Quran Apps in many lanuages:

Surah Al-Baqara Ayahs #276 Translated in Burmese

لَيْسَ عَلَيْكَ هُدَاهُمْ وَلَٰكِنَّ اللَّهَ يَهْدِي مَنْ يَشَاءُ ۗ وَمَا تُنْفِقُوا مِنْ خَيْرٍ فَلِأَنْفُسِكُمْ ۚ وَمَا تُنْفِقُونَ إِلَّا ابْتِغَاءَ وَجْهِ اللَّهِ ۚ وَمَا تُنْفِقُوا مِنْ خَيْرٍ يُوَفَّ إِلَيْكُمْ وَأَنْتُمْ لَا تُظْلَمُونَ
(အို-နဗီတမန်တော်) ထို (ကာဖိရ်) တို့အားတရားလမ်းမှန်သို့ အရောက်ပို့ဆောင်ခြင်းသည် အသင်၏တာဝန်မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် မိမိနှစ်လိုတော်မူသော သူတို့ကို တရားလမ်းမှန်သို့အရောက် ပို့ဆောင်တော်မူသည်။ ထို့ပြင် (အို-မုစ်လင်မ် အပေါင်းတို့) အသင်တို့သည် (မိမိတို့၏)ဥစ္စာပစ္စည်းများအနက် မည်သည့်ဥစ္စာပစ္စည်းကိုမဆို အလှူဒါနပြုကြကုန်အံ့၊ (ထိုအလှူဒါနများသည်)အသင်တို့၏ အကျိုးငှာသာ ဖြစ်ကုန်၏။ စင်စစ်သော်ကားအသင်တို့သညအလ္လာဟ်အရှင်မြတ်၏ နှစ်သက်ကျေနပ်မှုကိုဆည်းပူးရန်အလို့ငှါသာ လှူဒါန်းပေးကမ်းကြကုန်၏။ (သို့ဖြစ်ရာအသင်တို့သည် ‘မုစ်လင်မ်’၊ ‘ကာဖိရ်’ မခြား သူဆင်းရဲတို့အား ပေးကမ်းလှူဒါန်း ကြရပေမည်)။ တဖန် အသင်တို့သည်(မိမိတို့၏) ဥစ္စာပစ္စည်းများအနက် မည်သည့်ဥစ္စာပစ္စည်းကိုမဆို လှူဒါန်းကြကုန်အံ့၊ (ထိုအလှူဒါနများ၏ ကုသိုလ်အကျိုးများကို) အသင်တို့သည်အပြည့်အစုံ ခံစားကြရကုန်အံ့၊ထို့ပြင် အသင်တို့သည် (မိမိတို့၏ အလှူဒါနများနှင့် စပ်လျဉ်း၍) မတရားပြုခြင်းကို ခံကြရမည်မဟုတ်ပေ။
لِلْفُقَرَاءِ الَّذِينَ أُحْصِرُوا فِي سَبِيلِ اللَّهِ لَا يَسْتَطِيعُونَ ضَرْبًا فِي الْأَرْضِ يَحْسَبُهُمُ الْجَاهِلُ أَغْنِيَاءَ مِنَ التَّعَفُّفِ تَعْرِفُهُمْ بِسِيمَاهُمْ لَا يَسْأَلُونَ النَّاسَ إِلْحَافًا ۗ وَمَا تُنْفِقُوا مِنْ خَيْرٍ فَإِنَّ اللَّهَ بِهِ عَلِيمٌ
(အလှူဒါနများသည်) အလ္လာဟ်အရှင်မြတ် ၏လမ်းတော်၌ ဝန်းဝိုင်းဆီးတားခြင်း ခံနေကြရကုန်သော သူဆင်းရဲတို့အဖို့တည်း။ ယင်းသူတို့သည် (သာသနာရေးရာ များကိုဆောင်ရွက်လျက်ရှိကြရကား မိမိတို့၏ဝမ်းရေးအတွက်) ကမ္ဘာမြေပြင်ဝယ် သွားလာခြင်းကို မစွမ်းနိုင်ကြပေ။ (တဖန် ယင်းသူတို့၏ ဣန္ဒြေစောင့်စည်းခြင်းကြောင့် မသိနားမလည် သောနွမ်းပါးကြောင်းက�ု)သိမြင်နိုင်ပေသည်။ ယင်းသူတို့သည် လူတို့ထံ တွယ်ကပ်၍ တောင်းရမ်းခြင်းကိုလည်း မပြုကြချေ။ စင်စစ်သော်ကား အသင်တို့သည် (မိမိတို့) ဥစ္စာပစ္စည်း အနက်မှပေးကမ်းစွန့်ကြဲ သုံးစွဲကြသော အလှူဒါန များကို အလ္လာဟ်အရှင်မြတ်သည် အြွကင်းမဲ့ သိရှိတော်မူသောအရှင် ဖြစ်တော်မူချေသတည်း။
الَّذِينَ يُنْفِقُونَ أَمْوَالَهُمْ بِاللَّيْلِ وَالنَّهَارِ سِرًّا وَعَلَانِيَةً فَلَهُمْ أَجْرُهُمْ عِنْدَ رَبِّهِمْ وَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
အကြင်သူတို့သည် မိမိတို့၏ ဥစ္စာပစ္စည်း များကိုနေ့ညဉ့်မရွေး(အခါခပ်သိမ်း) လျှို့ဝှက်စွာဖြင့်(တစ်မျိုး)ထင် ရှားစွာဖြင့်(တစ်ဖုံ) လှူဒါန်းသုံးစွဲကြကုန်၏။ သို့ဖြစ်လျှင် ယင်းသူတို့၏ ကုသိုလ်အကျိုးသည် ယင်းသူတို့အား မွေးမြူတော်မူသောအရှင်မြတ်၏ အထံတော်၌(အသင့်)ရှိပေသည်။ ထို့ပြင်တဝယင်းသူတို့အပေါ်ဝယ် မည်သည့်စိုးရိမ်ကြောင့်ကြခြင်း လည်းမရှိ၊ ယင်းသူတို့သည် ဝမ်းနည်း��ူဆွေးကြမည်လည်းမဟုတ်ပေ။
الَّذِينَ يَأْكُلُونَ الرِّبَا لَا يَقُومُونَ إِلَّا كَمَا يَقُومُ الَّذِي يَتَخَبَّطُهُ الشَّيْطَانُ مِنَ الْمَسِّ ۚ ذَٰلِكَ بِأَنَّهُمْ قَالُوا إِنَّمَا الْبَيْعُ مِثْلُ الرِّبَا ۗ وَأَحَلَّ اللَّهُ الْبَيْعَ وَحَرَّمَ الرِّبَا ۚ فَمَنْ جَاءَهُ مَوْعِظَةٌ مِنْ رَبِّهِ فَانْتَهَىٰ فَلَهُ مَا سَلَفَ وَأَمْرُهُ إِلَى اللَّهِ ۖ وَمَنْ عَادَ فَأُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ
အတိုးအညွန့်စားသူတို့သည် (ရှင်ပြန်ထမည့်နေ့တွင် သင်းချိုင်းတွင်းမှ ထကြသောအခါ) ကောင်းမွန်စွာမရပ်နိုင်ကြဘဲ ရှိုင်တွာန်ဖမ်းစား၍ အသိဉာဏ်မှောက်မှားရူးသွပ်တွေဝေနေသူများကဲ့ သို့သာလျှင် ရပ်ကြကုန်အံ့။ ဤကဲ့သို့ ဖြစ်ရခြင်းကား ယင်းသူတို့က “ကုန်စည် ကူးသန်းရောင်းဝယ်ခြင်းသည်လည်း အတိုးအညွန့်စားခြင်းနှင့် ထပ်တူထပ်မျှသာဖြစ်သည်” ဟု ပြောဆိုကြသောကြောင့် ဖြစ်လေသည်။အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းကို ခွင့်ပြုထား တော်မူ၍ အတိုးအညွန့်စားခြင်းကိုမူကား တားမြစ် တော်မူခဲ့လေသည်။သို့ဖြစ်လေရာအကြင်သူသည်၊ မိမိအား မွေးမြူတော်မူသော အရှင်မြတ်၏အထံတော်မှ (အတိုးအညွန့်ကို မြစ်တားခြင်းနှင့် စပ်လျဉ်း၍)ဆုံးမဩဝါဒ ရောက်ရှိလာပေရာ (အတိုးအညွန့် စားခြင်းကို)စွန့်လွှတ် ရပ်ဆိုင်းလိုက်ပါမူ ယခင်က(လက်ခံပြီးစားသုံးခဲ့သော)ယူခဲ့သော(အတိုးအညွန့် ကြေးငွေများသည်)ထိုသူ၏ ပစ္စည်းများပင်တည်း။ ထို့ပြင်တဝ ထိုသူ၏(အတွင်းရေး) ကိစ္စ သည်အလ္လာဟ်အရှင်မြတ် အထံတော်သို့ အပ်နှံပြီး ဖြစ်လေသည်။သို့ရာတွင် အကြင်သူတို့သည် (အလ္လာဟ်အရှင်မြတ် အထံတော်မှ အတိုးအညွန့်နှင့် စပ်လျဉ်းသော ပညတ်တော်များ ရောက်ရှိလာပြီးသည့် နောက်) တဖန် ထပ်မံ၍ (အတိုးအညွန့်စားခြင်းကို) ပြုကြပါမူ ထိုသူတို့သည် ငရဲသားများပင် ဖြစ်ကြကုန်၏။ထိုသူတို့သည် ငရဲမီးတွင် ထာဝစဉ် (ဒုက္ခကြီးစွာ)ခံစား နေထိုင်ကြရမည့်သူများ ဖြစ်ကြကုန်သတည်း။
يَمْحَقُ اللَّهُ الرِّبَا وَيُرْبِي الصَّدَقَاتِ ۗ وَاللَّهُ لَا يُحِبُّ كُلَّ كَفَّارٍ أَثِيمٍ
အလ္လာဟ်အရှင်မြတ်သည် အတိုးအညွန့်ကို ဆုတ်ယုတ်ပျက်စီးစေတော်မူ၍ (ပေးကမ်းစွန့်ကြဲသုံးစွဲကြကုန်သော)အလှူဝတ္တုများကိုမူ (ဆထက် ထမ်းပိုး)တိုးပွား စေတော်မူ၏။အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် ယုံကြည်ခြင်းသဒ္ဓါတရား ကင်းမဲ့သော ပြစ်မှုဒုစရိုက်များ ကျူး လွန်သော မည်သူတစ်ဦးတစ်ယောက်ကိုမျှ နှစ်သက်တော်မူသည် မဟုတ်ချေ။

Choose other languages: