Quran Apps in many lanuages:

Surah Al-Baqara Ayahs #5 Translated in Burmese

2:1
الم
အလိဖ်လာမ်မီမ်
2:2
ذَٰلِكَ الْكِتَابُ لَا رَيْبَ ۛ فِيهِ ۛ هُدًى لِلْمُتَّقِينَ
ဤကျမ်းသည် (ထုတ်ပြန် ပို့ချပြီးသော ကျမ်းဂန်အသီးသီးတို့၌ ဗျာဒိတ်ပေးထားပြီးဖြစ်သော ကုရ်အာန်) ဓမ္မက္ခန်တည်း။ ယင်းကျမ်းမြတ် နှင့်စပ်လျဉ်း၍ ယုံမှားသံသယ ဝိစိကိစ္ဆာဖြစ်ဘွယ်ရာ အကြောင်း အလျှင်းမရှိပြီ။ ယင်းကျမ်းမြတ်သည် သူတော်စင်များအဘို့ တရားလမ်းမှန်ကို ညွှန်ကြားပြသသော တရားဓမ္မဖြစ်သတည်း။
2:3
الَّذِينَ يُؤْمِنُونَ بِالْغَيْبِ وَيُقِيمُونَ الصَّلَاةَ وَمِمَّا رَزَقْنَاهُمْ يُنْفِقُونَ
အကြင်သူတော်စင်များသည် (ကုရ်အာန် ကျမ်းလာ) အကွယ်၌ တည်ရှိသော အရာများကို အမှန်ဖြစ်သည် ရှိသည်ဟု (ခိုင်ခံ့မြဲမြံသော သဒ္ဓါတရားဖြင့်) ယုံကြည် ကြသည်။ (စည်းကမ်းသေဝပ်စွာ) ဆွလာတ် ဝတ်ပြုကြသည်။ ထို့ပြင် ထိုသတို့သားတို့အား ငါအရှင်ပေးသနားတော်မူထားသော ဥစ္စာပစ္စည်းများမှ ထိုသူတို့သည် (တရားတော်နှင့်အညီ) လှူဒါန်းကြသည်။
2:4
وَالَّذِينَ يُؤْمِنُونَ بِمَا أُنْزِلَ إِلَيْكَ وَمَا أُنْزِلَ مِنْ قَبْلِكَ وَبِالْآخِرَةِ هُمْ يُوقِنُونَ
ထို့ပြင် ထိုသူတော်စင်များသည် အသင့်ထံသို့ထုတ်ပြန် ပို့ချသော(ကုရ်အာန်)ကျမ်းမြတ်ကို လည်းကောင်း၊ အသင့်အလျင် ရှေးပဝေ သဏီက (ပွင့်လေပြီးသော နဗီတမန် တော်များထံသို့) ထုတ်ပြန် ပို့ချသောကျမ်းဂန်များကို လည်းကောင်း၊ ယုံကြည်ကြ၏။ ထို့ပြင် တဝ ထိုသူတော်စင်များသည် တမလွန်ဘဝကိုလည်း အမှန်ဟူ၍ သံသယကင်းစွာ ယုံကြည် ကြကုန်၏။
2:5
أُولَٰئِكَ عَلَىٰ هُدًى مِنْ رَبِّهِمْ ۖ وَأُولَٰئِكَ هُمُ الْمُفْلِحُونَ
(ဖော်ပြပါ အင်္ဂါရပ်များနှင့်ပြည့်စုံသော) ထိုသူတော်စင်များသည် မိမိတို့၏ အရှင်သခင်၏ တရားလမ်းပေါ်၌ တည်ရှိကြကုန်၏။ ထိုသူတော်စင်များသည်သာလျှင် အောင်မြင်သူများ ဖြစ်ကြကုန်သတည်း။

Choose other languages: