Quran Apps in many lanuages:

Surah Al-Araf Ayahs #130 Translated in Burmese

وَمَا تَنْقِمُ مِنَّا إِلَّا أَنْ آمَنَّا بِآيَاتِ رَبِّنَا لَمَّا جَاءَتْنَا ۚ رَبَّنَا أَفْرِغْ عَلَيْنَا صَبْرًا وَتَوَفَّنَا مُسْلِمِينَ
စင်စစ်သော်ကား အသင်သည် ကျွန်ုပ်တို့အားကျွန်ုပ်တို့ထံ ကျွန်ုပ်တို့အသျှင်မြတ်၏ သက်သေ လက္ခဏာများရောက်ရှိလာသောအခါ ကျွန်ုပ်တို့ ယုံကြည်လက်ခံကြသည်ကိုသာလျှင် တုံ့ပြန်လက်စား ချေသည်သာဖြစ်ပေသည်။ (ထို့နောက် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ် အထံတော်၌ ဤသို့ဆုမွန်ပတ္တနာ ပြုကြကုန်၏။) အို-ကျွန်တော်မျိုးတို့၏အရှင်၊အရှင်မြတ်သည် ကျွန်တော်မျိုးတို့အပေါ်၌ ကြံ့ခိုင်မှုကို သွန်းလောင်း ၍ ပေးသနားတော်မူပါ။ ၎င်းပြင် အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား (မုစ်လင်မ်) အမိန့်တော်ကို လိုက်နာသူများအဖြစ် သေဆုံးစေတော်မူပါ။(ရကူ)
وَقَالَ الْمَلَأُ مِنْ قَوْمِ فِرْعَوْنَ أَتَذَرُ مُوسَىٰ وَقَوْمَهُ لِيُفْسِدُوا فِي الْأَرْضِ وَيَذَرَكَ وَآلِهَتَكَ ۚ قَالَ سَنُقَتِّلُ أَبْنَاءَهُمْ وَنَسْتَحْيِي نِسَاءَهُمْ وَإِنَّا فَوْقَهُمْ قَاهِرُونَ
ထို့နောက် ဖစ်ရ်အောင်န်၏ အမျိုးသားတို့အနက်မှ မှူးမတ်တို့က (ဤသို့)ပြောဆိုကြလေသည်။ အသင်သည် မူစာနှင့်ယင်း၏အမျိုးသားတို့ကို တိုင်းပြည်တွင် ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်နိုင် ကြရန်လည်းကောင်း၊ ထိုတမန်တော်(မူစာ)သည် အသင်နှင့်တကွ အသင်၏ကိုးကွယ်ရာများကိုပါ စွန့်ပစ်ထားရန်လည်းကောင်း၊ (ဤအတိုင်းပင်)လွှတ်၍ထားပါမည်လော။ ထိုအခါ ယင်း(ဖစ်ရ်အောင်န်)က (ဤသို့ပြန်လည်)ပြောကြားလေသည်။ ငါတို့သည် မကြာမီ ၎င်းတို့၏သားယောက်ျားကလေးများကို သတ်ဖြတ်ကြမည်။ သို့ရာတွင်၎င်းတို့၏ အမျိုးသမီးများကိုမူကား (ခိုင်းစေနိုင်ရန်အတွက်သတ်ဖြတ်ခြင်းမပြုပဲ) အသက်ချမ်းသာခွင့် ပေးထားကြမည်။��မှန်သော်ကား ငါတို့သည် ၎င်းတို့အား(နိုင်နင်း လွှမ်းမိုးသူများပင် ဖြစ်ကြသည်။)
قَالَ مُوسَىٰ لِقَوْمِهِ اسْتَعِينُوا بِاللَّهِ وَاصْبِرُوا ۖ إِنَّ الْأَرْضَ لِلَّهِ يُورِثُهَا مَنْ يَشَاءُ مِنْ عِبَادِهِ ۖ وَالْعَاقِبَةُ لِلْمُتَّقِينَ
ထို(နဗီတမန်တော်မူစာ)က မိမိအမျိုးသားတို့ အား(အချင်းတို့)အသင်တို့သည် အလ္လာဟ်အရှင်မြတ် ထံတော် မှအကူအညီကို အသနားခံကြလေကုန်။ ၎င်းပြင် အသင်တို့ သည်(ထိုအရှင်မြတ်၏ တရား လမ်းစဉ်၌) တည်ကြည်ကြံ့ခိုင် စွာရှိကြလေကုန်။ ဧကန်စင်စစ် (ဤ)ကမ္ဘာမြေသည် အလ္လာဟ်အရှင် မြတ်စိုးပိုင်တော်မူသော ကမ္ဘာမြေပြင်သာ ဖြစ်ချေသည်။ထိုအရှင်မြတ်သည် ယင်းကမ္ဘာမြေကို မိမိ၏ ကျွန်တို့အနက်အလိုရှိတော်မူသောသူအား စိုးပိုင်စေ တော်မူလေသည်။ သို့ရာတွင် နောက်ဆုံးအကျိုးသည် (အလ္လာဟ်အရှင်မြတ်အား)ကြောက်ရွံ့ရိုသေ ခန့်ညားသော သူတော်စင်များအဖို့သာဖြစ်သည်ဟု ပြောဆိုခဲ့လေသည်။
قَالُوا أُوذِينَا مِنْ قَبْلِ أَنْ تَأْتِيَنَا وَمِنْ بَعْدِ مَا جِئْتَنَا ۚ قَالَ عَسَىٰ رَبُّكُمْ أَنْ يُهْلِكَ عَدُوَّكُمْ وَيَسْتَخْلِفَكُمْ فِي الْأَرْضِ فَيَنْظُرَ كَيْفَ تَعْمَلُونَ
ထိုအခါ ၎င်း(နဗီတမန်တော်မူစာ)၏ အမျိုးသားတို့က အို-နဗီတမန်တော်(မူစာ) ကျွန်ုပ်တို့သည် အသင်ကျွန်ုပ်တို့ထံ မရောက်မီကလည်း ညှဉ်းပန်း နှိပ်စက်ခြင်းကို ခံခဲ့ကြရသည်။ အသင်ကျွန်ုပ်တို့ထံ ရောက်လာပြီးနောက်တွင်လည်းညှဉ်းပန်းနှိပ်စက်ခြင်း ကို ခံနေကြရပါသည်ဟု ပြောဆိုကြလေသည်။ (ထိုအခါ) နဗီတမန်တော်(မူစာ)က (အချင်းတို့)အသင်တို့အား မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်သည်မကြာမီ အသင်တို့၏ရန်သူကို သေကျေပျက်စီးစေတော်မူ၍အသင်တို့အား တိုင်းပြည် တွင် အုပ်စိုးစေတော်မူမည်ဖြစ်သည်။ထို့နောက် အသင်တို့သည် မည်သို့ကျင့်မူကြသည်ကို ရှုစားတော်မူလိမ့်မည်ဟု ပြောကြားလေသည်။(ရကူ)
وَلَقَدْ أَخَذْنَا آلَ فِرْعَوْنَ بِالسِّنِينَ وَنَقْصٍ مِنَ الثَّمَرَاتِ لَعَلَّهُمْ يَذَّكَّرُونَ
၎င်းပြင် ငါအရှင်မြတ်သည် ဧကန်စင်စစ် ဖစ်ရ်အောင်န်၏ အမျိုးသားတို့အား နောင်တတရား ရစိမ့်သောငှာမိုးခေါင်ရေရှားစေခြင်းဖြင့်လည်းကောင်း၊ သစ်သီးဝလံ ရှားပါးစေခြင်းဖြင့်လည်းကောင်း၊ ဖမ်းဆီးကွပ်နှိပ် အပြစ်ပေးတော်မူခဲ့လေသည်။

Choose other languages: