Quran Apps in many lanuages:

Surah Al-Burooj Ayahs #18 Translated in Burmese

وَهُوَ الْغَفُورُ الْوَدُودُ
၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ ချစ်မြတ်နိုးတော်မူသောအရှင်။
ذُو الْعَرْشِ الْمَجِيدُ
အရ်ရှ်" ပလ္လင်တော်ကို စိုးပိုင်တော်မူသောအရှင်၊ အထူးဂုဏ်ကျက်သရေနှင့် ပြည်စုံတော်မူသောအရှင်။
فَعَّالٌ لِمَا يُرِيدُ
မိမိ ရည်စူးတော်မူသောကိစ္စကို ပြီးမြောက်အောင် ဆောင်ရွက်တော်မူသောအရှင် ဖြစ်တော်မူ၏။
هَلْ أَتَاكَ حَدِيثُ الْجُنُودِ
(အို-နဗီတမန်တော်) အသင့်ထံ ထိုတပ်များ၏အကြောင်း အတ္ထုပ္ပတ္တိသည် ရောက်ရှိခဲ့ပြီ မဟုတ်လော။
فِرْعَوْنَ وَثَمُودَ
ဖစ်ရ်အောင်န်" ၏တပ်များ အကြောင်းသည်လည်းကောင်း၊ "ဆမူဒ်"အမျိုးသားတို့၏အကြောင်းသည်လည်းကောင်း။

Choose other languages: