Quran Apps in many lanuages:

Surah Al-Ankabut Ayahs #53 Translated in Burmese

بَلْ هُوَ آيَاتٌ بَيِّنَاتٌ فِي صُدُورِ الَّذِينَ أُوتُوا الْعِلْمَ ۚ وَمَا يَجْحَدُ بِآيَاتِنَا إِلَّا الظَّالِمُونَ
ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာမူကား ဤကျမ်းဂန်(ကုရ်အာန်ကျမ်းမြတ်)သည် အသိပညာကို ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ကြရသောသူတို့၏ စိတ်နှလုံးများတွင် (ထိန်းသိမ်းထားသော) လွန်စွာထင်ရှားလှသည့် သက်သေလက္ခဏာများပင် ဖြစ်ပေသည်။ စင်စစ်သော်ကား မတရားသော သူတို့သည်သာလျှင် ငါအရှင်မြတ်၏အာယတ်တော်များကို ငြင်းပယ်ကုန်ကြသတည်း။
وَقَالُوا لَوْلَا أُنْزِلَ عَلَيْهِ آيَاتٌ مِنْ رَبِّهِ ۖ قُلْ إِنَّمَا الْآيَاتُ عِنْدَ اللَّهِ وَإِنَّمَا أَنَا نَذِيرٌ مُبِينٌ
ထိုမှတစ်ပါး ၎င်းတို့က "အဘယ်ကြောင့် ဤ(တမန်တော်)၏အပေါ်၌ သက်သေလက္ခဏာများ ကျရောက်လာခြင်း မရှိပါသနည်း"ဟု ပြောဆိုကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား) ပြောကြားပါလေ။(အချင်းတို့) သက်သေလက္ခဏာများသည် အလ္လာဟ်အရှင်မြတ်၏ လက်တော်တွင်း၌သာရှိကုန်၏။ စင်စစ်မှာကား ငါသည် ထင်ရှားစွာ သတိပေးနှိုးဆော်သူ တစ်ဦးမျှသာ ဖြစ်ပေသည်။
أَوَلَمْ يَكْفِهِمْ أَنَّا أَنْزَلْنَا عَلَيْكَ الْكِتَابَ يُتْلَىٰ عَلَيْهِمْ ۚ إِنَّ فِي ذَٰلِكَ لَرَحْمَةً وَذِكْرَىٰ لِقَوْمٍ يُؤْمِنُونَ
ငါအရှင်မြတ်သည် ၎င်းတို့၏ရှေ့ဝယ် ဖတ်ကြားခြင်းခံရလျက်ရှိသော (ကုရ်အာန်)ကျမ်းမြတ်ကို အသင့်အပေါ်၌ ချပေးသနားတော်မူခဲ့ခြင်း သည်ပင်လျှင် ၎င်းတို့အဖို့ လုံလောက်ပြီ မဟုတ်ပါလော။ ဤသည့် (ကျမ်းမြတ်)၌ သက်ဝင်ယုံကြည်သူတို့အဖို့ ကရုဏာတော်သည်လည်းကောင်း၊ အဆုံးအမသည်လည်းကောင်း၊ အမှန်ပင် ရှိပေသည်။
قُلْ كَفَىٰ بِاللَّهِ بَيْنِي وَبَيْنَكُمْ شَهِيدًا ۖ يَعْلَمُ مَا فِي السَّمَاوَاتِ وَالْأَرْضِ ۗ وَالَّذِينَ آمَنُوا بِالْبَاطِلِ وَكَفَرُوا بِاللَّهِ أُولَٰئِكَ هُمُ الْخَاسِرُونَ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ၊ "(အချင်းတို့) အလ္လာဟ်အရှင်မြတ်သည်ပင် ငါနှင့် အသင်တို့၏အကြား၌ သက်သေအဖြစ် လုံလောက်တော်မူ၏။ထိုအရှင်မြတ်သည် မိုးကောင်းကင်များ၌ ရှိသမျှတို့ကိုလည်းကောင်း၊ ပထဝီမြေ၌ ရှိသမျှတို့ကိုလည်းကောင်း၊ ကောင်းစွာသိရှိတော်မူ၏။ သို့ရာတွင် အမှားကို ယုံကြည်လက်ခံ၍ အလ္လာဟ်အရှင်မြတ်အား ငြင်းပယ်ကြသော သူတို့မှာမူကား ၎င်းတို့သည်သာလျှင် ဆုံးရှုံးပျက်စီးသူများ ဖြစ်ကြပေသတည်း။
وَيَسْتَعْجِلُونَكَ بِالْعَذَابِ ۚ وَلَوْلَا أَجَلٌ مُسَمًّى لَجَاءَهُمُ الْعَذَابُ وَلَيَأْتِيَنَّهُمْ بَغْتَةً وَهُمْ لَا يَشْعُرُونَ
(အို-နဗီတမန်တော်) ဧကန်စင်စစ် ၎င်းတို့သည် ပြစ်ဒဏ်နှင့်စပ်လျဉ်း၍ အသင့်ထံတွင် အဆောတလျင် တောင်းဆိုကြကုန်၏။ သို့ရာတွင် အကယ်၍သာ ကာလအပိုင်းအခြားတစ်ခုသည် သတ်မှတ်ပြဋ္ဌာန်းပြီး မဖြစ်ခဲ့ပါလျှင် ပြစ်ဒဏ်သည် ၎င်းတို့ထံ မုချ ဆိုက်ရောက်ခဲ့ပြီး ဖြစ်ပေမည်။ စင်စစ်သော်ကား ထိုပြစ်ဒဏ်သည် ၎င်းတို့ထံ ရုတ်တရက်မုချ ဆိုက်ရောက်လာမည်ဖြစ်၏။ ၎င်းတို့သည် (အလျှင်း) သိရှိလိုက်ကြမည်ပင် မဟုတ်ပေ။

Choose other languages: