Quran Apps in many lanuages:

Surah Al-Fath Ayahs #23 Translated in Burmese

وَمَغَانِمَ كَثِيرَةً يَأْخُذُونَهَا ۗ وَكَانَ اللَّهُ عَزِيزًا حَكِيمًا
ထိုမှတစ်ပါး မြောက်မြားစွာသော လက်ရပစ္စည်းများကိုလည်း (ချီးမြှင့်တော်မူခဲ့ပေရာ) ၎င်းတို့သည် ယင်းလက်ရပစ္စည်းများကို ယူငင်လျက် ရှိကြကုန်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် လွန်စွာ နိုင်နင်းလွှမ်းမိုးတော်မူသောအရှင် ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
وَعَدَكُمُ اللَّهُ مَغَانِمَ كَثِيرَةً تَأْخُذُونَهَا فَعَجَّلَ لَكُمْ هَٰذِهِ وَكَفَّ أَيْدِيَ النَّاسِ عَنْكُمْ وَلِتَكُونَ آيَةً لِلْمُؤْمِنِينَ وَيَهْدِيَكُمْ صِرَاطًا مُسْتَقِيمًا
အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အခြားမြောက်မြားစွာသော လက်ရပစ္စည်းများကိုလည်း အသင်တို့ ယူငင်ကြဦးမည် ဖြစ်သည်ဟု ကတိပေးတော်မူခဲ့၏။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ဤသည့်(အောင်မြင်မှု)ကို အသင်တို့အား လတ်တလော ချီးမြှင့်တော်မူခဲ့၏။ ၎င်းပြင် ထိုအရှင်မြတ်သည် လူတို့၏လက်များကို အသင်တို့(အား အန္တရာယ်ပြုနိုင်ခြင်း)မှ တားဆီးတော်မူခဲ့၏။ (ထိုသို့ပြုတော်မူခြင်းမှာ)ယင်း(လတ်တလောရရှိခဲ့သော) အောင်မြင်မှုသည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အဖို့ နမူနာတစ်ရပ် ဖြစ်အံ့သောငှာ လည်းကောင်း၊ ထိုအရှင်မြတ်သည် အသင်တို့အား ဖြောင့်မတ်သောလမ်းကို ပြတော်မူအံ့သောငှာလည်းကောင်း၊ ဖြစ်ချေသည်။
وَأُخْرَىٰ لَمْ تَقْدِرُوا عَلَيْهَا قَدْ أَحَاطَ اللَّهُ بِهَا ۚ وَكَانَ اللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرًا
ထိုမှတစ်ပါး အသင်တို့ စွမ်းနိုင်ခြင်း မရှိခဲ့ကြသေးသော အခြားအောင်မြင်မှုတစ်ရပ်လည်း ရှိပေသေး၏။ဧကန်�င်စစ် အလ္လာဟ်အရှင်မြတ်သည် ယင်းအောင်မြင်မှုကို ဝန်းဝိုင်းလျက် ရှိတော်မူ၏။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းနိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
وَلَوْ قَاتَلَكُمُ الَّذِينَ كَفَرُوا لَوَلَّوُا الْأَدْبَارَ ثُمَّ لَا يَجِدُونَ وَلِيًّا وَلَا نَصِيرًا
စင်စစ်တမူကား အကယ်၍သာ ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သော သူတို့သည် အသင်တို့နှင့် ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ကြပါလျှင် ၎င်းတို့သည် ကျောခိုင်း၍ ထွက်ပြေးခဲ့ကြမည်သာ။ထို့နောက် ၎င်းတို့သည် အဆွေခင်ပွန်းဟူ၍လည်း တစ်ဦးတစ်ယောက်ကိုမျှပင် တွေ့ရှိကြမည် မဟုတ်ပေ။ ကူညီစောင်မအံ့သောသူဟူ၍လည်း တစ်ဦးတစ်ယောက်ကိုမျှပင် တွေ့ရှိကြမည် မဟုတ်ပေ။
سُنَّةَ اللَّهِ الَّتِي قَدْ خَلَتْ مِنْ قَبْلُ ۖ وَلَنْ تَجِدَ لِسُنَّةِ اللَّهِ تَبْدِيلًا
(ဤသည်)ရှေးအထက်ကျော်ကာလက လွန်လေခဲ့ပြီးဖြစ်သော အလ္လာဟ်အရှင်မြတ်၏ စည်းကမ်းပင် ဖြစ်၏။ ၎င်းပြင် (အို-နဗီတမန်တော်၊)အသင်သည် အလ္လာဟ်အရှင်မြတ်၏ စည်းကမ်း၌ မည်သည့်ပြောင်းလဲမှုကိုမျှ အလျှင်းတွေ့ရှိမည် မဟုတ်ပေ။

Choose other languages: