Quran Apps in many lanuages:

Surah Al-Anfal Ayahs #59 Translated in Burmese

إِنَّ شَرَّ الدَّوَابِّ عِنْدَ اللَّهِ الَّذِينَ كَفَرُوا فَهُمْ لَا يُؤْمِنُونَ
မလွဲဧကန် အလ္လာဟ်အရှင်မြတ်အထံတော်တွင်အဆိုးဆုံးသော သတ္တဝါတို့ကား (ဤ)အကြင်မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့ပင်တည်း။ သို့ဖြစ်ပေရာ ၎င်းတို့သည်သက်ဝင်ယုံကြည်ကြမည့်သူများ မဟုတ်ချေ။
الَّذِينَ عَاهَدْتَ مِنْهُمْ ثُمَّ يَنْقُضُونَ عَهْدَهُمْ فِي كُلِّ مَرَّةٍ وَهُمْ لَا يَتَّقُونَ
ဤကာဖိရ်များကား အသင်သည် ထိုသူတို့ထံမှ(အကြိမ်ကြိမ်)ပဋိညာဉ်ယူခဲ့ပြီး ဖြစ်လေသည်။ ထို့နောက်သော်မှပင် ထိုသူတို့သည် မိမိတို့၏ပဋိညာဉ်ကို အကြိမ်တိုင်းအကြိမ်တိုင်း ဖောက်ဖျက်ကြလေသည်။ အမှန်သော်ကား ထိုသူတို့သည်(ပဋိညာဉ်ဖောက်ဖျက်ခြင်းနှင့်စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ကြသည် မဟုတ်ပေ။
فَإِمَّا تَثْقَفَنَّهُمْ فِي الْحَرْبِ فَشَرِّدْ بِهِمْ مَنْ خَلْفَهُمْ لَعَلَّهُمْ يَذَّكَّرُونَ
သို့ဖြစ်ပေရာ အသင်သည် အကယ်၍ ၎င်းတို့အား စစ်ပွဲတွင် (လက်ရ)ဖမ်းမိသည်ရှိသော်၊ အသင်သည် ၎င်းတို့အားဖြင့် ၎င်းတို့အပြင်၌ ရှိကြကုန် သော(ရန်)သူတို့အားဖရိုဖရဲ ကစဉ့်ကလျား ဖြစ်အောင်ပြုလေလော့၊ သို့မှသာလျှင် ၎င်းသူတို့သည် သတိရကြလတ္တံ့။ (တစ်နည်း) နောင်ကြဉ်ကြလတ္တံ့။
وَإِمَّا تَخَافَنَّ مِنْ قَوْمٍ خِيَانَةً فَانْبِذْ إِلَيْهِمْ عَلَىٰ سَوَاءٍ ۚ إِنَّ اللَّهَ لَا يُحِبُّ الْخَائِنِينَ
၎င်းပြင် အကယ်၍ အသင်သည် လူမျိုးတစ်မျိုးထံမှ ကတိသစ္စာဖောက်ဖျက်မည်ကို စိုးရိမ်မကင်းဖြစ်ပါမူ၊အသင်သည် (၎င်းတို့နှင့်ဖွဲ့ဆိုထားသည့် ပဋိညာဉ်စာချုပ်ကို၎င်းတို့ထံပြန်လည်၍အပ်ပါလေ။ (ပဋိညာဉ်စာချုပ် ရုပ်သိမ်းပြီးဖြစ်ကြောင်းကို သိရှိရာတွင် အသင်နှင့်၎င်းတို့သည်) တန်းတူဖြစ်ရှိသွားမည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သစ္စာဖောက်ဖျက်သူတို့အား (လုံးဝ) နှစ်သက်တော်မူသည် မဟုတ်ချေ။(ရကူ)
وَلَا يَحْسَبَنَّ الَّذِينَ كَفَرُوا سَبَقُوا ۚ إِنَّهُمْ لَا يُعْجِزُونَ
ထို့ပြင် ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့က မိမိတို့သည် လွတ်မြောက်ခဲ့ကြချေပြီ ဟုအလျှင်း မထင်မှတ်မယူဆကြရာချေ။ ဧကန်အမှန် ၎င်းတို့သည် (အလ္လာဟ်အရှင်မြတ်အား) မစွမ်းဆောင်နိုင်အောင် ပြုလုပ်နိုင်ကြသည် မဟုတ်ပေ။

Choose other languages: