Quran Apps in many lanuages:

Surah Al-Anfal Ayahs #62 Translated in Burmese

وَإِمَّا تَخَافَنَّ مِنْ قَوْمٍ خِيَانَةً فَانْبِذْ إِلَيْهِمْ عَلَىٰ سَوَاءٍ ۚ إِنَّ اللَّهَ لَا يُحِبُّ الْخَائِنِينَ
၎င်းပြင် အကယ်၍ အသင်သည် လူမျိုးတစ်မျိုးထံမှ ကတိသစ္စာဖောက်ဖျက်မည်ကို စိုးရိမ်မကင်းဖြစ်ပါမူ၊အသင်သည် (၎င်းတို့နှင့်ဖွဲ့ဆိုထားသည့် ပဋိညာဉ်စာချုပ်ကို၎င်းတို့ထံပြန်လည်၍အပ်ပါလေ။ (ပဋိညာဉ်စာချုပ် ရုပ်သိမ်းပြီးဖြစ်ကြောင်းကို သိရှိရာတွင် အသင်နှင့်၎င်းတို့သည်) တန်းတူဖြစ်ရှိသွားမည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သစ္စာဖောက်ဖျက်သူတို့အား (လုံးဝ) နှစ်သက်တော်မူသည် မဟုတ်ချေ။(ရကူ)
وَلَا يَحْسَبَنَّ الَّذِينَ كَفَرُوا سَبَقُوا ۚ إِنَّهُمْ لَا يُعْجِزُونَ
ထို့ပြင် ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့က မိမိတို့သည် လွတ်မြောက်ခဲ့ကြချေပြီ ဟုအလျှင်း မထင်မှတ်မယူဆကြရာချေ။ ဧကန်အမှန် ၎င်းတို့သည် (အလ္လာဟ်အရှင်မြတ်အား) မစွမ်းဆောင်နိုင်အောင် ပြုလုပ်နိုင်ကြသည် မဟုတ်ပေ။
وَأَعِدُّوا لَهُمْ مَا اسْتَطَعْتُمْ مِنْ قُوَّةٍ وَمِنْ رِبَاطِ الْخَيْلِ تُرْهِبُونَ بِهِ عَدُوَّ اللَّهِ وَعَدُوَّكُمْ وَآخَرِينَ مِنْ دُونِهِمْ لَا تَعْلَمُونَهُمُ اللَّهُ يَعْلَمُهُمْ ۚ وَمَا تُنْفِقُوا مِنْ شَيْءٍ فِي سَبِيلِ اللَّهِ يُوَفَّ إِلَيْكُمْ وَأَنْتُمْ لَا تُظْلَمُونَ
ထို့ပြင် အသင်တို့သည် ထိုကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့နှင့် ပြိုင်ဆိုင်(တိုက်ခိုက်)ရန် အလို့ငှာ မိမိတို့တတ်စွမ်းသမျှ(လက်နက်အစရှိသော)အင်အားကိုလည်းကောင်း၊မွေးမြူထားသောမြင်းများကို လည်းကောင်း၊ အဆင်သင့် စုဆောင်း၍ ထားရှိကြလေကုန်။ (သို့မှသာလျှင်) အသင်တို့သည်ထိုလက်နက်အင်အားဖြင့် အလ္လာဟ်အရှင်မြတ်၏ရန်သူများကိုလည်းကောင်း၊ မိမိတို့၏ရန်သူများကိုလည်းကောင်း၊ ထိုသူတို့အပြင် အခြားအကြင်သူတို့ကို လည်းကောင်း ခြောက်လှန့်၍ထားနိုင်ကြပေမည်။ ထိုသူတို့အား အသင်တို့သည် မသိကြချေ။(သို့ရာတွင်) အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား သိရှိတော်မူ၏။ ထို့ပြင်တဝ အသင်တို့ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌သုံးစွဲသမျှတို့ကို (ထိုအရှင်မြတ်သည်) အသင်တို့အား ပြည်စုံစွာချီးမြှင့်တော်မူအံ့။ စင်စစ်သော်ကား အသင်တို့သည် (အနည်းငယ်မျှ) ယုတ်လျော့၍ပေးခြင်းကို ခံကြရလိမ့်မည် မဟုတ်ပေ။
وَإِنْ جَنَحُوا لِلسَّلْمِ فَاجْنَحْ لَهَا وَتَوَكَّلْ عَلَى اللَّهِ ۚ إِنَّهُ هُوَ السَّمِيعُ الْعَلِيمُ
၎င်းပြင် အကယ်၍ ထိုသူတို့သည် စစ်ငြိမ်းရန်အလို့ငှာ ယိမ်းညွှတ်ကြပါမူ အသင်သည်လည်း ထို စစ်ငြိမ်းရန်ယိမ်းညွှတ်ပါလေ၊ သို့ရာတွင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံကြည်စိတ်ချလွှဲအပ်ပါလေ။ ဧကန်မလွဲထိုအရှင်မြတ်သည်ပင်လျှင် (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
وَإِنْ يُرِيدُوا أَنْ يَخْدَعُوكَ فَإِنَّ حَسْبَكَ اللَّهُ ۚ هُوَ الَّذِي أَيَّدَكَ بِنَصْرِهِ وَبِالْمُؤْمِنِينَ
သို့ရာတွင် အကယ်၍ ၎င်းတို့သည် အသင့်အားလိမ်လည်လှည့်ဖြားရန် ရည်စူးကြပါမူ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင့်အဖို့ လုံလောက်တော်မူပေသည်။ ထိုအရှင်မြတ်သည်ပင်လျှင် အသင့်အား မိမိအကူအညီဖြင့်လည်းကောင်း၊ မုအ်မင်န် သက်ဝင်ယုံကြည်သူတို့ဖြင့်လည်းကောင်း၊အားပေးတော်မူခဲ့လေသတည်း။

Choose other languages: