Quran Apps in many lanuages:

Surah Al-Araf Ayahs #206 Translated in Burmese

وَإِذَا لَمْ تَأْتِهِمْ بِآيَةٍ قَالُوا لَوْلَا اجْتَبَيْتَهَا ۚ قُلْ إِنَّمَا أَتَّبِعُ مَا يُوحَىٰ إِلَيَّ مِنْ رَبِّي ۚ هَٰذَا بَصَائِرُ مِنْ رَبِّكُمْ وَهُدًى وَرَحْمَةٌ لِقَوْمٍ يُؤْمِنُونَ
ထို့ပြင် အသင်သည် ထိုသူတို့ထံ(၎င်းတို့ တောင်းဆိုကုန်သော) တန်ခိုးပြာဋိဟာ သက်သေလက္ခဏာ တစ်စုံတစ်ရာကို ယူဆောင်လာခြင်းကို မပြုသောအခါ ၎င်းတို့က အသင်သည်(မိမိကိုယ်တိုင်) ထိုတန်ခိုးပြာဋိဟာ သက်သေလက္ခဏာကိုအဘယ်ကြောင့် ရွေးချယ်၍မယူခဲ့ဘိသနည်း ဟုပြောဆိုကြကုန်၏။ အသင်သည် (၎င်းတို့အားဤသို့) ဖြေကြားပါလေ။(အချင်းတို့) ငါသည် မိမိအရှင့်ထံတော်မှ မိမိထံ ပေးပို့တော်မူသော ဝဟ်ယ် အမိန့်တော်ကို လိုက်နာသူသာလျှင် ဖြစ်ပေသည်။ ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည်ပင်လျှင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံ တော်မှ(ထုတ်ပြန်ချမှတ်ပေးသနားတော်မူအပ်သော) အထင်အရှားသိမြင်နိုင်သော (တန်ခိုးပြာဋိဟာ) သက်သေသာဓကများလည်းဖြစ်သည်။ ထိုမှတစ်ပါး သက်ဝင်ယုံကြည်သော သူတို့အဖို့မှန်ကန်သော တရားလမ်းညွှန်ဖြစ်သည့်ပြင် ကရုဏာတရားလည်း ဖြစ်ချေသတည်း။
وَإِذَا قُرِئَ الْقُرْآنُ فَاسْتَمِعُوا لَهُ وَأَنْصِتُوا لَعَلَّكُمْ تُرْحَمُونَ
၎င်းပြင် အသင်တို့သည် (မိမိတို့ရှေ့ဝယ်) ကုရ်အာန် ကျမ်းတော်မြတ်ကို ဖတ်ရွတ်သရဇ္ဈယ် သောအခါ ထိုကုရ်အာန်ကျမ်းတော်မြတ်ကို ဂရုပြု၍ ဆိတ်ငြိမ်စွာ နားစိုက်ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏) ကရုဏာ တော်ကို ခံစားကြရလတ္တံ။
وَاذْكُرْ رَبَّكَ فِي نَفْسِكَ تَضَرُّعًا وَخِيفَةً وَدُونَ الْجَهْرِ مِنَ الْقَوْلِ بِالْغُدُوِّ وَالْآصَالِ وَلَا تَكُنْ مِنَ الْغَافِلِينَ
ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်နံနက်မိုးသောက်ယံ၌လည်းကောင်း၊ ညနေချမ်း၌ လည်းကောင်း၊ မိမိကို ဖန်�င်း မွေးမြူတော်မူသော အရှင်မြတ်အားမိမိစိတ်နှလုံးတွင်းဝယ် နိဝါတတရားထားရှိ၍ ကြောက်ရွံ့ရိုသေလျက် ကျယ်လောင် စွာမဟုတ်သည့်အသံဖြင့် အောက်မေ့တသသတိရပါလေ။ ထို့ပြင် အသင်သည် အလေးမမူဂရုမပြု ပမာမထားသောသူတို့တွင် အပါအဝင် မဖြစ်ပါလင့်။
إِنَّ الَّذِينَ عِنْدَ رَبِّكَ لَا يَسْتَكْبِرُونَ عَنْ عِبَادَتِهِ وَيُسَبِّحُونَهُ وَلَهُ يَسْجُدُونَ ۩
ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အပါးတော်၌ရှိသူ (မလာအိကဟ်) အပါးတော်စေတမန်တို့သည် ထိုအရှင်မြတ်အား ခဝပ်ခြင်းကို မပြုဘဲမာန်မာန ထောင်လွှားကြသည်မဟုတ်ချေ။ ထို့ပြင် ၎င်းတို့သည် ထိုအရှင်မြတ် သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို မြွက်ဆိုကြသည့်ပြင်၊ ၎င်းတို့သည် ထိုအရှင်မြတ်အားသာလျှင်ပျပ်ဝပ်ဦးချ၍ နေကြကုန်သတည်း။

Choose other languages: