Quran Apps in many lanuages:

Surah Al-Baqara Ayahs #7 Translated in Burmese

2:3
الَّذِينَ يُؤْمِنُونَ بِالْغَيْبِ وَيُقِيمُونَ الصَّلَاةَ وَمِمَّا رَزَقْنَاهُمْ يُنْفِقُونَ
အကြင်သူတော်စင်များသည် (ကုရ်အာန် ကျမ်းလာ) အကွယ်၌ တည်ရှိသော အရာများကို အမှန်ဖြစ်သည် ရှိသည်ဟု (ခိုင်ခံ့မြဲမြံသော သဒ္ဓါတရားဖြင့်) ယုံကြည် ကြသည်။ (စည်းကမ်းသေဝပ်စွာ) ဆွလာတ် ဝတ်ပြုကြသည်။ ထို့ပြင် ထိုသတို့သားတို့အား ငါအရှင်ပေးသနားတော်မူထားသော ဥစ္စာပစ္စည်းများမှ ထိုသူတို့သည် (တရားတော်နှင့်အညီ) လှူဒါန်းကြသည်။
2:4
وَالَّذِينَ يُؤْمِنُونَ بِمَا أُنْزِلَ إِلَيْكَ وَمَا أُنْزِلَ مِنْ قَبْلِكَ وَبِالْآخِرَةِ هُمْ يُوقِنُونَ
ထို့ပြင် ထိုသူတော်စင်များသည် အသင့်ထံသို့ထုတ်ပြန် ပို့ချသော(ကုရ်အာန်)ကျမ်းမြတ်ကို လည်းကောင်း၊ အသင့်အလျင် ရှေးပဝေ သဏီက (ပွင့်လေပြီးသော နဗီတမန် တော်များထံသို့) ထုတ်ပြန် ပို့ချသောကျမ်းဂန်များကို လည်းကောင်း၊ ယုံကြည်ကြ၏။ ထို့ပြင် တဝ ထိုသူတော်စင်များသည် တမလွန်ဘဝကိုလည်း အမှန်ဟူ၍ သံသယကင်းစွာ ယုံကြည် ကြကုန်၏။
2:5
أُولَٰئِكَ عَلَىٰ هُدًى مِنْ رَبِّهِمْ ۖ وَأُولَٰئِكَ هُمُ الْمُفْلِحُونَ
(ဖော်ပြပါ အင်္ဂါရပ်များနှင့်ပြည့်စုံသော) ထိုသူတော်စင်များသည် မိမိတို့၏ အရှင်သခင်၏ တရားလမ်းပေါ်၌ တည်ရှိကြကုန်၏။ ထိုသူတော်စင်များသည်သာလျှင် အောင်မြင်သူများ ဖြစ်ကြကုန်သတည်း။
2:6
إِنَّ الَّذِينَ كَفَرُوا سَوَاءٌ عَلَيْهِمْ أَأَنْذَرْتَهُمْ أَمْ لَمْ تُنْذِرْهُمْ لَا يُؤْمِنُونَ
ဧကန်မုချ အသင်သည် သွေဖည်ငြင်းဆန် သောကာဖိရ်များအား (ထိတ်လန့်ဘွယ်ရာ အကြောင်းများကို) သတိပေး နှိုးဆော်သည်ဖြစ်စေ၊ မနှိုးဆော်သည်ဖြစ်စေ ထိုသူတို့အဖို့ အကြောင်းမထူး၊ ထိုသူတို့တမူကား ယုံကြည်ကြမည်မဟုတ်ပေ။
2:7
خَتَمَ اللَّهُ عَلَىٰ قُلُوبِهِمْ وَعَلَىٰ سَمْعِهِمْ ۖ وَعَلَىٰ أَبْصَارِهِمْ غِشَاوَةٌ ۖ وَلَهُمْ عَذَابٌ عَظِيمٌ
အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏ စိတ်နှလုံးများနှင့် သောတာရုံအပေါ်၌ တံဆိပ်ခတ်နှိပ်တော် မူလိုက်ပြီ၊။ ထို့ပြင် ထိုသူတို့၏စက္ခုအာရုံများ အပေါ်၌လည်း အကာအကွယ် ရှိနေလေသည်။ ထို့ နောက် ထိုသူတို့အဖို့ ကြီးလေးသော အပြစ်ဒဏ်သည်လည်း အသင့်ရှိချေပြီ။

Choose other languages: