Quran Apps in many lanuages:

Surah Al-Anbiya Ayahs #85 Translated in Burmese

وَلِسُلَيْمَانَ الرِّيحَ عَاصِفَةً تَجْرِي بِأَمْرِهِ إِلَى الْأَرْضِ الَّتِي بَارَكْنَا فِيهَا ۚ وَكُنَّا بِكُلِّ شَيْءٍ عَالِمِينَ
ထိုမှတစ်ပါး (ငါအရှင်မြတ်သည်) စုလိုင်မာန်အား ပြင်းထန်စွာတိုက်ခတ်သောလေကို နိုင်နင်းစေတော်မူခဲ့၏။ ယင်းလေသည် ထိုစုလိုင်မာန်၏အမိန့် နှင့် ငါအရှင်မြတ်ကျက်သရေမင်္ဂလာ၊ သုခချမ်းသာနှင့် ပြည့်စုံစေတော်မူသောနယ်မြေသို့ တိုက်ခတ်သွားလာလေ၏။ စင်စစ်သော်ကားငါအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَمِنَ الشَّيَاطِينِ مَنْ يَغُوصُونَ لَهُ وَيَعْمَلُونَ عَمَلًا دُونَ ذَٰلِكَ ۖ وَكُنَّا لَهُمْ حَافِظِينَ
ထိုမှတပါး ရှိုင်တွာန်မိစ္ဆာကောင်တို့တွင် အကြင်ရှိုင်တွာန် မိစ္ဆာကောင်များလည်း ရှိခဲ့ကြ၏။ ယင်း ရှိုင်တွာန်မိစ္ဆာကောင်များသည် ထိုစုလိုင်မာန်၏ အကျိုးငှာ(သမုဒ္ဒရာပင်လယ်၌)ရေငုပ်ခြင်းကိုလည်းကောင်း၊ အခြားအလုပ်ကိစ္စဆောင်ရွက်ခြင်းကိုလည်း ကောင်း၊ ပြုလုပ်ကြကုန်၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည်ပင် ယင်းရှိုင်တွာန် မိစ္ဆာကောင်တို့အား ထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင်မြတ်ဖြစ်တော်မူ ပေသတည်း။
وَأَيُّوبَ إِذْ نَادَىٰ رَبَّهُ أَنِّي مَسَّنِيَ الضُّرُّ وَأَنْتَ أَرْحَمُ الرَّاحِمِينَ
၎င်းပြင် (အို-နဗီတမန်တော်၊ အသင်သည် နဗီတမန်တော်)အိုက်ယူးဗ်(၏အတ္ထုပ္ပတ္တိအကြောင်း) ကို(လည်းထုတ်ဖော်ပြောကြားပါလေ)။ တစ်ရံသော အခါဝယ် ထိုအိုက်ယူးဗ်သည် မိမိအား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်အား (အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊) ဧကန်မလွဲ ကျွန်တော်မျိုး၌ ဘေးဥပဒ်သက်ရောက်ပါပြီ။စင်စစ် သော်ကား အရှင်မြတ်သည် သနားကရုဏာ ပြုတတ်သူတို့တွင် သနားကရုဏာ ပြုတော်မူဆုံးသော အရှင်မြတ်ပင်ဖြစ်တော်မူပါသည်ဟု ဟစ်ခေါ်တသ ပန်ကြားခဲ့လေ၏။
فَاسْتَجَبْنَا لَهُ فَكَشَفْنَا مَا بِهِ مِنْ ضُرٍّ ۖ وَآتَيْنَاهُ أَهْلَهُ وَمِثْلَهُمْ مَعَهُمْ رَحْمَةً مِنْ عِنْدِنَا وَذِكْرَىٰ لِلْعَابِدِينَ
ထိုအခါ ငါအရှင်မြတ်သည် ထိုအိုက်ယူးဗ်၏ အသနားခံပန်ကြားချက်ကို သဘောတူ လက်ခံတော်မူခဲ့၏။သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထိုအိုက်ယူးဗ်၌ သက်ရောက်ခဲ့သော ဘေးဥပဒ်ကို ပျောက်ကင်းစေတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုအိုက်ယူးဗ်အား ၎င်း၏အိမ်ထောင်စုသား၊ သားမယား၊ သားသမီးများ(ကို ချီးမြှင့်ပေးသနားတော်မူခဲ့သည့်) အပြင် ထိုသူတို့နှင့်အတူ ထိုသူတို့ကဲ့သို့ အလားတူကိုလည်း မိမိအထံတော်မှ ကရုဏာတော်အဖြစ်လည်းကောင်း၊ ဝတ်ပြုကိုးကွယ်သူများအဖို့ သတိရစေသော အထိမ်းအမှတ်အဖြစ်လည်းကောင်း ချီးမြှင့်ပေးသနား တော်မူခဲ့ပေသတည်း။
وَإِسْمَاعِيلَ وَإِدْرِيسَ وَذَا الْكِفْلِ ۖ كُلٌّ مِنَ الصَّابِرِينَ
၎င်းပြင် (အို-နဗီတမန်တော်) အသင်သည် နဗီတမန်တော်)အီစ်မာအီလ်၊ (နဗီတမန်တော်) အီဒ္ဒရီစ်(နဗီတမန်တော်) ဇူလ်ကီဖ်လ်တို့(၏အထ္ထုပ္ပတ္တိအကြောင်းများ)ကိုလည်းထုတ်ဖော်ပြောကြားပါလေ။ ထိုနဗီတမန်တော် အသီးသီးတို့သည် ခန္ဒီသူတို့တွင် ပါဝင်ခဲ့ကြကုန်၏။

Choose other languages: