Quran Apps in many lanuages:

Surah Al-Baqara Ayah #83 Translated in Burmese

وَإِذْ أَخَذْنَا مِيثَاقَ بَنِي إِسْرَائِيلَ لَا تَعْبُدُونَ إِلَّا اللَّهَ وَبِالْوَالِدَيْنِ إِحْسَانًا وَذِي الْقُرْبَىٰ وَالْيَتَامَىٰ وَالْمَسَاكِينِ وَقُولُوا لِلنَّاسِ حُسْنًا وَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ ثُمَّ تَوَلَّيْتُمْ إِلَّا قَلِيلًا مِنْكُمْ وَأَنْتُمْ مُعْرِضُونَ
ထို့ပြင်တဝ အခါတပါး၌ ငါအရှင်မြတ်သည် အစ္စရာအီလီမျိုးနွယ်များထံမှ အသင်တို့သည် အလ္လာဟ် အရှင်မြတ်မှအပ မည်သည့်အရာကိုမျှ ခဝပ်ရိုကျိုး ရှိခိုးပူဇော် ကိုးကွယ်ဆည်းကပ်ခြင်း မပြုကြရမည့်အကြောင်း၊ထို့ပြင် မာတာပိတု မိဘနှစ်ပါးကိုလည်းကောင်း၊ သွေးချင်းနီးစပ်သော ဆွေမျိုးရင်းချာ တို့ကိုလည်းကောင်း၊ ဖသက် ဆိုးများလည်းကောင်း၊ အထီးကျန် သူဆင်းရဲတို့ကို လည်းကောင်း၊ ကောင်းမှုပြုကြရမည့် အကြောင်း၊ ထိုမျှမက လူ အပေါင်းတို့နှင့် (ပြောဆိုဆက်ဆံရာ၌ သာယာချိုအေး ယဉ်ကျေးလှစွာသော စကားများကိုသာ) ကောင်းမွန်စွာ ပြောဆိုကြရမည့်အကြောင်း၊ ဆွာလာတ်ဝတ်ပြုကြရမည့် အကြောင်းနှင့် ဇကာတ် တရားဝင်ဒါနကြေးကို ပေးဆောင် ကြရမည့်အကြောင်း ကတိဝန်ခံချက်ကို ယူတော်မူခဲ့လေသည်။ ထို(ကဲ့သို့ ခိုင်မာသော ပဋိညာဉ်ဝန်ခံချက်များကို ပြုပြီးသည့်) နောက် အသင်တို့အနက်မှ အနည်းငယ်မှအပ ကျန်အားလုံးတို့ သည် (ယင်းပဋိညာဉ် ဝန်ခံချက်ကို ဖေါက်ဖျက်၍) နောက်ဆုတ် လွှဲဖယ် ရှောင်သွား ကြလေသည်။ စင်စစ်တမူကား အသင်တို့ သည် (ဖြောင့်မတ်မှန်ကန်သောလမ်းမှ) သွေဖည်လေ့ရှိသော သူများသာ ဖြစ်ကြကုန်လေသတည်း။

Choose other languages: