Quran Apps in many lanuages:

Surah Al-Baqara Ayah #85 Translated in Burmese

ثُمَّ أَنْتُمْ هَٰؤُلَاءِ تَقْتُلُونَ أَنْفُسَكُمْ وَتُخْرِجُونَ فَرِيقًا مِنْكُمْ مِنْ دِيَارِهِمْ تَظَاهَرُونَ عَلَيْهِمْ بِالْإِثْمِ وَالْعُدْوَانِ وَإِنْ يَأْتُوكُمْ أُسَارَىٰ تُفَادُوهُمْ وَهُوَ مُحَرَّمٌ عَلَيْكُمْ إِخْرَاجُهُمْ ۚ أَفَتُؤْمِنُونَ بِبَعْضِ الْكِتَابِ وَتَكْفُرُونَ بِبَعْضٍ ۚ فَمَا جَزَاءُ مَنْ يَفْعَلُ ذَٰلِكَ مِنْكُمْ إِلَّا خِزْيٌ فِي الْحَيَاةِ الدُّنْيَا ۖ وَيَوْمَ الْقِيَامَةِ يُرَدُّونَ إِلَىٰ أَشَدِّ الْعَذَابِ ۗ وَمَا اللَّهُ بِغَافِلٍ عَمَّا تَعْمَلُونَ
ထို(ကဲ့သို့ ထင်ရှားစွာ ပဋိညာဉ်ဝန်ခံချက် ပြုကြပြီး)နောက် အသင်တို့ပင်လျှင် မိမိတို့အချင်းချင်း တစ်ဦးကိုတစ်ဦး သတ်ဖြတ်ကြ၍ မိမိတို့အနက်မှ လူတစ်စုကို ထိုသူတို့၏ အိုးအိမ်မြို့ရွာများမှ နှင်ထုတ်ကြ၏။ ၎င်းပြင် အသင်တို့သည် ထိုသူတို့ကို ဆန့်ကျင်၍ အကုသိုလ် ဒုစရိုက်မှုများကို ပြု�ုပ်ခြင်း အားဖြင့်လည်းကောင်း၊ မတရားသဖြင့် အကျိုးကျေးဇူးပျက်စီး နစ်နာစေခြင်းအားဖြင့် လည်းကောင်း အသင်တို့သည်(ထိုသူတို့၏ရန်သူများအား) ယိုင်းပင်းကူညီကြလေသည်။(ထိုကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် အသင်တို့သည်ကတိဝန်ခံချက်နှစ်ရပ် လုံးကိုဖေါက်ဖျက်ကြ၏)။ သို့သော် တဖန် ယင်းလူစုသည် အသင်တို့ ထံသို့ သုံ့ပန်းအဖြစ်ဖြင့် (ပြန်လည်) ရောက်ရှိကြသောအခါ အသင်တို့ သည် ယင်းသူတို့အား (လျော်ကြေးပေး၍) ရွေးယူကြပြန်သည်၊ စင်စစ်ဆိုသော် ထိုသူတို့အားထိုကဲ့သို့ (အိုးအိမ်မြို့ရွာ များမှ) နှင်ထုတ်ခြင်းသည် သင်တို့အဖို့ မြစ်တားထားသော ပညတ်ချက် (တစ်ရပ်)ပင် ဖြစ်ပေသည်။ အသင်တို့သည် (တောင်ရာတ်) ကျမ်းတော်မြတ်၏တစိတ်တဒေသကိုသာ ယုံကြည်လက်ခံကြ၍ ချို့အမိန့်တော်များကို ငြင်းပယ်ကြလေသလော။ ထိုသို့ ဖြစ်ခဲ့ပါလျှင် အသင်တို့အနက်မှ ယင်းကဲ့သို့သော အပြုအမူကို ပြုကျင့်ကြကုန်သောသူများ၏ထိုက်သင့်သောအကျိုးကား ဤလောက၌ အသက်ထင်ရှားရှိ နေစဉ် အရှက်ကွဲခြင်း၊ ဂုဏ်အသရေယုတ်ညံ့ခြင်းမှအပ (အခြား) အဘယ်အရာဖြစ်နိုင်ဦး မည်နည်း။ ဤမျှမကသေး တဖန်နောင်တရားစီရင် ဆုံးဖြတ်မည့်နေ့တွင် ပိုမို၍ ပြင်းထန်လှစွာသော အပြစ်ဒဏ်ကို ခံစားကြရဦးမည်၊ စင်စစ်တမူကား အလ္လာဟ် အရှင်မြတ်သည် အသင်တို့ ပြုကျင့်ကြကုန်သော ကိစ္စ (အရပ်ရပ်တို့)ကို မေ့လျော့ လျစ်လျူရှုတော်မှုမည့်အရှင် မဟုတ်ပေ။

Choose other languages: