Quran Apps in many lanuages:

Surah Al-Baqara Ayahs #10 Translated in Burmese

2:6
إِنَّ الَّذِينَ كَفَرُوا سَوَاءٌ عَلَيْهِمْ أَأَنْذَرْتَهُمْ أَمْ لَمْ تُنْذِرْهُمْ لَا يُؤْمِنُونَ
ဧကန်မုချ အသင်သည် သွေဖည်ငြင်းဆန် သောကာဖိရ်များအား (ထိတ်လန့်ဘွယ်ရာ အကြောင်းများကို) သတိပေး နှိုးဆော်သည်ဖြစ်စေ၊ မနှိုးဆော်သည်ဖြစ်စေ ထိုသူတို့အဖို့ အကြောင်းမထူး၊ ထိုသူတို့တမူကား ယုံကြည်ကြမည်မဟုတ်ပေ။
2:7
خَتَمَ اللَّهُ عَلَىٰ قُلُوبِهِمْ وَعَلَىٰ سَمْعِهِمْ ۖ وَعَلَىٰ أَبْصَارِهِمْ غِشَاوَةٌ ۖ وَلَهُمْ عَذَابٌ عَظِيمٌ
အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏ စိတ်နှလုံးများနှင့် သောတာရုံအပေါ်၌ တံဆိပ်ခတ်နှိပ်တော် မူလိုက်ပြီ၊။ ထို့ပြင် ထိုသူတို့၏စက္ခုအာရုံများ အပေါ်၌လည်း အကာအကွယ် ရှိနေလေသည်။ ထို့ နောက် ထိုသူတို့အဖို့ ကြီးလေးသော အပြစ်ဒဏ်သည်လည်း အသင့်ရှိချေပြီ။
2:8
وَمِنَ النَّاسِ مَنْ يَقُولُ آمَنَّا بِاللَّهِ وَبِالْيَوْمِ الْآخِرِ وَمَا هُمْ بِمُؤْمِنِينَ
လူသားများအနက် အချို့သော သူတို့သည်(ဥပါယ်တမျဉ်ဖြင့်) ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ကို လည်းကောင်း၊ (ရှင်ပြန်ထရမည့်) နောက်ဆုံးနေ့ကို လည်းကောင်း၊ ယုံကြည်ကြပါ ၏ဟု ပြောဆိုကြ၏။ အမှန်သော်ကားထိုသူတို့သည် ယုံကြည် သော မုအ်မင် များမဟုတ်ကြပေ။
2:9
يُخَادِعُونَ اللَّهَ وَالَّذِينَ آمَنُوا وَمَا يَخْدَعُونَ إِلَّا أَنْفُسَهُمْ وَمَا يَشْعُرُونَ
ထို(မုအ်မင်အသွင်ဆောင်သော) သူများသည်အလ္လာဟ် အရှင်မြတ်ကို လည်းကောင်း၊ (ယုံကြည်ခြင်း သဒ္ဓါတရား ရှိသော) မုအ်မင်များကို လည်းကောင်း၊ လိမ်လည် လှည့်ဖြားရန် ကြိုးစား အားထုတ်ကြ၏။ အမှန်သော်ကား ထိုသူများသည် (မည်သူ့ကိုမျှ) လိမ်လည် လှည့်ဖြားကြသည်မဟုတ်၊ မိမိတို့ကိုယ် ကိုသာလျှင် မိမိတို့ လိမ်လည်လှည့်ဖြားကြ၏။ သို့သော် ထိုသူများသည် (ဤသည်ကိုပင်) သိမြင်နားလည်ကြသည် မဟုတ်ချေ။
فِي قُلُوبِهِمْ مَرَضٌ فَزَادَهُمُ اللَّهُ مَرَضًا ۖ وَلَهُمْ عَذَابٌ أَلِيمٌ بِمَا كَانُوا يَكْذِبُونَ
ထို(မုစ်လင်(မ်) အသွင်ဆောင်သော) သူများ၏ စိတ်နှလုံးများ၌ (မနာလိုဝန်တို ဣဿာ၊ မစ္ဆရိယ ) တည်းဟူသော ရောဂါဝေနာသည် စွဲကပ် လျက်ရှိ၏။ သို့ဖြစ်လေရာ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏ရောဂါကို တိုးပွားစေတော်မူ၏။ ထိုမှတပါးတုံ ထိုသူများအဖို့ (ဆင်းရဲကြီးစွာ ခံစားရန်) ပြင်းပြနာကျင်ဘွယ်ကောင်းသော အပြစ်ဒဏ်ကိုလည်း အသင့်ထားရှိတော် မူလေ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူများသည် (မယုံကြည်ဘဲလျက် ကျွန်ုပ်တို့ယုံကြည်ကြပါ၏ ဟု) မဟုတ်မလျား မုသား ပြောဆိုလေ့ ရှိခြင်းကြောင့်တည်း။

Choose other languages: