန် အသင်နှင့်’ဗိုင်အတ်’ (ပဋိညာဉ်) ပြုကြကုန်သော သူတို့မှာ အလ္လာဟ်အရှင်မြတ်နှင့် ‘ဗိုင်အတ်’ပဋိညာဉ် ပြုကြသည် သာတည်း။ အလ္လာဟ်အရှင်မြတ်၏ လက်တော်ကား ၎င်းတို့၏လက်များပေါ်၌ ရှိတော်မူ၏။ သို့ဖြစ်ပေရာ �ည်သူမဆို ပဋိညာဉ်ကို ချိုးဖျက်ခဲ့ပါလျှင် ထိုသူသည် မိမိကိုယ်နှင့် ဆန့်ကျင်၍ ပဋိညာဉ်ကို ချိုးဖျက်ခြင်းပင် ဖြစ်ပေသည်။ သို့ရာတွင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် ပဋိညာဉ်ပြုခဲ့သော အချက်တို့ကိုထိန်းသိမ်း စောင့်ရှောက်ခဲ့ပါလျှင် မကြာမြင့်မီပင် ထိုအရှင်မြတ်သည် ၎င်းအား ကြီးကျယ်လှစွာသော အကျိုးကို ချီးမြှင့် ပေးသနားတော်မူအံ့ သတည်း။

Choose other languages: