Quran Apps in many lanuages:

Surah Al-Araf Ayahs #166 Translated in Burmese

فَبَدَّلَ الَّذِينَ ظَلَمُوا مِنْهُمْ قَوْلًا غَيْرَ الَّذِي قِيلَ لَهُمْ فَأَرْسَلْنَا عَلَيْهِمْ رِجْزًا مِنَ السَّمَاءِ بِمَا كَانُوا يَظْلِمُونَ
သို့ရာတွင် ထို(အမျိုးသား)တို့အနက် (မတရား)ကျူးလွန်(လေ့ရှိ)သူတို့သည် မိမိတို့အား မိန့်ကြား တော်မူသောစကားရပ်ကို အခြား(မလျော်ကန်သော) စကားဖြင့် ပြောင်းလဲ(၍ ပြောဆို)ခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည်ထို(အမျိုးသား) တို့အပေါ်၌ (၎င်းတို့သည် မိမိတို့ကိုယ်ကို) နှိပ်စက်ညှဉ်းပန်းလေ့ရှိခဲ့ကြသည့်အတွက် ရောဂန္တရကပ်ကိုမိုးကောင်းကင်မှ သက်ရောက်စေတော်မူခဲ့လေသတည်း။(ရကူ)
وَاسْأَلْهُمْ عَنِ الْقَرْيَةِ الَّتِي كَانَتْ حَاضِرَةَ الْبَحْرِ إِذْ يَعْدُونَ فِي السَّبْتِ إِذْ تَأْتِيهِمْ حِيتَانُهُمْ يَوْمَ سَبْتِهِمْ شُرَّعًا وَيَوْمَ لَا يَسْبِتُونَ ۙ لَا تَأْتِيهِمْ ۚ كَذَٰلِكَ نَبْلُوهُمْ بِمَا كَانُوا يَفْسُقُونَ
ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်၎င်းတို့အား သမုဒ္ဒရာပင်လယ်ဆိပ်ကမ်းရှိ မြို့ရွာ(နေလူတို့)နှင့်ပတ်သက်၍ မေးမြန်းပါလေ။ အကြင် အခါဝယ် ထိုသူတို့သည်စဗ်တ် နေ့နှင့်စပ်လျဉ်း၍ စည်းကမ်းကို ကျူးလွန်ကြလေသည်။အကြင်အခါဝယ် ၎င်းတို့၏ (သမုဒ္ဒရာမှ) ငါးများသည် ၎င်းတို့ထံသို့ ၎င်းတို့၏ စဗ်တ်နေ့တွင် (ရေပေါ်သို့) ထွက်ပြူ၍လာကြလေသည်။ သို့ရာတွင် စဗ်တ် မဟုတ်သောနေ့တွင်မူထိုငါးများသည် ၎င်းတို့ ထံသို့လာကြသည်မရှိချေ။ ထိုကဲ့သို့ပင်ငါအရှင်မြတ် သည် ၎င်းတို့အား ၎င်းတို့ ဖီဆန်လေ့ရှိခဲ့ကြသည့်အတွက် စမ်းသပ်တော်မူခဲ့လေသတည်း။
وَإِذْ قَالَتْ أُمَّةٌ مِنْهُمْ لِمَ تَعِظُونَ قَوْمًا ۙ اللَّهُ مُهْلِكُهُمْ أَوْ مُعَذِّبُهُمْ عَذَابًا شَدِيدًا ۖ قَالُوا مَعْذِرَةً إِلَىٰ رَبِّكُمْ وَلَعَلَّهُمْ يَتَّقُونَ
တဖန် အကြင်အခါဝယ် ၎င်းတို့အနက်မှ လူတစ်စုသည် (၎င်းတို့အား ဆုံးမဩဝါဒပေးသူတို့ကို) အသင်တို့သည် အကြင်အမျိုးသားတို့အား အဘယ်ကြောင့် ဆုံးမဩဝါဒပေးလျက် ရှိကြပါသနည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုအမျိုးသားတို့အား ပျက်စီးစေတော်မူမည်ဖြစ်သည်။ သို့မဟုတ် (ထိုအရှင်မြတ်သည်) ၎င်းတို့အား (အခြားတစ်စုံတစ်ရာ) ပြင်းထန်သောပြစ်ဒဏ်ကို ပေးတော်မူမည်ဖြစ်ချေ သည်ဟု ပြောကြားခဲ့လေသည်။ (ထိုအခါ) ထို (ဆုံးမဩဝါဒစကား ပြောကြားနေသူတို့က (ကျွန်ုပ်တို့သည်) အသင်တို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် အပြစ် လွတ်ရာလွတ်ကြောင်း ဖြစ်စေခြင်းငှာလည်းကောင်း၊ ထို(ဆုံးမဩဝါဒစကားပြောခြင်းခံကြရသော)သူတို့သည် အပြစ်မှ ကြဉ်ရှောင်ကြမည်ကို မျှော်လင့်၍လည်းကောင်း၊ (ဆုံးမဩဝါဒ ပေးခြင်းပင်ဖြစ်သည်) ဟူ၍ ဖြေကြားကြလေသတည်း။
فَلَمَّا نَسُوا مَا ذُكِّرُوا بِهِ أَنْجَيْنَا الَّذِينَ يَنْهَوْنَ عَنِ السُّوءِ وَأَخَذْنَا الَّذِينَ ظَلَمُوا بِعَذَابٍ بَئِيسٍ بِمَا كَانُوا يَفْسُقُونَ
တဖန် ထိုသူတို့သည် မိမိတို့သတိပေးခြင်း ခံကြရသောအမှုကိစ္စကို မေ့လျက်ပင်ရှိကြလေသောအခါ ငါအရှင်မြတ်သည် မကောင်းမှုတို့မှ မြစ်တားလျက်ရှိကြသူတို့အား ကယ်ဆယ်တော်မူ၍ မတရားကျူးလွန်သောသူတို့ကိုမူ ၎င်းတို့သည်သွေဖည်လျက် ရှိခဲ့ကြသောကြောင့် ပြင်းထန်သော ပြစ်ဒဏ်ဖြင့်ဖမ်းဆီးတော်မူခဲ့လေသတည်း။
فَلَمَّا عَتَوْا عَنْ مَا نُهُوا عَنْهُ قُلْنَا لَهُمْ كُونُوا قِرَدَةً خَاسِئِينَ
သို့ဖြစ်ပေရာ ထိုသူတို့သည် မိမိတို့ မြစ်တားခြင်းခံခဲ့ကြရသော အမှုကိစ္စနှင့်စပ်လျဉ်း၍ စည်းကမ်းကို ကျူးလွန်ခဲ့ကြသောအခါ ငါအရှင်မြတ်သည် ၎င်းတို့အား အသင်တို့သည် ယုတ်ညံ့သိမ်ဖျင်းသောမျောက်တိရစ္ဆာန်များဖြစ်ကြလော့ဟူ၍ မိန့်ကြား တော်မူခဲ့လေသတည်း။

Choose other languages: