Quran Apps in many lanuages:

Surah Al-Anfal Ayahs #74 Translated in Burmese

يَا أَيُّهَا النَّبِيُّ قُلْ لِمَنْ فِي أَيْدِيكُمْ مِنَ الْأَسْرَىٰ إِنْ يَعْلَمِ اللَّهُ فِي قُلُوبِكُمْ خَيْرًا يُؤْتِكُمْ خَيْرًا مِمَّا أُخِذَ مِنْكُمْ وَيَغْفِرْ لَكُمْ ۗ وَاللَّهُ غَفُورٌ رَحِيمٌ
အို-နဗီတမန်တော်၊ အသင်သည် မိမိတို့၏လက်တွင်း၌ရှိကုန်သော လက်ရဖမ်းဆီးမိသည့် သုံ့ပန်းများကို(ဤသို့)ပြောကြားပါလေ။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏စိတ်နှလုံးများတွင် တစ်စုံတစ်ရာကောင်းခြင်းကို အကယ်၍ သိရှိတော်မူပါလျှင်၊ ထိုအရှင်မြတ်သည် (ယခု)အသင်တို့ထံမှယူခဲ့ပြီး ဖြစ်သော (လျော်ကြေး)ပစ္စည်းထက် သာလွန် မြင့်မြတ်သောအရာကို အသင်တို့အား ချီးမြှင့်ပေးသနားတော်မူအံ့။ ထိုအရှင်မြတ်သည် အသင်တို့အား (အပြစ်များမှ) ချမ်းသာခွင့်လည်းပေးသနားတော်မူအံ့။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာလွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအသျှင်၊ အလွန်တရာသနားကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူသည်။
وَإِنْ يُرِيدُوا خِيَانَتَكَ فَقَدْ خَانُوا اللَّهَ مِنْ قَبْلُ فَأَمْكَنَ مِنْهُمْ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
သို့ရာတွင် ၎င်းတို့သည် အကယ်၍ အသင့်အားသစ္စာဖောက်ရန် ရည်စူးကြပါလျှင် ဧကန်စင်စစ် ၎င်းတို့သည်ယခင်က အလ္လာဟ်အရှင်မြတ်ကိုပင် သစ္စာဖောက်ခဲ့ကြချေပြီ။သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည်(အသင့်အား) ၎င်းတို့ကိုဖမ်းဆီးနိုင်စေတော်မူခဲ့လေသည်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသောအရှင်၊ နက်နဲသိမ်မွေ့သော ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
إِنَّ الَّذِينَ آمَنُوا وَهَاجَرُوا وَجَاهَدُوا بِأَمْوَالِهِمْ وَأَنْفُسِهِمْ فِي سَبِيلِ اللَّهِ وَالَّذِينَ آوَوْا وَنَصَرُوا أُولَٰئِكَ بَعْضُهُمْ أَوْلِيَاءُ بَعْضٍ ۚ وَالَّذِينَ آمَنُوا وَلَمْ يُهَاجِرُوا مَا لَكُمْ مِنْ وَلَايَتِهِمْ مِنْ شَيْءٍ حَتَّىٰ يُهَاجِرُوا ۚ وَإِنِ اسْتَنْصَرُوكُمْ فِي الدِّينِ فَعَلَيْكُمُ النَّصْرُ إِلَّا عَلَىٰ قَوْمٍ بَيْنَكُمْ وَبَيْنَهُمْ مِيثَاقٌ ۗ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ
ဧကန်စင်စစ် အကြင်သူတို့သည် ‘အီမာန်’ သက်ဝင်ယုံကြည်ခဲ့ကြကုန်၏၊ ၎င်းပြင် ထိုသူတို့သည် (မိမိတို့၏အိုးအိမ်စည်းစိမ်တို့ကိုစွန့်လွှတ်ကာ)’ဟစ်ဂျ်ရတ်’ ရွေ့ပြောင်းနေထိုင်ခဲ့ကြကုန်၏။ ထိုမှတစ်ပါး ယင်းတို့သည် မိမိတို့၏ဥစ္စာပစ္စည်းများဖြင့်လည်းကောင်း၊ မိမိတို့၏အသက်ဇီဝိန်များဖြင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခဲ့ကြကုန်၏။ (ထိုသူတို့သည် ‘မုဟာဂျီရီန်’မည်၏)။ ၎င်းပြင် အကြင်သူတို့သည် ခိုကိုးရန်နေရာများ ပေးခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် ယိုင်းပင်း ကူညီခဲ့ကြကုန်၏။(ထိုသူတို့သည် ‘အန်ဆွာရ်’မည်၏)။ ထိုသူတို့ကား အချင်းချင်းတစ်ဦးသည်တစ်ဦး၏ အမွေစားအမွေခံများပင် ဖြစ်ကြကုန်သည်။ သို့ရာတွင် အကြင်သူတို့မူကားေ သက်ဝင် ယုံကြည်ခဲ့ကြကုန်၏။ သို့တစေလည်း ၎င်းတို့သည် ‘ဟစ်ဂျ်ရတ်’ (မိမိတို့၏အိုးအိမ်စည်းစိမ်တို့ကိုစွန့်၍) ရွှေ့ပြောင်းနေထိုင်ခြင်း မပြုခဲ့ကြချေ။ထိုသူတို့သည် ရွှေ့ပြောင်းနေထိုင်ခြင်းမပြုသမျှ ကာလပတ်လုံးအသင်တို့၌ ၎င်းတို့၏အမွေဆက်ခံခြင်းသည် လုံးဝမရှိချေ။ သို့သော်ငြားလည်း အကယ်၍ ထိုသူတို့သည် ‘ဒီန်’ သာသနာရေးနှင့်စပ်လျဉ်း၍ အသင်တို့ထံမှအကူအညီရလိုကြပါလျှင် အသင်တို့နှင့်ပဋိညာဉ်စာချုပ်ချုပ် ဆိုပြီးဖြစ်သော လူမျိုးမှတစ်ပါးအခြားလူမျိုး နှင့် ဆန့်ကျင်၍ (၎င်းတို့အား) ကူညီယိုင်းပင်းရန်အသင်တို့၌ တာဝန်ရှိပေသည်။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူသမျှတို့ကို အကြွင်းမဲ့ မြင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَالَّذِينَ كَفَرُوا بَعْضُهُمْ أَوْلِيَاءُ بَعْضٍ ۚ إِلَّا تَفْعَلُوهُ تَكُنْ فِتْنَةٌ فِي الْأَرْضِ وَفَسَادٌ كَبِيرٌ
၎င်းပြင် ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့သည် အချင်းချင်း တစ်ဦးသည် တစ်ဦး၏အမွေစားအမွေခံများပင်ဖြစ်ကြကုန်၏။ အကယ်၍သာ(အိုမုစ်လင်မ်တို့)အသင်တို့သည် ဤ(ပညတ်တော်)အတိုင်း မပြုကြပါလျှင်၊ ကမ္ဘာမြေဝယ် (အကြီးအကျယ်)ရှုပ်ထွေးမှု၊ ညှဉ်းပန်းနှိပ်စက်မှုသည်လည်းကောင်း၊ အကြီးအကျယ် ဖျက်ဆီးမှုသည်လည်းကောင်း၊ ဖြစ်ပေါ်၍လာလတံ္တ။
وَالَّذِينَ آمَنُوا وَهَاجَرُوا وَجَاهَدُوا فِي سَبِيلِ اللَّهِ وَالَّذِينَ آوَوْا وَنَصَرُوا أُولَٰئِكَ هُمُ الْمُؤْمِنُونَ حَقًّا ۚ لَهُمْ مَغْفِرَةٌ وَرِزْقٌ كَرِيمٌ
ထို့ပြင်တဝ အကြင်သူတို့သည် သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင်ထိုသူတို့သည် (မိမိတို့ ၏) အိုးအိမ်စည်းစိမ် (တို့ကိုစွန့်ကာအရပ်တစ်ပါးသို့) ရွှေ့ပြောင်းနေထိုင်ခဲ့ကြကုန်၏၊ ထိုမှတစ်ပါး ယင်းတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခဲ့ကြကုန်၏။ ထို့အတူအကြင်သူတို့သည် ခိုကိုးရန်နေရာများ ပေးခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ယိုင်းပင်းကူညီခဲ့ကြကုန်၏။ ထိုသူတို့သည်ပင်လျှင် ပြည့်စုံသော ‘မုအ်မင်န်’ ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသူများ ဖြစ်ကြကုန်သတည်း။ ထိုသူတို့အဖို့မှာကား လွတ်ငြိမ်းချမ်းသာခွင့် သည်လည်းကောင်း၊ မြင့်မြတ်လှစွာသော စားနပ်ရိက္ခာသည်လည်းကောင်း၊ ရှိချေသတည်း။

Choose other languages: