Quran Apps in many lanuages:

Surah Al-Araf Ayahs #50 Translated in Burmese

وَبَيْنَهُمَا حِجَابٌ ۚ وَعَلَى الْأَعْرَافِ رِجَالٌ يَعْرِفُونَ كُلًّا بِسِيمَاهُمْ ۚ وَنَادَوْا أَصْحَابَ الْجَنَّةِ أَنْ سَلَامٌ عَلَيْكُمْ ۚ لَمْ يَدْخُلُوهَا وَهُمْ يَطْمَعُونَ
၎င်းပြင် ယင်း(ဂျန္နတ်အမတသုခဘုံနှင့် ဂျဟန္နမ်ငရဲဘုံ) 2 ခုတို့၏ စပ်ကြားတွင် အကွယ်အကာ တစ်ခုသည်တည်ရှိအံ့။ ထိုမှတစ်ပါး (အအ်ရာဖ်) အမြင့်၌လည်း လူများစွာရှိကြမည်။ ထိုသူများသည် (ဂျန္နတ်အမတ သုခဘုံသားတို့နှင့်ဂျဟန္နမ်ဘုံသား) အားလုံးတို့ကို ၎င်းတို့၏အမှတ်အသားဖြင့်မှတ်မိကြလိမ့်မည်။ ၎င်းပြင် ထိုလူများသည် ဂျန္နတ်အမတသုခဘုံသားတို့အား (စလာမွန်အလိုင်ကွန်မ်) ချမ်းမြေ့ သာယာခြင်းသည် သင်တို့အပေါ်၌ရှိပါစေသားဟု ဟစ်အော် (ပြောဆို)ကြလိမ့်မည်။ ၎င်းတို့သည် ဂျန္နတ်အမတသုခဘုံသို့ မဝင်ရောက်ကြရသေးသော်ငြားလည်း (ဝင်ရောက်ကြရလိမ့်မည်ဟု)မျှော်လင့်တောင့်တလျက် ရှိကြလိမ့်မည်။
وَإِذَا صُرِفَتْ أَبْصَارُهُمْ تِلْقَاءَ أَصْحَابِ النَّارِ قَالُوا رَبَّنَا لَا تَجْعَلْنَا مَعَ الْقَوْمِ الظَّالِمِينَ
တဖန် ၎င်းတို့၏ မျက်စိများကို ဂျဟန္နမ်ငရဲသားတို့ဘက်သို့ လှည့်လိုက်သောအခါ ထိုသူများက အိုကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၊အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ဤမတရားကျူးလွန်သော သူတို့နှင့်အတူ ထားတော်မမူပါနှင့် ဟု လျှောက်ထားပန်ကြား ကြလိမ့်မည်။(ရကူ)
وَنَادَىٰ أَصْحَابُ الْأَعْرَافِ رِجَالًا يَعْرِفُونَهُمْ بِسِيمَاهُمْ قَالُوا مَا أَغْنَىٰ عَنْكُمْ جَمْعُكُمْ وَمَا كُنْتُمْ تَسْتَكْبِرُونَ
၎င်းပြင် အအ်ရာဖ် ၌ ရှိသူတို့က အကြင်(များပြားစွာသော) သူတို့ကို ဟစ်ခေါ်ကြကုန်အံ့။ ၎င်းတို့သည်ထိုသူတို့အား ထိုသူတို့၏အမှတ်အသားဖြင့် မှတ်မိကြကုန်အံ့။(ထို့နောက်) ၎င်း(အမြင့်၌ရှိသူ) တို့က (ဤသို့)ပြောဆိုကြလတ္တံ့။အသင်တို့၏အသင်းအဖွဲ့ လူစုများပြားခြင်းသည်လည်းကောင်း၊ အသင်တို့ မာန်မာနထောင်လွှားခြင်းသည်လည်းကောင်း အသင်တို့အဖို့ အသုံးမဝင်ခဲ့ချေပြီတကား။
أَهَٰؤُلَاءِ الَّذِينَ أَقْسَمْتُمْ لَا يَنَالُهُمُ اللَّهُ بِرَحْمَةٍ ۚ ادْخُلُوا الْجَنَّةَ لَا خَوْفٌ عَلَيْكُمْ وَلَا أَنْتُمْ تَحْزَنُونَ
(၎င်းပြင် အအ်ရာဖ်၌ရှိသူများက ဆက်လက်၍ပြောကြားကြဦးအံ့) ဤသူများကား အကြင်သူများ ပင်လော။အသင်တို့သည် (ထိုသူတို့နှင့်ပတ်သက်၍) အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အပေါ် ကရုဏာပြုတော်မူလ�မ့်မည်မဟုတ်ဟုကျိန်တွယ်၍ ပြောဆိုခဲ့ကြလေသည်။ (သို့ရာတွင်မူကား၊ ၎င်းတို့နှင့်စပ်လျဉ်း၍) အသင်တို့သည် ဂျန္နတ်အမတသုခဘုံ သို့ ဝင်ရောက်ကြလေကုန်။ (ထိုဂျန္နတ်အမတသုခဘုံတွင်) အသင်တို့အပေါ်၌ မည်သည့်စိုးရိမ်မှုမျှလည်း ရှိလိမ့်မည်မဟုတ်ပေ၊၊၎င်းပြင် အသင်တို့သည် ပူဆွေး ကြရမည်လည်း မဟုတ်ချေ။(ဟူသော အမိန့်တော်သည် ကျရောက်ခဲ့ချေပြီတကား။)
وَنَادَىٰ أَصْحَابُ النَّارِ أَصْحَابَ الْجَنَّةِ أَنْ أَفِيضُوا عَلَيْنَا مِنَ الْمَاءِ أَوْ مِمَّا رَزَقَكُمُ اللَّهُ ۚ قَالُوا إِنَّ اللَّهَ حَرَّمَهُمَا عَلَى الْكَافِرِينَ
၎င်းပြင် ငရဲသားတို့သည် ဂျန္နတ် အမတသုခဘုံသားတို့အား အသင်တို့သည် ကျွန်ုပ်တို့အပေါ် ရေအနည်းငယ်မျှကိုသော်လည်းကောင်း၊ အလ္လာဟ် အရှင်မြတ်ကအသင်တို့အား ချီးမြှင့်ပေးသနား တော်မူသောစားသောက်ဖွယ်အချို့ကိုသော်လည်းကောင်း၊ ပေးသနားကြပါ ဟု ဟစ်အော်တောင်းခံကြလတ္တံ့။ ထိုအခါ ယင်း(ဂျန္နတ်အမတသုခဘုံသား)တို့က ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ထို (ရေနှင့်စားသောက်ဖွယ်) နှစ်ခုလုံးကိုပင် ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သူတို့အပေါ် ဟရာမ် ဟူ၍ တားမြစ်ထားတော်မူသည်ဟု ဖြေကြားကြကုန်အံ့။

Choose other languages: