Quran Apps in many lanuages:

Surah Al-Araf Ayahs #14 Translated in Burmese

وَلَقَدْ مَكَّنَّاكُمْ فِي الْأَرْضِ وَجَعَلْنَا لَكُمْ فِيهَا مَعَايِشَ ۗ قَلِيلًا مَا تَشْكُرُونَ
မုချစင်စစ် ငါအရှင်မြတ်သည် အသင်တို့အားပထဝီမြေပြင်၌ တန်ခိုးအာဏာ ချီးမြှင့်ပေး သနားတော်မူခဲ့လေသည်။(တစ်နည်း)မုချစင်စစ် ငါအရှင်မြတ်သည် အသင်တို့အားပထဝီမြေပြင် ဝယ်(အသင်တို့)နေထိုင်ရန် နေရာထိုင်ခင်း ချီးမြှင့်တော်မူခဲ့လေသည်။ ၎င်းပြင် ငါအရှင်မြတ်သည် အသင်တို့အဖို့ ထိုပထဝီမြေ၌ ပရိယေသနအသက် မွေးဝမ်းကျောင်းပြုနိုင်ရန် အကြောင်းကိစ္စများကိုလည်း ပြုလုပ်၍ ပေးသနားတော်မူခဲ့လေသည်။ (သို့ရာတွင်) အသင်တို့မူကား အနည်းငယ်မျှသာ ကျေးဇူးသိတတ်ကြကုန်သတည်း။(ရကူ)
وَلَقَدْ خَلَقْنَاكُمْ ثُمَّ صَوَّرْنَاكُمْ ثُمَّ قُلْنَا لِلْمَلَائِكَةِ اسْجُدُوا لِآدَمَ فَسَجَدُوا إِلَّا إِبْلِيسَ لَمْ يَكُنْ مِنَ السَّاجِدِينَ
မုချစင်စစ် ငါအရှင်မြတ်သည်ပင်လျှင် အသင်တို့အား ဖန်ဆင်းတော်မူခဲ့လေသည်။ ထို့နောက်ငါအရှင်မြတ်သည် အသင်တို့၏ရုပ်သဏ္ဍာန်ကို ပြုလုပ်တော်မူခဲ့လေသည်။ ထို့နောက် ငါအရှင်မြတ်သည် မလာအိကဟ်ကောင်းကင်တမန်တို့အားအာဒမ်ကို ပျပ်ဝပ်ဦးချကြလေကုန်ဟု မိန့်ကြား တော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ အစ်ဗ်လီးစ်မှတစ်ပါး မလာအိကဟ် ကောင်းကင်တမန်အပေါင်းတို့သည် ပျပ်ဝပ်ဦးချခဲ့ကြလေသည်။ ယင်း အစ်ဗ်လီးစ်မှာမူကားပျပ်ဝပ်ဦးချသူတို့အနက် အပါအဝင် မဖြစ်ခဲ့ချေ။
قَالَ مَا مَنَعَكَ أَلَّا تَسْجُدَ إِذْ أَمَرْتُكَ ۖ قَالَ أَنَا خَيْرٌ مِنْهُ خَلَقْتَنِي مِنْ نَارٍ وَخَلَقْتَهُ مِنْ طِينٍ
(ထိုအခါ) အရှင်မြတ်က (ဟယ်-အစ်ဗ်လီးစ်)ငါအရှင်မြတ်သည် အသင့်အား အမိန့်ပေးတော်မူခဲ့သည့် အခါမည်သည့်အရာက အသင့်ကို ဦးမချရန် တားမြစ်ခဲ့ သနည်းဟု မေးမြန်းတော်မူခဲ့၏။ (ထိုအခါ) ယင်း အစ်ဗ် လီးစ်က(အို-အရှင်) ကျွန်တော်မျိုးသည် ထို(အာဒမ်)ထက် မြင့်မြတ်ပါသည်။ အရှင်မြတ်သည် ကျွန်တော်မျိုးအား၊ မီးဖြင့်ဖန်ဆင်းတော်မူ၍၊ ၎င်းကိုမူကား ရွှံ့မြေဖြင့်ဖန်ဆင်း တော်မူပါသည် ဟု လျှောက်ထားခဲ့လေ၏။
قَالَ فَاهْبِطْ مِنْهَا فَمَا يَكُونُ لَكَ أَنْ تَتَكَبَّرَ فِيهَا فَاخْرُجْ إِنَّكَ مِنَ الصَّاغِرِينَ
(ထိုရောကာလ) ထိုအရှင်မြတ်သည် (ယင်းအစ်ဗ်လီးစ်အား ဤသို့) မိန့်ကြားတော်မူခဲ့လေသည်။ (ဟယ်-ဣဗ်လီးစ်) သို့ဖြစ်လျှင် အသင်သည် ဤ(ဂျန္နတ် အမတသုခဘုံ)မှ ဆင်းလော့။ အသင်သည် ဤ(ဂျန္နတ်အမတသုခဘုံ)၌မောက်မာပလွှား[တနည်း] ဂုဏ်ဟိတ်ထုတ်ရန် မထိုက်ပေ။ သို့ဖြစ်ပေရာ အသင်သည်(ဤမှ)ထွက်လော့။ မုချဧကန် အသင်သည် ဂုဏ်သိရ်သိမ်ဖျင်းသူတို့တွင် အပါအဝင် ဖြစ်ချေသည်။
قَالَ أَنْظِرْنِي إِلَىٰ يَوْمِ يُبْعَثُونَ
(ထိုအခါ) ယင်းအစ်ဗ်လီးစ်က အို-အရှင်အရှင်မြတ်သည် ကျွန်တော်မျိုးအား ပြစ်ဒဏ်ပေး တော်မူခြင်းမှလည်းကောင်း၊ အသက်သေခြင်းမှလည်းကောင်း၊ သတ္တဝါအပေါင်းတို့ ရှင်ပြန်ထကြရမည့်နေ့အထိ ရွှေ့ဆိုင်းပေးတော်မူပါဟု လျှောက်ထားခဲ့လေ၏။

Choose other languages: