Quran Apps in many lanuages:

Surah Al-Anbiya Ayahs #76 Translated in Burmese

وَوَهَبْنَا لَهُ إِسْحَاقَ وَيَعْقُوبَ نَافِلَةً ۖ وَكُلًّا جَعَلْنَا صَالِحِينَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုအိဗ်ရာဟီမ်အား အစ္စဟာက်ကို (သားတော်အဖြစ်)လည်းကောင်း၊ ယအ်ကူးဗ်ကို မြေးတော်အဖြစ်လည်းကောင်း၊ ချီးမြှင့် ပေးသနားတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် (၎င်းတို့အနက်)အသီးသီးအား သူတော်စင်များပင် ဖြစ်စေတော်မူခဲ့၏။
وَجَعَلْنَاهُمْ أَئِمَّةً يَهْدُونَ بِأَمْرِنَا وَأَوْحَيْنَا إِلَيْهِمْ فِعْلَ الْخَيْرَاتِ وَإِقَامَ الصَّلَاةِ وَإِيتَاءَ الزَّكَاةِ ۖ وَكَانُوا لَنَا عَابِدِينَ
ထိုနည်းတူစွာ ငါအရှင်မြတ်သည် ၎င်းတို့အားငါအရှင်မြတ်၏အမိန့်တော်နှင့် (ဝေနေယျသတ္တဝါများအား)တရားလမ်းမှန်ကို ညွှန်ပြကြလေသော ရှေ့ဆောင် ရှေ့ရပ်များအဖြစ်သို့ ချီးမြှင့်တော်မူခဲ့၏။ တစ်ဖန် ငါအရှင်မြတ်သည် ထိုသူတို့ထံ ကောင်းမြတ်သော အကျင့်အမူများကို ကျင့်မူ ဆောက်တည်ကြရန်လည်းကောင်း၊ ဆွလာတ် ဝတ်ပြုမှုကို ဆောက်တည်ရန်လည်းကောင်း၊ ဇကာတ်ပေးဆောင်ရန်လည်းကောင်း၊"ဝဟ်ယ်" အမိန့်တော်ကို ထုတ်ပြန်တော်မူခဲ့၏။ စင်စစ် ၎င်းတို့သည် ငါအရှင်မြတ်အား ခဝပ်ကိုးကွယ်သူများပင် ဖြစ်ခဲ့ကြကုန်သတည်း။
وَلُوطًا آتَيْنَاهُ حُكْمًا وَعِلْمًا وَنَجَّيْنَاهُ مِنَ الْقَرْيَةِ الَّتِي كَانَتْ تَعْمَلُ الْخَبَائِثَ ۗ إِنَّهُمْ كَانُوا قَوْمَ سَوْءٍ فَاسِقِينَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် လူ(တ်)အားဆင်ခြင်တုံတရားကိုလည်းကောင်း၊ အသိပညာကိုလည်းကောင်း ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ၄င်းအပြင် ငါအရှင်မြတ်သည် ထိုလူ(တ်)အား အကြင်မြို့ရွာမှ ကယ်တင်တော်မူခဲ့၏။ ယင်းမြို့(သူ)၊ ရွာ(သားတို့)သည် စက်ဆုပ်ရွံ့ရှာဖွယ်များကို ကျူးလွန်လျက်ရှိခဲ့ကြကုန်၏။ ဧကန်မလွဲ ၎င်းတို့သည် အလွန်ယုတ်မာသော အမျိုးသားများ၊ကာမဂုဏ် လိုက်စား ကျူးလွန်သောသူများပင် ဖြစ်ခဲ့ကြကုန်၏။
وَأَدْخَلْنَاهُ فِي رَحْمَتِنَا ۖ إِنَّهُ مِنَ الصَّالِحِينَ
၎င်းပြင် ထိုလူ(တ်)အား ငါအရှင်မြတ်သည် မိမိကရုဏာတော်အတွင်း ဝင်ရောက်စေတော်မူခဲ့၏။ စင်စစ်ဧကန် ထိုလူ(တ်)ကား သူတော်စင်တို့တွင် ပါဝင်ခဲ့ပေသတည်း။
وَنُوحًا إِذْ نَادَىٰ مِنْ قَبْلُ فَاسْتَجَبْنَا لَهُ فَنَجَّيْنَاهُ وَأَهْلَهُ مِنَ الْكَرْبِ الْعَظِيمِ
ထို့ပြင် (အို-နဗီတမန်တော်) နူဟ်(၏အတ္ထုပ္ပတ္တိအကြောင်း)ကိုလည်း (ပြန်လည်သတိရပါလေ။ တမန်တော်အိဗ်ရာဟီမ်မပွင့်မီ) ရှေးကာလကပင် ထိုနူဟ်သည် (ငါအရှင်မြတ်အား) ဟစ်ခေါ်ပန်ကြားခဲ့လေသည်။ ထိုအခါ ငါအရှင်မြတ်သည် ထိုနူဟ်၏ ဟစ်ခေါ်ပန်ကြားချက်ကို သဘောတူလက်ခံတော်မူခဲ့ပေသည်။ ထို့နောက် ငါအရှင်မြတ်သည် ထိုနူဟ်အားလည်းကောင်း၊ ထိုနူဟ်၏ ဘက်တော်သားတို့အားလည်းကောင်း၊ ကြီးစွာသော ပူပင်သောက ဖြစ်ခြင်းမှ ကယ်တင်တော်မူခဲ့၏။

Choose other languages: