Quran Apps in many lanuages:

Surah Al-Araf Ayahs #150 Translated in Burmese

سَأَصْرِفُ عَنْ آيَاتِيَ الَّذِينَ يَتَكَبَّرُونَ فِي الْأَرْضِ بِغَيْرِ الْحَقِّ وَإِنْ يَرَوْا كُلَّ آيَةٍ لَا يُؤْمِنُوا بِهَا وَإِنْ يَرَوْا سَبِيلَ الرُّشْدِ لَا يَتَّخِذُوهُ سَبِيلًا وَإِنْ يَرَوْا سَبِيلَ الْغَيِّ يَتَّخِذُوهُ سَبِيلًا ۚ ذَٰلِكَ بِأَنَّهُمْ كَذَّبُوا بِآيَاتِنَا وَكَانُوا عَنْهَا غَافِلِينَ
ငါအရှင်မြတ်သည် ကမ္ဘာမြေ၌ မတရား သဖြင့်မာန်မာနထောင်လွှားနေသူတို့အား မိမိ မုက္ခပါဌ်တော်များ(ကိုနားလည်ခြင်း)မှ လှည့်၍ ထားတော်မူအံ့။ 1 စင်စစ်သော်ကား၎င်းတို့သည် သက်သေလက္ခဏာအလုံးစုံကို တွေ့မြင်ကြသည့်တိုင်အောင် ထိုသက်သေလက္ခဏာတို့ကို ယုံကြည်ကြမည်မဟုတ်ပေ။ ၎င်းပြင် ယင်းသူတို့သည် ဖြောင့်မတ်မှန်ကန်သောတရားလမ်းကို တွေ့မြင်ကြသော်လည်း ထိုလမ်းကို (မိမိတို့သွားရာ)လမ်းအဖြစ် ပြုလုပ်ကြမည် မဟုတ် ပေ။ သို့ရာတွင်၎င်းတို့သည် အကယ်၍ မဖြောင့်မမှန် ကွေ့ကောက်သောလမ်းကို တွေ့မြင်ကြပါမူ ထိုလမ်းကို (မိမိတို့သွားရာ)လမ်းအဖြစ်ပြုလုပ်ကြပေမည်။ ဤ(သို့လမ်းလွဲခြင်း)မှာကား ၊ ယင်းသူတို့သည် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသောကြောင့်လည်းကောင်း၊ သက်သေလက္ခဏာတော်များကို အလေးမမူ ဂရုမစိုက်လျစ်လျူရှုခဲ့သောကြောင့်လည်းကောင်း၊ ဖြစ်ချေသတည်း။
وَالَّذِينَ كَذَّبُوا بِآيَاتِنَا وَلِقَاءِ الْآخِرَةِ حَبِطَتْ أَعْمَالُهُمْ ۚ هَلْ يُجْزَوْنَ إِلَّا مَا كَانُوا يَعْمَلُونَ
အမှန်သော်ကား အကြင်သူတို့သည် ငါအရှင်မြတ်၏မုက္ခပါဌ်တော်များကိုလည်းကောင်း၊ �ောင်တမလွန်ဘဝနှင့် တွေ့ကြုံကြရမည်ကိုလည်းကောင်း၊ မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ ထိုသူတို့ ပြုမူသမျှတို့သည် အချည်းနှီးပင်ဖြစ်သွားချေပြီ။ ၎င်းတို့သည် မိမိတို့ ပြုကျင့်ကြသည်များကိုသာ အစားပေးခြင်း ခံကြရမည်။(ရကူ)
وَاتَّخَذَ قَوْمُ مُوسَىٰ مِنْ بَعْدِهِ مِنْ حُلِيِّهِمْ عِجْلًا جَسَدًا لَهُ خُوَارٌ ۚ أَلَمْ يَرَوْا أَنَّهُ لَا يُكَلِّمُهُمْ وَلَا يَهْدِيهِمْ سَبِيلًا ۘ اتَّخَذُوهُ وَكَانُوا ظَالِمِينَ
၎င်းပြင် (နဗီတမန်တော်)မူစာ၏အမျိုးသားများသည် ထို(နဗီတမန်တော်)မူစာ (သည် အလ္လာဟ်အရှင်မြတ်ချိန်းချက်တော်မူသည့်အတိုင်း တောင်ရာတ်ကျမ်းကိုယူရန်၎င်းတို့အားထား၍ ထွက်ခွာသွားပြီး)နောက်တွင် မိမိတို့၏လက်ဝတ်လက်စားများဖြင့် နွားငယ်ကလေး ခန္ဓာကိုယ် သဏ္ဍာန်ကိုပြုလုပ်ကြလေသည်။ ထိုနွားငယ်၏ ခန္ဓာကိုယ်အတွင်း၌ အသံတစ်မျိုးရှိခဲ့၏။ ထိုနွားငယ်သည် ၎င်းတို့နှင့်စကားလည်း မပြော၊၎င်းတို့အား မည်သည့်လမ်းကိုမျှလည်း မညွှန်နိုင်သည်ကို ၎င်းတို့ မသိကြလေသလော။ ၎င်းတို့သည် ယင်းနွားငယ်ကိုပင် (ကိုးကွယ်ရာ)ပြုလုပ်ခဲ့ကြလေသည်။ ၎င်းပြင် ယင်းသူတို့သည်(မိမိတို့ကိုယ်ကိုမိမိတို့ပင်)မတရားနှိပ်စက် ညှဉ်းပန်းသူများဖြစ်သွားခဲ့ကြကုန်သတည်း။
وَلَمَّا سُقِطَ فِي أَيْدِيهِمْ وَرَأَوْا أَنَّهُمْ قَدْ ضَلُّوا قَالُوا لَئِنْ لَمْ يَرْحَمْنَا رَبُّنَا وَيَغْفِرْ لَنَا لَنَكُونَنَّ مِنَ الْخَاسِرِينَ
ထို့ပြင် ၎င်းတို့သည် ဝမ်းနည်းပက်လက်ဖြစ် ၍မိမိတို့သည် လမ်းမှားနေကြပြီဖြစ်ကြောင်း သိမြင်ကြသောအခါ(ဤသို့ညည်းညူမြီတမ်းပြောဆိုကြကုန်၏။) အကယ်၍ ငါတို့၏အရှင်မြတ်သည် ငါတို့အား သနားကြင်နာတော်မမူခဲ့ပါလျှင်(အပြစ်)မှလွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မမူခဲ့ပါလျှင် ဧကန်မလွဲ ငါတို့သည် ဆုံးရှုံးနစ်နာသူတို့တွင် အပါအဝင် ဖြစ်ကြရတော့မည်။
وَلَمَّا رَجَعَ مُوسَىٰ إِلَىٰ قَوْمِهِ غَضْبَانَ أَسِفًا قَالَ بِئْسَمَا خَلَفْتُمُونِي مِنْ بَعْدِي ۖ أَعَجِلْتُمْ أَمْرَ رَبِّكُمْ ۖ وَأَلْقَى الْأَلْوَاحَ وَأَخَذَ بِرَأْسِ أَخِيهِ يَجُرُّهُ إِلَيْهِ ۚ قَالَ ابْنَ أُمَّ إِنَّ الْقَوْمَ اسْتَضْعَفُونِي وَكَادُوا يَقْتُلُونَنِي فَلَا تُشْمِتْ بِيَ الْأَعْدَاءَ وَلَا تَجْعَلْنِي مَعَ الْقَوْمِ الظَّالِمِينَ
ထို့နောက် (နဗီတမန်တော်) မူစာသည် မိမိအမျိုးသားတို့ထံသို့ အမျက်ထွက်လျက် (ဝမ်းနည်း ပူဆွေးစွာ)ပြန်လာခဲ့သောအခါ အသင်တို့သည် ငါမရှိသည့်နောက် ငါ၏ကွယ်ရာ၌ ပြုမူခဲ့ကြသည်မှာ အလွန်ဆိုးယုတ်လှပေတကား။အသင်တို့သည် မိမိတို့အား မွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်(မရောက်မီ)အလျင်တဆော ပြုခဲ့ကြလေသလောဟုပြောကြားလေသည်။ ၎င်းပြင် ထို(နဗီတမန်တော်) မူစာသည်သင်ပုန်းများကို (တစ်ဖက်တွင်)ချထားခဲ့လေသည်။ ထို့နောက်မိမိနောင်တော်(နဗီတမန်တော်ဟာရူန်၏)ဦးခေါင်းကို ဆွဲကိုင်၍ယင်းနောင်တော်ကို မိမိဘက်သို့ ဆွဲယူလေသည်။ (ထိုအခါ)ထိုနောင်တော် (နဗီတမန်တော်ဟာရူန်)က အို-ငါ၏မိခင်၏သား၊ (ညီတော်မောင်)ဧကန်စင်စစ် အမျိုးသားတို့သည် ငါ့အားအားနည်း သောသူဟူ၍ ယူဆခဲ့ကြလေသည်။ ထို့ပြင် ၎င်းတို့သည် ငါ့အားသတ်အံ့ဆဲဆဲပင် ဖြစ်ခဲ့ကြသည်။ သို့ဖြစ်ပေရာအသင်သည် ငါ့အပေါ်၌ ရန်သူများ ဝမ်းသာ အားရဖြစ်အောင်မပြုပါလေနှင့်။ ၎င်းပြင် အသင်သည် ငါ့အား မတရားကျူးလွန်သောသူတို့၏ဘောင်အတွင်းသို့ မသွင်းပါလေနှင့် ဟု ပြောကြားလေသတည်း။

Choose other languages: