Quran Apps in many lanuages:

Surah Al-Anbiya Ayahs #53 Translated in Burmese

الَّذِينَ يَخْشَوْنَ رَبَّهُمْ بِالْغَيْبِ وَهُمْ مِنَ السَّاعَةِ مُشْفِقُونَ
အကြင်သူ(တော်)တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို မမြင်ကြပါဘဲလျက် ကြောက်ရွံ့ရိုသေကြကုန်၏။ ထို့ပြင် ၎င်းတို့သည် ကိယာမတ်ရှင်ပြန်ထမည့်နေ့ကို ကြောက်ရွံ့စိုးရိမ်သူများလည်း ဖြစ်ကြကုန်သည်။
وَهَٰذَا ذِكْرٌ مُبَارَكٌ أَنْزَلْنَاهُ ۚ أَفَأَنْتُمْ لَهُ مُنْكِرُونَ
စင်စစ် ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည်ကား ကျက်သရေမင်္ဂလာနှင့်ပြည့်စုံသော ဆုံးမစာတစ်စောင် ဖြစ်ပေသည်။ ငါအရှင်မြတ်သည် ယင်း(ဆုံးမစာ)ကို ချပေးသနားတော်မူခဲ့လေသည်။ သို့ပါလျက် အသင်တို့သည် ယင်းဆုံးမစာကို ငြင်းပယ်သူများပင် ဖြစ်ကြလေသလော။
وَلَقَدْ آتَيْنَا إِبْرَاهِيمَ رُشْدَهُ مِنْ قَبْلُ وَكُنَّا بِهِ عَالِمِينَ
၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည်(တမန်တော်)အိဗ်ရာဟီမ်အား ရှေးဦးမဆွကပင် ၎င်း၏ဆင်ခြင်တုံတရားကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ စင်စစ် ငါအရှင်မြတ်သည် ထိုအိဗ်ရာဟီမ်အား ကောင်းစွာသိတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသည်။
إِذْ قَالَ لِأَبِيهِ وَقَوْمِهِ مَا هَٰذِهِ التَّمَاثِيلُ الَّتِي أَنْتُمْ لَهَا عَاكِفُونَ
အကြင်အခါဝယ် ထိုအိဗ်ရာဟီမ်သည် မိမိဖခင်အားလည်းကောင်း၊ မိမိအမျိုးသားတို့အားလည်းကောင်း၊ (အချင်းတို့၊)အသင်တို့ စွဲလမ်းကိုးကွယ်လျှက်ရှိကြကုန်သော ဤရုပ်တုများကား အဘယ်သို့သောအရာများနည်းဟု ပြောဆို(မေးမြန်း)ခဲ့လေသည်။
قَالُوا وَجَدْنَا آبَاءَنَا لَهَا عَابِدِينَ
ထိုအမျိုးသားတို့က ကျွန်ုပ်တို့သည် မိမိတို့၏အဘ၊ဘိုးဘေးတို့အား ဤရုပ်တုများကိုကိုးကွယ်သူများအဖြစ် တွေ့ရှိခဲ့ကြသည်ဟု ပြောဆို(ဖြေကြား) ခဲ့ကြလေသည်။

Choose other languages: