Quran Apps in many lanuages:

Surah Al-Fath Ayahs #16 Translated in Burmese

بَلْ ظَنَنْتُمْ أَنْ لَنْ يَنْقَلِبَ الرَّسُولُ وَالْمُؤْمِنُونَ إِلَىٰ أَهْلِيهِمْ أَبَدًا وَزُيِّنَ ذَٰلِكَ فِي قُلُوبِكُمْ وَظَنَنْتُمْ ظَنَّ السَّوْءِ وَكُنْتُمْ قَوْمًا بُورًا
စင်စစ်မှာမူကား ရစူလ်တမန်တော်မြတ်သည် လည်းကောင်း၊ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့ သည်လည်းကောင်း၊ မည်သည့်အခါမျှပင် မိမိတို့၏ အိမ်သူအိမ်သားတို့ထံ အလျှင်းပြန်လာကြမည် မဟုတ်ဟူ၍ အသင်တို့ ထင်မှတ်နေခဲ့ကြကုန်၏။ ထို့ပြင် ယင်းအတွေးအထင်သည် အသင်တို့၏ စိတ်နှလုံးများကို လှပတင့်တယ်လျက် ရှိနေစေခဲ့၏။ ၎င်းပြင် အသင်တို့သည် မကောင်းသော ထင်မြင်ချက်ကို ထင်မြင်ခဲ့ကြကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် ပျက်စီးသော သူများပင်ဖြစ်ခဲ့ကြကုန်၏။
وَمَنْ لَمْ يُؤْمِنْ بِاللَّهِ وَرَسُولِهِ فَإِنَّا أَعْتَدْنَا لِلْكَافِرِينَ سَعِيرًا
စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ သက်ဝင်ယုံကြည် ခြင်းမရှိခဲ့မူ ဧကန်မလွဲ ငါအရှင်မြတ်သည် ‘ကာဖိရ်’ သွေဖည် ငြင်းပယ်ကြကုန်သောသူတို့အဖို့ ‘ဂျဟန္နမ်’ ငရဲဘုံကို အဆင်သင့် ပြုလုပ်ထားတော်မူ၏။
وَلِلَّهِ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۚ يَغْفِرُ لِمَنْ يَشَاءُ وَيُعَذِّبُ مَنْ يَشَاءُ ۚ وَكَانَ اللَّهُ غَفُورًا رَحِيمًا
စင်စစ်တမူကား မိုးကောင်းကင်များကို စိုးမိုးအုပ်ချုပ်မှု အာဏာသည်လည်းကောင်း၊ ကမ္ဘာမြေကို စိုးမိုးအုပ်ချုပ်မှု အာဏာသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၌သာရှိ၏။ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူ၍ မိမိအလိုရှိတော်မမူသောသူအား ပြစ်ဒဏ်ပေးတော်မူသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
سَيَقُولُ الْمُخَلَّفُونَ إِذَا انْطَلَقْتُمْ إِلَىٰ مَغَانِمَ لِتَأْخُذُوهَا ذَرُونَا نَتَّبِعْكُمْ ۖ يُرِيدُونَ أَنْ يُبَدِّلُوا كَلَامَ اللَّهِ ۚ قُلْ لَنْ تَتَّبِعُونَا كَذَٰلِكُمْ قَالَ اللَّهُ مِنْ قَبْلُ ۖ فَسَيَقُولُونَ بَلْ تَحْسُدُونَنَا ۚ بَلْ كَانُوا لَا يَفْقَهُونَ إِلَّا قَلِيلًا
မကြာမီပင် နောက်ကျစ်ရစ်ခဲ့ကြသော သူတို့သည် လက်ရပစ္စည်းများကိုယူရန် အသင်တို့သွားကြသောအခါ’အသင်တို့သည် ကျွန်ုပ်တို့အား မိမိတို့နှင့်အတူလိုက်ရန် ခွင့်ပြုကြလေကုန်’ ဟူ၍ ပြောဆိုကြပေမည်။ (အို-နဗီတမန်တော်၊)အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် ကျွန်ုပ်တို့နှင့်အတူ အလျှင်းမလိုက်နိုင်ကြပေ။ ဤအတိုင်း ရှေ�ဦးမဆွကပင် အလ္လာဟ်အရှင်မြတ်က မိန့်ကြားထားတော်မူ၏။ထိုအခါ ၎င်းတို့က အလျှင်းမဟုတ်၊ စင်စစ်မှာမူကား အသင်တို့သည် ကျွန်ုပ်တို့အား မနာလိုကြသည်ဟု အမှန်ပင် ပြောဆိုကြပေမည်။ အမှန်စင်စစ်သော်ကား ၎င်းတို့သည် အနည်းငယ်မျှသာလျှင် နားလည်ကြကုန်သတည်း။
قُلْ لِلْمُخَلَّفِينَ مِنَ الْأَعْرَابِ سَتُدْعَوْنَ إِلَىٰ قَوْمٍ أُولِي بَأْسٍ شَدِيدٍ تُقَاتِلُونَهُمْ أَوْ يُسْلِمُونَ ۖ فَإِنْ تُطِيعُوا يُؤْتِكُمُ اللَّهُ أَجْرًا حَسَنًا ۖ وَإِنْ تَتَوَلَّوْا كَمَا تَوَلَّيْتُمْ مِنْ قَبْلُ يُعَذِّبْكُمْ عَذَابًا أَلِيمًا
(အို-နဗီတမန်တော်၊) အသင်သည် နောက်ကျန်ရစ်ခဲ့ကြလေသော၊ ကန္တာရတွင် လှည့်လည်နေထိုင်ကြကုန်သော အရဗ်တောကျေးသားတို့အား ပြောကြားပါလေ။ "(အချင်းတို့၊) မကြာမြင့်မီပင် အသင်တို့သည် အလွန်အမင်း တိုက်ခိုက်မှုပြုခဲ့ကြသော အမျိုးသားတို့နှင့် ပြိုင်ဆိုင်တိုက်ခိုက်ရန် ဖိတ်ခေါ်ခြင်းကို ခံကြရပေမည်။ အသင်တို့သည် ၎င်းတို့နှင့် တိုက်ခိုက်ကြရပေမည်။ သို့တည်းမဟုတ် ၎င်းတို့သည် (လက်နက်ချ အညံ့ခံ၍ အစ္စလာမ်သာသနာတော်၏ အမိန့်ကို) နာခံကြရပေမည်။ထိုအခါ အကယ်၍ အသင်တို့သည် အမိန့်တော်ကို လိုက်နာကြပါလျှင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ကောင်းမြတ်သောအကျိုးကို ချီးမြှင့် ပေးသနားတော်မူပေမည်။ သို့ရာတွင် အကယ်၍ အသင်တို့သည် ယခင်နည်းတူ မျက်နှာလွှဲကြပါမူ ထိုအရှင်မြတ်သည် အသင်တို့အား ပြင်းပြစွာသော ပြစ်ဒဏ်ကို ပေးတော်မူပေမည်။

Choose other languages: