Quran Apps in many lanuages:

Surah Al-Anbiya Ayahs #51 Translated in Burmese

وَنَضَعُ الْمَوَازِينَ الْقِسْطَ لِيَوْمِ الْقِيَامَةِ فَلَا تُظْلَمُ نَفْسٌ شَيْئًا ۖ وَإِنْ كَانَ مِثْقَالَ حَبَّةٍ مِنْ خَرْدَلٍ أَتَيْنَا بِهَا ۗ وَكَفَىٰ بِنَا حَاسِبِينَ
စင်စစ် ငါအရှင်မြတ်သည် ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် မျှတသောချိန်ခွင်များကို ထားရှိတော်မူသည်။ သို့ဖြစ်ပေရာ မည်သူတစ်ဦးတစ်ယောက်မျှ အနည်းငယ်စိုးစဉ်းမျှပင် မတရားသဖြင့် နှိပ်စက်ခြင်းကို ခံရမည်မဟုတ်ပေ။ စင်စစ်အကယ်၍ (တစ်ဦးတစ်ယောက်၌) မုန်ညင်းစေတစ်စေ့မျှ အလေးချိန်ရှိသော(ကောင်းမှုပင်) ရှိငြားသော်လည်း ငါအရှင်မြတ်သည် ယင်းမုန်ညင်းစေ့တစ်စေ့ကိုလည်း (ရှေ့တော်မှောက်သို့) ယူလာတော်မူမည်သာဖြစ်သည်။ စင်စစ် ငါအရှင်မြတ်နှင့်ပင် စစ်ဆေးတော်မူသောအရှင်အဖြစ် လုံလောက်ပေသတည်း။
وَلَقَدْ آتَيْنَا مُوسَىٰ وَهَارُونَ الْفُرْقَانَ وَضِيَاءً وَذِكْرًا لِلْمُتَّقِينَ
ဧကန်စင်စစ် ငါအရှင်မြတ်သည် မူစာနှင့်ဟာရူန်အား အမှားနှင့်အမှန်ကိုကွဲပြား ခြားနားစေသော အလင်းရောင်တစ်ခုဖြစ်သော ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြကုန်သော မွတ္တကီသူတော်စင်တို့အဖို့ ဆုံးမစာတစ်စောင်ဖြစ်သော (တောင်ရာတ်)ကျမ်းကို ချီးမြှင့် ပေးသနားတော်မူခဲ့လေသည်။
الَّذِينَ يَخْشَوْنَ رَبَّهُمْ بِالْغَيْبِ وَهُمْ مِنَ السَّاعَةِ مُشْفِقُونَ
အကြင်သူ(တော်)တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို မမြင်ကြပါဘဲလျက် ကြောက်ရွံ့ရိုသေကြကုန်၏။ ထို့ပြင် ၎င်းတို့သည် ကိယာမတ်ရှင်ပြန်ထမည့်နေ့ကို ကြောက်ရွံ့စိုးရိမ်သူများလည်း ဖြစ်ကြကုန်သည်။
وَهَٰذَا ذِكْرٌ مُبَارَكٌ أَنْزَلْنَاهُ ۚ أَفَأَنْتُمْ لَهُ مُنْكِرُونَ
စင်စစ် ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည်ကား ကျက်သရေမင်္ဂလာနှင့်ပြည့်စုံသော ဆုံးမစာတစ်စောင် ဖြစ်ပေသည်။ ငါအရှင်မြတ်သည် ယင်း(ဆုံးမစာ)ကို ချပေးသနားတော်မူခဲ့လေသည်။ သို့ပါလျက် အသင်တို့သည် ယင်းဆုံးမစာကို ငြင်းပယ်သူများပင် ဖြစ်ကြလေသလော။
وَلَقَدْ آتَيْنَا إِبْرَاهِيمَ رُشْدَهُ مِنْ قَبْلُ وَكُنَّا بِهِ عَالِمِينَ
၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည်(တမန်တော်)အိဗ်ရာဟီမ်အား ရှေးဦးမဆွကပင် ၎င်း၏ဆင်ခြင်တုံတရားကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ စင်စစ် ငါအရှင်မြတ်သည် ထိုအိဗ်ရာဟီမ်အား ကောင်းစွာသိတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသည်။

Choose other languages: