Quran Apps in many lanuages:

Surah Al-Burooj Ayahs #15 Translated in Burmese

إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَهُمْ جَنَّاتٌ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ ۚ ذَٰلِكَ الْفَوْزُ الْكَبِيرُ
ဧကန်မုချ "အီမာန်" သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သော သူတို့အဖို့ အကြင်ဥယျာဉ်များသည် ရှိပေသည်။ ထိုဥယျာဉ်များ၏အောက်မှ စမ်းချောင်းများသည် စီးတွေလျက်ရှိပေသည်။ ဤသည် ကြီးကျယ်လှစွာသော အောင်မြင်မှုပင်။
إِنَّ بَطْشَ رَبِّكَ لَشَدِيدٌ
မလွဲဧကန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ဖမ်းဆီးမှု၊ (အရေးယူ)မှုသည် အမှန်ပင် ပြင်းထန်လှပေသည်။
إِنَّهُ هُوَ يُبْدِئُ وَيُعِيدُ
ဧကန်မလွဲ ထိုအရှင်မြတ်သည်သာလျှင် (ပထမအကြိမ်) စတင်ဖန်ဆင်းတော်မူ၏။ တစ်ဖန် ထိုအရှင်မြတ်သည်သာလျှင်(ဒုတိယအကြိမ်)ပြန်လည် ဖန်ဆင်းတော်မူပေမည်။
وَهُوَ الْغَفُورُ الْوَدُودُ
၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ ချစ်မြတ်နိုးတော်မူသောအရှင်။
ذُو الْعَرْشِ الْمَجِيدُ
အရ်ရှ်" ပလ္လင်တော်ကို စိုးပိုင်တော်မူသောအရှင်၊ အထူးဂုဏ်ကျက်သရေနှင့် ပြည်စုံတော်မူသောအရှင်။

Choose other languages: